တာချီလိတ်ခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၀၀၀)ကျော်အတွက် NLD ၏ မျှဝေခြင်း အစီအစဉ် စတင်
တာချီလိတ်ခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၀၀၀)ကျော်အတွက် NLD ၏ မျှဝေခြင်း အစီအစဉ် စတင်
မတျ 13, 2016
By Tachileik News Agency
တာချီလိတ်၊ မတ်လ (၁၃) ရက် ။   ။ တာချီလိတ်ခရိုင်အတွင်း ကျောင်းသားကျောင်းသူ(၃၀၀၀)ကျော် အတွက် လိုအပ်သော ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက "မျှဝေခြင်း"အစီအစဉ်ဖြင့် မတ်လ ဒုတိယပတ်အတွင်း အလှူခံလျှက်ရှိကြောင်း သိရသည်။
ပြည်သူအချင်းချင်း ပိုလျှံနေသူများမှ လိုအပ်နေသူများအား မျှဝေကူညီခြင်းဖြင့် လိုအပ်နေမှုများ နည်းပါး သွားကာ ပြည်သူများအကြား နွေးထွေးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ အဆိုပါအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ။ ကိုဇက်
ဓာတ်ပုံ။ ။ Tachileik NLD
****************
တာချီလိတ်၊ မတ်လ (၁၃) ရက်။ တာချီလိတ်ခရိုင်အတွင်း ကျောင်းသားကျောင်းသူ(၃၀၀၀)ကျော် အတွက် လိုအပ်သော ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက "မျှဝခြေင်း"အစီအစဉ်ဖြင့် မတ်လ ဒုတိယပတ်အတွင်း အလှူခံလျှက်ရှိကြောင်း သိရသည်။
"ဈေးတွေမှာတော့ လိုက်ပြီး အလှူခံပေးနေတယ်။ ဒီအစီအစဉ်ကို ဧပြီလအထိလုပ်သွားမှာပါ။ ကျောင်း (၁၀၄) ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံတွေက အစ ပေါ့ ကြိုက်တာလာလှူလို့ရတယ်"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
ပြည်သူအချင်းချင်း ပိုလျှံနေသူများမှ လိုအပ်နေသူများအား မျှေဝကူညီခြင်းဖြင့် လိုအပ်နေမှုများ နည်းပါး သွားကာ ပြည်သူများအကြား နွေးထွေးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ အဆိုပါအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
"အလှူရှင်အနေနဲ့ ကြိုက်တာ လှူလို့ရတယ်။ ကျောင်းသုံးပစ္စည်းဆိုရင် အင်္ကျိီဟောင်း၊ ပုဆိုးဟောင်းလည်း ရတယ်။ စာအုပ်ဟောင်းတွေလည်းရတယ်။ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိဆိုတော့ ကြိုက်တာလှူလို့ရတယ်"ဟု မျှဝခြေင်း အစီအစဉ်တွင် လုပ်ကိုင်နေသည့် NLD ပါတီဝင် ကိုမောင်ထွေးက ပြောသည်။
အလှူခံရရှိသော ကျောင်းသုံးပစ္စည်းများနှင့် စာအုပ်၊ ခဲတံ၊ ဘောပင်တို့အား ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တာချီလိတ်ခရိုင်အတွင်းရှိ ကျောင်းပေါင်း(၁၀၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၀၀၀)ကျော်အား ပြန်လည်ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~