ဘာသာစကား အခက္အခဲရိွေသာ္လည္း တာခ်ီလိတ္ခရိုင္အတြင္း ျမစိမ္းေရာင္စီမံကိန္း ရာႏႈန္းျပည့္ေအာင္ျမင္

ဘာသာစကား အခက္အခဲရိွေသာ္လည္း တာခ်ီလိတ္ခရိုင္အတြင္း ျမစိမ္းေရာင္စီမံကိန္း ရာႏႈန္းျပည့္ေအာင္ျမင္
မတ် 21, 2016
By Tachileik News Agency
တာခ်ီလိတ္ခရိုင္ ေက်းလက္ရံုး၊ ဓာတ္ပံု။  ။ ေ၀ယံလင္း

တာခ်ီလိတ္၊ မတ္လ (၂၁) ရက္ ။  ။ ၂၀၁၅ -၂၀၁၆ ဘ႑ာေရးႏွစ္၏ ျမစိမ္းေရာင္ စီမံကိန္း ေဖာ္ေဆာင္မႈတြင္ ေဒသခံမ်ားႏွင့္ ဘာသာစကား ေျပာဆိုမႈ အခက္အခဲ၊ စာရင္းအင္း ကိုင္တြယ္မႈတြင္ အခက္အခဲမ်ား ေပၚေပါက္ခဲ့ေသာ္လည္း စီမံခ်က္အား ရာႏွဳန္းျပည့္ ေအာင္ျမင္ရန္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္း တာခ်ီလိတ္ခရုိင္ ေက်းလက္ေဒသဖံြ႕ၿဖဳိးတုိးတက္ေရး ဦးစီးဌာနမွ သိရသည္။

"စီမံကိန္းရဲ႕ ရည္ရြယ္ခ်က္ျဖစ္တဲ့ ေဒသခံေတြကို စာရင္းဇယားေတြ ကိုင္တြယ္တတ္ေအာင္နဲ႔ ဌာနဆိုင္ရာရံုးေတြကို ၀င္/ထြက္တတ္ေအာင္ ပ့ံပိုးေပးရတယ္။ အခုဆိုရင္ အရင္းမေပ်ာက္တဲ့အျပင္ အတိုးႏွဳန္းလည္း ျပန္ရတဲ့အတြက္ ကၽြန္ေတာ္တို႔ ရာႏွဳန္းျပည့္မီေအာင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္လို႔ ေျပာလို႔ရတယ္။ ေနာက္ႏွစ္အတြက္လည္း ေခ်းေငြမရရွိေသးတဲ့ ေက်းရြာေတြ ထပ္ရေအာင္ စီစဥ္ထားပါတယ္"ဟု တာခ်ီလိတ္ခရုိင္ေက်းလက္ေဒသဖံြ႕ၿဖဳိးတုိးတက္ေရးဦးစီးဌာနမွ ခရုိင္ဦးစီးမွဴး ဦးေအာင္ထြန္းက ေျပာသည္။

ေမြးျမဴေရး၊ ေရလုပ္ငန္းႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္အတြင္း ေက်းရြာေပါင္း (၇၂)ရြာအား က်ပ္သန္းေပါင္း (၁၇၄၀)သန္းခ်ေပးခဲ့ရာ ၂၀၁၆ ခုႏွစ္အကုန္တြင္ အရင္းမေပ်ာက္ အတိုးႏွဳန္း(၁၅၅.၇၈၀)သန္း ရရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ဆက္လက္၍ လာမည့္ ဘ႑ာႏွစ္တြင္ ေက်းရြာေပါင္း(၂၂) ရြာအား ျမစိမ္းေရာင္စီမံကိန္းေခ်းေငြမ်ား ဆက္လက္ရရွိရန္ ေတာင္းခံထားရွိေၾကာင္း ၎ထံမွ သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း ျမစိမ္းေရာင္စီမံကိန္းေဖာ္ေဆာင္လွ်က္ရွိသည့္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ(၂၉)ရြာမွ အတိုးေငြ က်ပ္သန္းေပါင္း (၅၄.၂၇၃)သန္း၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာေပါင္း(၂၀)မွ ေပးသြင္းၿပီး အတိုးေငြ က်ပ္သန္းေပါင္း(၆၁.၅၃၆၇)သန္းႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ(၂၃)ရြာမွ က်ပ္သန္းေပါင္း(၃၉.၉၇၀)သန္းတို႔အတြက္ အတိုးေငြ ျပန္လည္ေပးသြင္းၿပီးျဖစ္ေၾကာင္းႏွင့္ ၎ေငြေၾကးမ်ားအား ေက်းရြာမ်ားရွိ လိုအပ္ေသာ အေျခခံအေဆာက္အဦႏွင့္ လမ္းတံတားမ်ား အေကာင္အထည္ေဖာ္ တည္ေဆာက္ရာတြင္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရုိင္ေက်းလက္ေဒသဖံြ႕ၿဖဳိးတုိးတက္ေရးဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ကိုဇက္

***********

( unicode )

တာချီလိတ်၊ မတ်လ (၂၁) ရက်။ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်၏ မြစိမ်းရောင် စီမံကိန်း ဖော်ဆောင်မှုတွင် ဒေသခံများနှင့် ဘာသာစကား ပြောဆိုမှု အခက်အခဲ၊ စာရင်းအင်း ကိုင်တွယ်မှုတွင် အခက်အခဲများ ပေါ်ပေါက်ခဲ့သော်လည်း စီမံချက်အား ရာနှုန်းပြည့် အောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

"စီမံကိန်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဒေသခံတွေကို စာရင်းဇယားတွေ ကိုင်တွယ်တတ်အောင်နဲ့ ဌာနဆိုင်ရာရုံးတွေကို ဝင်/ထွက်တတ်အောင် ပံ့ပိုးပေးရတယ်။ အခုဆိုရင် အရင်းမပျောက်တဲ့အပြင် အတိုးနှုန်းလည်း ပြန်ရတဲ့အတွက် ကျွန်တော်တို့ ရာနှုန်းပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ ပြောလို့ရတယ်။ နောက်နှစ်အတွက်လည်း ချေးငွေမရရှိသေးတဲ့ ကျေးရွာတွေ ထပ်ရအောင် စီစဉ်ထားပါတယ်"ဟု တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွန်းက ပြောသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်အတွင်း ကျေးရွာပေါင်း (၇၂)ရွာအား ကျပ်သန်းပေါင်း (၁၇၄၀)သန်းချပေးခဲ့ရာ ၂၀၁၆ ခုနှစ်အကုန်တွင် အရင်းမပျောက် အတိုးနှုန်း(၁၅၅.၇၈၀)သန်း ရရှိခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍ လာမည့် ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း(၂၂) ရွာအား မြစိမ်းရောင်စီမံကိန်းချေးငွေများ ဆက်လက်ရရှိရန် တောင်းခံထားရှိကြောင်း၎င်းထံမှ သိရသည်။

တာချီလိတ်ခရိုင်အတွင်း မြစိမ်းရောင်စီမံကိန်းဖော်ဆောင်လျှက်ရှိသည့် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၂၉)ရွာမှ အတိုးငွေ ကျပ်သန်းပေါင်း (၅၄.၂၇၃)သန်း၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)မှ ပေးသွင်းပြီး အတိုးငွေ ကျပ်သန်းပေါင်း(၆၁.၅၃၆၇)သန်းနှင့် မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၂၃)ရွာမှ ကျပ်သန်းပေါင်း(၃၉.၉၇၀)သန်းတို့အတွက် အတိုးငွေ ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်းနှင့်၎င်းငွေကြေးများအား ကျေးရွာများရှိ လိုအပ်သော အခြေခံအဆောက်အဦနှင့် လမ်းတံတားများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~