ေတာင္ႀကီး၌ မူလတန္းကေလးမ်ားအတြက္ အခမဲ့သင္တန္းမ်ားဖြင့္

ေတာင္ႀကီး၌ မူလတန္းကေလးမ်ားအတြက္ အခမဲ့သင္တန္းမ်ားဖြင့္
မတ် 8, 2016
By Tachileik News Agency

ေတာင္ႀကီး၊ မတ္လ (၈) ရက္ ။   ။ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ စိန္ပန္းရပ္ကြက္ရွိ အ.မ.က(၁၉) အေျခခံမူလတန္းေက်ာင္းတြင္ ေႏြရာသီ ကြန္ပ်ဴတာသင္တန္းႏွင့္ အဂၤလိပ္စကားေျပာသင္တန္းကို ေအးျမဂရုဏာ ပရဟိတအသင္းက ပထမဆံုးအႀကိမ္ အခမဲ့ ပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒါကပထမဆုံးအႀကိမ္ပါ။ အသက္(၉)ႏွစ္ကေနၿပီး အသက္(၁၅)ႏွစ္အထိ လက္ခံမွာျဖစ္တယ္။ ဒီေန႔က သင္တန္းသား လက္ခံတာပါ။ သင္တန္းကာလက မတ္လ(၉)ရက္ေန႔ကေန ေမလ(၂၅)ရက္ေန႔အထိ ၾကာျမင့္မယ္။"ဟု ေအးျမဂရုဏာ အသင္းဥကၠဌ ဦးဝင္းႏိုင္စိုးက ေျပာသည္။

အဆိုပါ သင္တန္းမွာ ကိုယ္ပိုင္သင္တန္းေက်ာင္းမ်ားတြင္ အခေၾကးေငြေပးၿပီး မတက္ေရာက္ႏိုင္ေသာ ေက်ာင္းသူ/သားမ်ားအတြက္ အေထာက္အကူျဖစ္ေစရန္ ရည္ရြယ္၍ ဖြင့္လွစ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီလိုသင္တန္းေတြဖြင့္ေပးေတာ့ ကြ်န္မတို႔အေနနဲ႔ အလြန္ဝမ္းသာမိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္မတို႔ ရပ္ကြက္က ဆင္ေျဖဖုံး ရပ္ကြက္ေလး တစ္ခုေလ။ ဒီသင္တန္းေတြကို အျပင္မွာထားေပးဖို႔ဆိုတာ အစ္မတို႔ အေနနဲ႔က အခက္အခဲေတြရွိတယ္။ တျခားမိဘေတြလည္း ဝမ္းသာၾကမွာပါ"ဟု ေက်ာင္းသားမိဘ တစ္ဦးျဖစ္သူ ေဒၚေက်ာ့ေမလွိဳင္က ေျပာသည္။

အဆိုပါသင္တန္း၌ လာမည့္ႏွစ္မ်ားတြင္လည္း ဆက္လက္သင္ၾကားေပးရန္အျပင္ တကၠသိုလ္ဝင္တန္း မ်ားအတြက္ အခမဲ့ က်ဴရွင္ဖြင့္လွစ္ေပးရန္ကိုပါ စီစဥ္ေနေၾကာင္း သိရသည္။

သတင္း။  ။ မင္းမင္း(ေတာင္ႀကီး)
( သင္တန္းအတြက္ အမည္စာရင္းေပးေနစဥ္ )
( Unicode )
တောင်ကြီး၊ မတ်လ (၈) ရက်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်ရှိ အ.မ.က(၁၉) အခြေခံမူလတန်းကျောင်းတွင် နွေရာသီ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်းကို အေးမြဂရုဏာ ပရဟိတအသင်းက ပထမဆုံးအကြိမ် အခမဲ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒါကပထမဆုံးအကြိမ်ပါ။ အသက်(၉)နှစ်ကနပြေီး အသက်(၁၅)နှစ်အထိ လက်ခံမှာဖြစ်တယ်။ ဒီနေ့က သင်တန်းသား လက်ခံတာပါ။ သင်တန်းကာလက မတ်လ(၉)ရက်နေ့ကနေ မေလ(၂၅)ရက်နေ့အထိ ကြာမြင့်မယ်။"ဟု အေးမြဂရုဏာ အသင်းဥက္ကဌ ဦးဝင်းနိုင်စိုးက ပြောသည်။
အဆိုပါ သင်တန်းမှာ ကိုယ်ပိုင်သင်တန်းကျောင်းများတွင် အခကြေးငွေပေးပြီး မတက်ရောက်နိုင်သော ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
"ဒီလိုသင်တန်းတွေဖွင့်ပေးတော့ ကျွန်မတို့အနေနဲ့ အလွန်ဝမ်းသာမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ရပ်ကွက်က ဆင်ဖြေဖုံး ရပ်ကွက်လေး တစ်ခုလေ။ ဒီသင်တန်းတွေကို အပြင်မှာထားပေးဖို့ဆိုတာ အစ်မတို့ အနေနဲ့က အခက်အခဲတွေရှိတယ်။ တခြားမိဘတွေလည်း ဝမ်းသာကြမှာပါ"ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ကျော့မေလှိုင်က ပြောသည်။
အဆိုပါသင်တန်း၌ လာမည့်နှစ်များတွင်လည်း ဆက်လက်သင်ကြားပေးရန်အပြင် တက္ကသိုလ်ဝင်တန်း များအတွက် အခမဲ့ ကျူရှင်ဖွင့်လှစ်ပေးရန်ကိုပါ စီစဉ်နေကြောင်း သိရသည်။
သတင်း။ မင်းမင်း(တောင်ကြီး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~