ေဒသတြင္း ကုန္သြယ္မႈျမင့္တက္ရန္ တရားဝင္ ကုန္သြယ္မႈျပဳသည့္ လုပ္ငန္းမ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ရန္လို

ေဒသတြင္း ကုန္သြယ္မႈျမင့္တက္ရန္ တရားဝင္ ကုန္သြယ္မႈျပဳသည့္ လုပ္ငန္းမ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ရန္လို
မတ် 16, 2016
By Tachileik News Agency


တာခ်ီလိတ္၊ မတ္လ ( ၁၆ ) ရက္ ။  ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း ေဒသတြင္ ကုန္သြယ္မႈျမင့္တက္ရန္ ေဒသတြင္း စီးပြားေရးလုပ္ငန္းရွင္မ်ား အေနျဖင့္ ႏိုင္ငံျခားမွ တရား၀င္ကုန္သြယ္မႈျပဳလုပ္သည့္ ကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ရန္ လိုအပ္သည္ဟု တာခ်ီလိတ္ၿမိဳ႕ နယ္စပ္ကုန္သြယ္စခန္းမွ အႀကံျပဳတိုက္တြန္းလိုက္သည္။

"ကုန္သြယ္မႈ ျမင့္တက္ဖို႔ဆိုရင္ လုပ္ငန္းရွင္ေတြက ႏိုင္ငံျခားပစၥည္းေတြကို တရား၀င္ Import လုပ္တဲ့ ကုမၸဏီေတြနဲ႔ ခ်ိတ္ဆက္ရမယ္။ ျပည္တြင္းက Export လုပ္မယ္ဆိုလည္း တကယ္၀ယ္တဲ့ ကုမၸဏီေတြနဲ႔ စာခ်ဳပ္ ခ်ဳပ္ၿပီး အလုပ္ လုပ္သင့္တယ္"ဟု တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးေအာင္သူရက အႀကံျပဳေျပာၾကားသည္။

ေဒသတြင္း စိုက္ပ်ိဳးထုတ္လုပ္သူႏွင့္ လုပ္ငန္းရွင္မ်ားသည္ နယ္စပ္ေဒသမွ တဆင့္ခံ လုပ္ငန္းရွင္မ်ားႏွင့္သာ စီးပြားေရး ဆက္သြယ္လုပ္ကိုင္ေနရာ ေဒသတြင္း လုပ္ငန္းရွင္မ်ား အေနျဖင့္ ရရွိသင့္သည့္ အက်ိဳးအျမတ္အား မရရွိေၾကာင္း ၎က ဆိုသည္။

"ေဒသတြင္း ကုန္သြယ္မႈ ျမင့္တက္ခ်င္တယ္ဆိုရင္ အစိုးရအေနနဲ႔ လုပ္ငန္းရွင္ေတြ တရား၀င္ ကုန္သြယ္မႈ လမ္းေၾကာင္းေပၚ တက္လာေစမယ့္ စီးပြားေရးေပၚလစီ(မူဝါဒ)ကို ေရးဆြဲသင့္တယ္။ အခုက လမ္းေၾကာင္းေဟာင္း အတိုင္း ေပးမွသယ္လို႔ရမယ္။ မေပးရင္ ဘာမွလုပ္လို႔မရဘူးဆိုတဲ့ လာဘ္ေပးလာဘ္ယူ စနစ္ႀကီးက ႏွစ္ေပါင္းေျမာက္မ်ားစြာႀကီးစိုးေနေတာ့ ကုန္သြယ္မႈ မတိုးတက္တာပါပဲ"ဟု တာခ်ီလိတ္ၿမိဳ႕ရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သူ ဦးေအာင္မ်ိဳး၀င္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သြယ္ေရးစခန္း၏ စာရင္းမ်ားအရ တာခ်ီလိတ္နယ္စပ္ကုန္သြယ္မႈမွာ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္အတြင္း ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ (၉.၃၉၄)သန္း တင္ပို႔ႏိုင္ခဲ့ၿပီး ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ (၈.၄၄၅)သန္းရွိခဲ့ရာ တင္ပို႔မႈအမ်ားစုမွာ ေဒသတြင္း လယ္ယာႏွင့္ စိုက္ပ်ိဳးသီးႏွံမ်ားသာ ျဖစ္ေၾကာင္း သိရသည္။

သတင္း ။  ။ ကိုဇက္
**************

တာချီလိတ်၊ မတ်လ ( ၁၆ ) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင် ကုန်သွယ်မှုမြင့်တက်ရန် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနဖြေင့် နိုင်ငံခြားမှ တရားဝင်ကုန်သွယ်မှုပြုလုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သည်ဟု တာချီလိတ်မြို့ နယ်စပ်ကုန်သွယ်စခန်းမှ အကြံပြုတိုက်တွန်းလိုက်သည်။

"ကုန်သွယ်မှု မြင့်တက်ဖို့ဆိုရင် လုပ်ငန်းရှင်တွေက နိုင်ငံခြားပစ္စည်းတွေကို တရားဝင် Import လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ရမယ်။ ပြည်တွင်းက Export လုပ်မယ်ဆိုလည်း တကယ်ဝယ်တဲ့ ကုမ္ပဏီတွေနဲ့ စာချုပ် ချုပ်ပြီး အလုပ် လုပ်သင့်တယ်"ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးအောင်သူရက အကြံပြုပြောကြားသည်။

ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သူနှင့် လုပ်ငန်းရှင်များသည် နယ်စပ်ဒေသမှ တဆင့်ခံ လုပ်ငန်းရှင်များနှင့်သာ စီးပွားရေး ဆက်သွယ်လုပ်ကိုင်နေရာ ဒေသတွင်း လုပ်ငန်းရှင်များ အနဖြေင့် ရရှိသင့်သည့် အကျိုးအမြတ်အား မရရှိကြောင်း၎င်းက ဆိုသည်။

"ဒေသတွင်း ကုန်သွယ်မှု မြင့်တက်ချင်တယ်ဆိုရင် အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် တက်လာစေမယ့် စီးပွားရေးပေါ်လစီ(မူဝါဒ)ကို ရေးဆွဲသင့်တယ်။ အခုက လမ်းကြောင်းဟောင်း အတိုင်း ပေးမှသယ်လို့ရမယ်။ မပေးရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့ လာဘ်ပေးလာဘ်ယူ စနစ်ကြီးက နှစ်ပေါင်းမြောက်များစွာကြီးစိုးနေတော့ ကုန်သွယ်မှု မတိုးတက်တာပါပဲ"ဟု တာချီလိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မျိုးဝင်းက ပြောသည်။

တာချီလိတ်မြို့နယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ တာချီလိတ်နယ်စပ်ကုန်သွယ်မှုမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၉.၃၉၄)သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၈.၄၄၅)သန်းရှိခဲ့ရာ တင်ပို့မှုအများစုမှာ ဒေသတွင်း လယ်ယာနှင့် စိုက်ပျိုးသီးနှံများသာ ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~