ဘိန်းခင်းများဖျက်ရင်း တိုက်ခိုက်ခံရသည့် Pat Jasanအဖွဲ့နှင့် ဒေသခံများအား ရဲတပ်ဖွဲ့စစ်ဆေးနေ
ဘိန်းခင်းများဖျက်ရင်း တိုက်ခိုက်ခံရသည့် Pat Jasanအဖွဲ့နှင့် ဒေသခံများအား ရဲတပ်ဖွဲ့စစ်ဆေးနေ
မတျ 4, 2016
By Tachileik News Agency
Photo: Kachinland News 
ကချင်၊ မတ်လ(၄) ။   ။ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးသည့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)အား ရွာသားများကတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်လုံးမှပါဝင်သူများအား ကချင်ပြည်နယ် ရဲတပ်ဖွဲ့က မတ်လ(၂)ရက်နေ့မှစ၍ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် လူထုအခြေပြုအဖွဲ့ တစ်ခုဖြစ်သည့် Pat Jasan အဖွဲ့က ၀ိုင်းမော်မြို့နယ်၊ ကန်ပိုက်တီးဒေသဘက်တွင် ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာတွင် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(၆)ဦး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်(၈၅)ဦး လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့သော်လည်း ဘိန်းခင်းပိုင်ရှင်များဘက်မှ တိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်သည်။
သတင်း ။  ။ ကိုဇက်
****************
ကချင်၊ မတ်လ(၄)။ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးသည့် လူထုအခြပြေု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)အား ရွာသားများကတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်လုံးမှပါဝင်သူများအား ကချင်ပြည်နယ် ရဲတပ်ဖွဲ့က မတ်လ(၂)ရက်နေ့မှစ၍ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
"ကျွန်တော်တို့အဖွဲ့အပြင် ဟိုဘက်ကအဖွဲ့တွေကိုပါ ခေါ်ယူစစ်ဆေးတာပါ။ အဓိက ကတော့ အပြန်အလှန် တိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေအတွက်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်တယ်လို့ သိရတယ် ခင်ဗျ"ဟု လူထုအခြပြေု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)မှ ကိုဆန်းလီက ပြောသည်။
မူးယစ်တိုက်ဖျက်ရေးအဖွဲ့သည် ကန်ပိုက်တီးဒေသဘက်မှ ဘိန်းခင်းများအား ဖျက်ဆီးရန်သွားစဉ် ဘိန်းခင်းပိုင်ရှင်များက သေနတ်၊ ဗုံးများဖြင့် တိုက်ခိုက်သောကြောင့် Pat Jasan အဖွဲ့ဝင် (၂၉) ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် လူထုအခြပြေုအဖွဲ့ တစ်ခုဖြစ်သည့် Pat Jasan အဖွဲ့က ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီးဒေသဘက်တွင် ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာတွင် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(၆)ဦး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်(၈၅)ဦး လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့သော်လည်း ဘိန်းခင်းပိုင်ရှင်များဘက်မှ တိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်သည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~