ဖုန္းျဖင့္အင္တာနက္ အသံုးျပဳမႈ မ်ားလာသျဖင့္ က်ိဳင္းတံု၌ သတင္းစာ၊ ဂ်ာနယ္မ်ား ေရာင္းအားက်

ဖုန္းျဖင့္အင္တာနက္ အသံုးျပဳမႈ မ်ားလာသျဖင့္ က်ိဳင္းတံု၌ သတင္းစာ၊ ဂ်ာနယ္မ်ား ေရာင္းအားက်
မတ် 27, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၂၇) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ဖုန္းျဖင့္အင္တာနက္ အသံုးျပဳမႈမ်ားလာျခင္းေၾကာင့္ သတင္းစာ ဝယ္ယူဖတ္႐ႈသူနည္းလာေၾကာင္း သတင္းစာ၊ ဂ်ာနယ္အေရာင္းဆိုင္မ်ားမွ သိရသည္။

" သတင္းစာ၊ ဂ်ာနယ္ေတြကို ရန္ကုန္ကေန လက္ငင္းေငြေခ်ေပးၿပီး မွာယူပါတယ္။ ဆိုင္မွာ ပံုမွန္လာဝယ္တာ ဘယ္ႏွစ္ေယာက္ရိွမလဲလို႔ ခ်ိန္ဆၿပီး အကန္႔အသတ္နဲ႔ ဝယ္ယူရတာပါ။ လေပးနဲ႔ မွာယူဖတ္႐ႈတဲ့သူေတြကိုပဲ ဆိုင္ရပ္တည္ႏိုင္ဖို႔ အားကိုးေနရတယ္" ဟု ျမနႏၵာစာေပ သတင္းစာ၊ ဂ်ာနယ္ အေရာင္းဆိုင္မွ ဦးဝင္းေမာ္သန္းက ေျပာသည္။

က်ိဳင္းတံုေဒသရိွ သတင္းစာ၊ ဂ်ာနယ္အေရာင္းဆိုင္မ်ားတြင္ အားကစားဂ်ာနယ္၊ ႏိုင္ငံေရးဆိုင္ရာ သတင္းစာ၊ ဂ်ာနယ္မ်ားကို ဝယ္ယူသူမ်ားၿပီး ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ အသက္(၃၀)ေက်ာ္ႏွင့္ (၅၀)ဝန္းက်င္ သက္ႀကီးပိုင္းမ်ားသာ ဝယ္ယူဖတ္႐ႈၾကေၾကာင္း ၎ထံမွ သိရသည္။

"လက္ကိုင္ဖုန္းနဲ႔ အင္တာနက္သံုးၿပီး သိခ်င္တဲ့သတင္း ရွာဖတ္လို႔ရေနေတာ့ သတင္းစာခ အကုန္ခံၿပီး ဝယ္ဖတ္မေနေတာ့ပါဘူး "ဟု ေဒသခံတစ္ဦးျဖစ္သူ ဦးအုန္းေမာင္က ဆိုသည္။

က်ဳိင္းတံုၿမိဳ႕တြင္ ၂၀၁၅ ခုနွစ္အထိ သတင္းစာ၊ ဂ်ာနယ္အေရာင္းဆိုင္သံုးဆိုင္ရိွေသာ္လည္း ၂၀၁၆ ခုႏွစ္တြင္ ႏွစ္ဆိုင္သာ က်န္ေတာ့ၿပီး အဆိုပါ ဆိုင္မ်ားမွာလည္း ဆက္လက္ရပ္တည္ရန္ ႀကိဳးစားေနရေၾကာင္း သိရသည္။

"ကြၽန္မဒီဆိုင္ကို ရပ္တည္လည္ပတ္ႏိုင္ေအာင္ အကန္႔အသတ္နဲ႔မွာယူၿပီး၊ အ႐ံႈးမေပၚေအာင္ မနည္းရပ္တည္ေနရပါတယ္။" ဟု ဝမ္ခ်ဳိင္းစာေပမွ နန္းေမြငင္းက ဆိုသည္။

ရန္ကုန္မွ ေလယာဥ္ျဖင့္ သယ္ယူရသည့္ စရိတ္ေၾကာင့္ သတင္းစာ၊ ဂ်ာနယ္မ်ားကို က်ပ္(၁၀၀၀) ဝန္းက်င္ျဖင့္ ေရာင္းခ်ေနရၿပီး ႏိုင္ငံေတာ္ပိုင္ သတင္းစာမ်ားမွာမူ က်ိဳင္းတံုၿမိဳ႕ရိွ ကိုယ္ပြားသတင္းစာတိုက္တြင္ ဝယ္ယူရသျဖင့္ တစ္ေစာင္(၂၀၀) က်ပ္ျဖင့္ ေရာင္းခ်ႏုိင္ျခင္းျဖစ္ေၾကာင္း သတင္းစာအေရာင္းဆိုင္မ်ားထံမွ သိရသည္။

သတင္း။  ။ ဇင္ေအာင္
***********

( unicode )

ကျိုင်းတုံ၊ မတ်လ (၂၇) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဖုန်းဖြင့်အင်တာနက် အသုံးပြုမှုများလာခြင်းကြောင့် သတင်းစာ ဝယ်ယူဖတ်ရှုသူနည်းလာကြောင်း သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်များမှ သိရသည်။

" သတင်းစာ၊ ဂျာနယ်တွေကို ရန်ကုန်ကနေ လက်ငင်းငွေချေပေးပြီး မှာယူပါတယ်။ ဆိုင်မှာ ပုံမှန်လာဝယ်တာ ဘယ်နှစ်ယောက်ရှိမလဲလို့ ချိန်ဆပြီး အကန့်အသတ်နဲ့ ဝယ်ယူရတာပါ။ လပေးနဲ့ မှာယူဖတ်ရှုတဲ့သူတွေကိုပဲ ဆိုင်ရပ်တည်နိုင်ဖို့ အားကိုးနေရတယ်" ဟု မြနန္ဒါစာပေ သတင်းစာ၊ ဂျာနယ် အရောင်းဆိုင်မှ ဦးဝင်းမော်သန်းက ပြောသည်။

ကျိုင်းတုံဒေသရှိ သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်များတွင် အားကစားဂျာနယ်၊ နိုင်ငံရေးဆိုင်ရာ သတင်းစာ၊ ဂျာနယ်များကို ဝယ်ယူသူများပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၃၀)ကျော်နှင့် (၅၀)ဝန်းကျင် သက်ကြီးပိုင်းများသာ ဝယ်ယူဖတ်ရှုကြကြောင်း၎င်းထံမှ သိရသည်။

"လက်ကိုင်ဖုန်းနဲ့ အင်တာနက်သုံးပြီး သိချင်တဲ့သတင်း ရှာဖတ်လို့ရနေတော့ သတင်းစာခ အကုန်ခံပြီး ဝယ်ဖတ်မနေတော့ပါဘူး "ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးအုန်းမောင်က ဆိုသည်။

ကျိုင်းတုံမြို့တွင် ၂၀၁၅ ခုနှစ်အထိ သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်သုံးဆိုင်ရှိသော်လည်း ၂၀၁၆ ခုနှစ်တွင် နှစ်ဆိုင်သာ ကျန်တော့ပြီး အဆိုပါ ဆိုင်များမှာလည်း ဆက်လက်ရပ်တည်ရန် ကြိုးစားနေရကြောင်း သိရသည်။

"ကျွန်မဒီဆိုင်ကို ရပ်တည်လည်ပတ်နိုင်အောင် အကန့်အသတ်နဲ့မှာယူပြီး၊ အရှုံးမပေါ်အောင် မနည်းရပ်တည်နေရပါတယ်။" ဟု ဝမ်ချိုင်းစာပေမှ နန်းမွေငင်းက ဆိုသည်။

ရန်ကုန်မှ လေယာဉ်ဖြင့် သယ်ယူရသည့် စရိတ်ကြောင့် သတင်းစာ၊ ဂျာနယ်များကို ကျပ်(၁၀၀၀) ဝန်းကျင်ဖြင့် ရောင်းချနေရပြီး နိုင်ငံတော်ပိုင် သတင်းစာများမှာမူ ကျိုင်းတုံမြို့ရှိ ကိုယ်ပွားသတင်းစာတိုက်တွင် ဝယ်ယူရသဖြင့် တစ်စောင်(၂၀၀) ကျပ်ဖြင့် ရောင်းချနိုင်ခြင်းဖြစ်ကြောင်း သတင်းစာအရောင်းဆိုင်များထံမှ သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~