မန္းေရႊစက္ေတာ္ဘုရား ေဂါပကအဖဲြ႔အား အရပ္သားမ်ားျဖင့္ ျပန္လည္ဖြဲ႔စည္းေတာ႔မည္

မန္းေရႊစက္ေတာ္ဘုရား ေဂါပကအဖဲြ႔အား အရပ္သားမ်ားျဖင့္ ျပန္လည္ဖြဲ႔စည္းေတာ႔မည္
မတ် 24, 2016
By Tachileik News Agency

မေကြး၊ မတ္လ (၂၄) ရက္ ။   ။ မေကြးတိုင္းေဒသႀကီး မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္ေဂါပကအဖဲြ႔အား အုပ္ခ်ဳပ္ေရးပိုင္းမွ မပါဝင္ဘဲ အရပ္သားမ်ားျဖင့္သာ ျပန္လည္ဖဲြ႔စည္းႏိုင္ေတာ႔မည္ျဖစ္ေၾကာင္း ေရႊစက္ေတာ္ဘုရားပဲြေတာ္က်င္းပျခင္း လုပ္ငန္းဆိုင္ရာ ေလ႔လာညိႇႏွိဳင္းေရးေကာ္မတီမွ သိရသည္။

“ဘုရားေဂါပက ဥကၠ႒တာဝန္ယူထားတဲ႔ မင္းဘူးခရိုင္အုပ္ခ်ဳပ္ေရးမွဴးကိုယ္တိုင္က ေဂါပကအဖဲြ႔မွာ တာဝန္ေပးျခင္း မျပဳေတာ့ဖို႔ ေတာင္းဆိုလာပါတယ္။က်န္တဲ႔ ေဂါပကအဖဲြ႔ဝင္ေတြရဲ႕ဆႏၵသေဘာထား ကို ေတာင္းခံေတာ့လည္း အုပ္ခ်ဳပ္ေရးပိုင္းက ပါဝင္ျခင္းမရိွတဲ့ အရပ္သားသက္သက္္နဲ႔ဖဲြ႔စည္းတဲ့ ေဂါပကကို လိုလားၾကတယ္လို႔ ဆႏၵျပဳၾကပါတယ္။ ဒါ႔ေၾကာင့္ အရပ္သားမ်ားနဲ႔သာ ဖဲြ႔စည္းထားတဲ့ ေဂါပကအဖဲြ႔ေပၚေပါက္  လာဖို႔ လႊတ္ေတာ္ကို အစီရင္ခံတင္ျပသြားမွာပါ”ဟု မန္းေရႊစက္ေတာ္ ဘုရားပဲြေတာ္က်င္းပျခင္းလုပ္ငန္းဆိုင္ရာ ေလ့လာညိႇႏိွဳင္းေရး ေကာ္မတီ ဥကၠ႒ ဦးေနမ်ိဳးေက်ာ္က ေျပာသည္။

မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ေဂါပကအဖြဲ႕ႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ား ေပၚထြက္လာၿပီးေနာက္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္၏ တာဝန္ေပးခ်က္အရ မတ္လ(၂၂)ရက္ေန႔က မန္းေရႊစက္ေတာ္ ဘုရားေဂါပကအဖဲြ႔ႏွင့္ ဘုရားပဲြေတာ္က်င္းပျခင္းလုပ္ငန္းဆိုင္ရာ ေလ့လာညိႇႏိွဳင္းေရး ေကာ္မတီတို႔ ေတြ႔ဆံုညႇိႏႈိင္းၾကျခင္းျဖစ္သည္။

လက္ရိွ မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္ ေဂါပကအဖဲြ႔တြင္ အုပ္ခ်ဳပ္ေရးပိုင္းမွ အဓိကေနရာမ်ား၌ ပါဝင္ ေဆာင္ရြက္ေနၿပီး ဘုရားပဲြေတာ္က်င္းပေရးဆိုင္ရာ လုပ္ငန္းအရပ္ရပ္မ်ားတြင္ ပြင္႔လင္းျမင္သာမႈ မရိွဘဲ ဘုရားပဲြေတာ္အမွီျပဳ လုပ္ငန္းရွင္မ်ားႏွင္႔  ဘုရားဖူး ျပည္သူမ်ား စိတ္အေႏွာက္အယွက္မ်ားစြာ ျဖစ္ခဲ႔ၾကရသည္ဟု ေဝဖန္မႈမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

“ဘုရားပဲြေတာ္ တင္ဒါလုပ္ငန္းေတြ ခ်ထားေပးမႈအေပၚမွာ ပြင္႔လင္းျမင္သာမႈမရိွဘူး။ အထူးသျဖင္႔ တည္းခိုေဆာင္ေတြကို အမွန္တကယ္လုပ္ငန္းလုပ္ကိုင္လိုသူေတြကို ခ်ထားေပးျခင္းမရိွတဲ႔အတြက္ တစ္ ဆင္႔ျပန္ဝယ္ၿပီးလုပ္ၾကရလို႔ တည္းခိုခန္းေစ်းႏွဳန္းေတြ ႀကီးျမင္႔ၿပီး လုပ္ငန္းလုပ္ကိုင္သူေတြအေနနဲ႔လည္း နစ္နာရသလို ဘုရားဖူးျပည္သူေတြမွာလည္း ဝန္ထုပ္ဝန္ပိုးျဖစ္ၿပီး စိတ္အေနွာင့္အယွက္ျဖစ္ၾကရတာ ႏွစ္စဥ္ပါပဲ” ဟု တည္းခိုေဆာင္လုပ္ငန္းရွင္ ဦးျမင္႔ဦးကေျပာသည္။

ေရႊစက္ေတာ္ဘုရားေဂါပကအဖဲြ႔တြင္ အုပ္ခ်ဳပ္ေရးပိုင္းမွ အဓိကေနရာမ်ားတြင္ တာဝန္ယူေဆာင္ရြက္ခဲ႔ျခင္းေၾကာင္႔ ဘုရားပဲြေတာ္လုပ္ငန္းအရပ္ရပ္အား အမွန္တကယ္ေဆာင္ရြက္ၾကရသည္႔ အရပ္သား ေဂါပကအဖဲြ႔အေနျဖင္႔ လုပ္ကိုင္စီမံပိုင္ခြင္႔မရရိွၾက၍ လုပ္ငန္းအသီးသီးတြင္ ယိုယြင္းမႈမ်ားစြာရိွခဲ႔ၿပီး ဘုရားပဲြ ေတာ္၏ ပံုရိပ္ကို ထိခိုက္ေစခဲ႔သည္ဟု ဆိုသည္။

“က်န္းမာသန္႔ရွင္းေရးအပိုင္း အားနည္းတဲ႔အတြက္ ဘုရားဖူးျပည္သူေတြနဲ႔ ဘုရားပဲြ အမွီျပဳသူေတြ အားလံုးရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္ၿပီး ေစ်းဆိုင္ခန္းေတြ ေနရာခ်ထားမႈ စနစ္မက်တဲ႔အတြက္ ဘုရား ဖူးျပည္သူေတြ သြားလာေရးမွာ အေနွာက္အယွက္ျဖစ္ေစတယ္။ ေဂါပကအဖဲြ႔ကိုသြားေျပာေတာ႔လည္း ေျပာတာပဲ အဖတ္တင္တယ္ သူတို႔လည္း ဘာၾသဇာမွ မရိွၾကဘူးျဖစ္ေနတယ္”ဟု ေစ်းသည္ ဦးရဲဝင္းက ေျပာသည္။

တိုင္းေဒသႀကီး(သို႔)ျပည္နယ္လႊတ္ေတာ္ဆိုင္ရာဥပေဒပုဒ္မ ၂၃၊၂၀၁၃ခုႏွစ္ မေကြးတိုင္း ေဒသႀကီး လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၆၂(က)အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင္႔ကိုက်င္႔သံုး၍ မေကြးတိုင္း ေဒသႀကီးလႊတ္ေတာ္ မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္ က်င္းပျခင္းလုပ္ငန္း မ်ားဆိုင္ရာ ေလ႔လာညိွႏိွဳင္း ေရးေကာ္မတီ ကို ၂၀၁၆ခုႏွစ္ မတ္လ(၁၁)ရက္ေန႔တြင္ ဖဲြ႔စည္းတာဝန္ ေပး အပ္ခဲ႔ျခင္းျဖစ္သည္။

သတင္း။  ။ ဖီးနစ္
*************

( unicode )

မကွေး၊ မတ်လ (၂၄) ရက်။ မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော်ဘုရားပွဲတော်ဂေါပကအဖွဲ့အား အုပ်ချုပ်ရေးပိုင်းမှ မပါဝင်ဘဲ အရပ်သားများဖြင့်သာ ပြန်လည်ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရားပွဲတော်ကျင်းပခြင်း လုပ်ငန်းဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီမှ သိရသည်။

“ဘုရားဂေါပက ဥက္ကဋ္ဌတာဝန်ယူထားတဲ့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ဂေါပကအဖွဲ့မှာ တာဝန်ပေးခြင်း မပြုတော့ဖို့ တောင်းဆိုလာပါတယ်။ကျန်တဲ့ ဂေါပကအဖွဲ့ဝင်တွေရဲ့ဆန္ဒသဘောထား ကို တောင်းခံတော့လည်း အုပ်ချုပ်ရေးပိုင်းက ပါဝင်ခြင်းမရှိတဲ့ အရပ်သားသက်သက်နဲ့ဖွဲ့စည်းတဲ့ ဂေါပကကို လိုလားကြတယ်လို့ ဆန္ဒပြုကြပါတယ်။ ဒါ့ကြောင့် အရပ်သားများနဲ့သာ ဖွဲ့စည်းထားတဲ့ ဂေါပကအဖွဲ့ပေါ်ပေါက် လာဖို့ လွှတ်တော်ကို အစီရင်ခံတင်ပြသွားမှာပါ”ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပခြင်းလုပ်ငန်းဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးကျော်က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ဂေါပကအဖွဲ့နှင့် ပတ်သက်၍ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် မကွေးတိုင်းဒေသကြီးလွှတ်တော်၏ တာဝန်ပေးချက်အရ မတ်လ(၂၂)ရက်နေ့က မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့နှင့် ဘုရားပွဲတော်ကျင်းပခြင်းလုပ်ငန်းဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီတို့ တွေ့ဆုံညှိနှိုင်းကြခြင်းဖြစ်သည်။

လက်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ဂေါပကအဖွဲ့တွင် အုပ်ချုပ်ရေးပိုင်းမှ အဓိကနေရာများ၌ ပါဝင် ဆောင်ရွက်နပြေီး ဘုရားပွဲတော်ကျင်းပရေးဆိုင်ရာ လုပ်ငန်းအရပ်ရပ်များတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ ဘုရားပွဲတော်အမှီပြု လုပ်ငန်းရှင်များနှင့် ဘုရားဖူး ပြည်သူများ စိတ်အနှောက်အယှက်များစွာ ဖြစ်ခဲ့ကြရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်နခြေင်းဖြစ်သည်။

“ဘုရားပွဲတော် တင်ဒါလုပ်ငန်းတွေ ချထားပေးမှုအပေါ်မှာ ပွင့်လင်းမြင်သာမှုမရှိဘူး။ အထူးသဖြင့် တည်းခိုဆောင်တွေကို အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူတွေကို ချထားပေးခြင်းမရှိတဲ့အတွက် တစ် ဆင့်ပြန်ဝယ်ပြီးလုပ်ကြရလို့ တည်းခိုခန်းဈေးနှုန်းတွေ ကြီးမြင့်ပြီး လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း နစ်နာရသလို ဘုရားဖူးပြည်သူတွေမှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြရတာ နှစ်စဉ်ပါပဲ” ဟု တည်းခိုဆောင်လုပ်ငန်းရှင် ဦးမြင့်ဦးကပြောသည်။

ရွှေစက်တော်ဘုရားဂေါပကအဖွဲ့တွင် အုပ်ချုပ်ရေးပိုင်းမှ အဓိကနေရာများတွင် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ဘုရားပွဲတော်လုပ်ငန်းအရပ်ရပ်အား အမှန်တကယ်ဆောင်ရွက်ကြရသည့် အရပ်သား ဂေါပကအဖွဲ့အနဖြေင့် လုပ်ကိုင်စီမံပိုင်ခွင့်မရရှိကြ၍ လုပ်ငန်းအသီးသီးတွင် ယိုယွင်းမှုများစွာရှိခဲ့ပြီး ဘုရားပွဲ တော်၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်ဟု ဆိုသည်။

“ကျန်းမာသန့်ရှင်းရေးအပိုင်း အားနည်းတဲ့အတွက် ဘုရားဖူးပြည်သူတွေနဲ့ ဘုရားပွဲ အမှီပြုသူတွေ အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဈေးဆိုင်ခန်းတွေ နေရာချထားမှု စနစ်မကျတဲ့အတွက် ဘုရား ဖူးပြည်သူတွေ သွားလာရေးမှာ အနှောက်အယှက်ဖြစ်စေတယ်။ ဂေါပကအဖွဲ့ကိုသွားပြောတော့လည်း ပြောတာပဲ အဖတ်တင်တယ် သူတို့လည်း ဘာသြဇာမှ မရှိကြဘူးဖြစ်နေတယ်”ဟု ဈေးသည် ဦးရဲဝင်းက ပြောသည်။

တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၃၊၂၀၁၃ခုနှစ် မကွေးတိုင်း ဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မကွေးတိုင်း ဒေသကြီးလွှတ်တော် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်း များဆိုင်ရာ လေ့လာညှိနှိုင်း ရေးကော်မတီ ကို ၂၀၁၆ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေး အပ်ခဲ့ခြင်းဖြစ်သည်။

သတင်း။ ဖီးနစ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~