ေျမာက္ဦးေရွးေဟာင္းနယ္ေျမ အတြင္း ေျမတူးေဖာ္သုံးစြဲမႈမ်ားအား ကာကြယ္သြားမည္

ေျမာက္ဦးေရွးေဟာင္းနယ္ေျမ အတြင္း ေျမတူးေဖာ္သုံးစြဲမႈမ်ားအား ကာကြယ္သြားမည္
မတ် 22, 2016
By Tachileik News Agency

ေျမာက္ဦး၊ မတ္လ (၂၂) ရက္ ။   ။ ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္း ေရွးေဟာင္းနယ္ေျမမ်ားတြင္ ေတာင္မ်ားအားၿဖိဳၿပီး ေျမသားတူးယူမႈ မ်ားျပားလာသည့္အတြက္  ေစာင့္ၾကည့္ကာကြယ္မည့္ အစီအစဥ္တစ္ရပ္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ အစီအစဥ္ကုိ ေျမာက္ဦးၿမိဳ႕နယ္ရွိ သမုိင္းသုေတသီပညာရွင္မ်ား အပါအဝင္ ၿမိဳ႕ေပၚရွိ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္သူမ်ားျဖင့္ ဖြဲ႔စည္းထားသည့္ ေျမာက္ဦးေရွးေဟာင္း ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးေကာ္မတီက လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အဆိုပါအသင္း၏ ဥကၠဌျဖစ္သူ ေဒၚေအးခင္သန္းထံမွ သိရသည္။

“ကၽြန္မတုိ႔ ျမင္ေတြ႕ေနရတာေတြက ေက်းရြာေတြကုိ လမ္းေဖာက္တဲ့အခါ ေျမသားေတြကုိ တူးၿပီးဖုိ႔ၿပီး လုပ္ၾကရတယ္။ ဒါေတြအတြက္ ေရွး/သု (ေရွးေဟာင္းသုေတသန) နယ္ေျမအတြင္းမွာရွိတဲ့ ေျမေတြကုိ တူးေဖာ္ၿပီး အသုံးျပဳၾကတယ္။ ကၽြန္မတုိ႔ ဒီကိစၥအေပၚ မၾကာခင္ အစည္းေဝးတစ္ရပ္ျပဳလုပ္ၿပီး ကာကြယ္သြားမယ့္ အစီအစဥ္ျပဳလုပ္သြားၾကမွာပါ”ဟု ေဒၚေအးခင္သန္းက ဆိုသည္။

ေျမာက္ဦးၿမိဳ႕နယ္မွ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း ေျမတူးယူမႈမ်ားကို တားဆီးထားေသာ္လည္း တူးယူမႈမ်ား ဆက္လက္ရိွေနသျဖင့္ ယင္းကဲ့သို႔ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ RiA

****************

( unicode )

မြောက်ဦး၊ မတ်လ (၂၂) ရက်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ရှေးဟောင်းနယ်မြေများတွင် တောင်များအားဖြိုပြီး မြေသားတူးယူမှု များပြားလာသည့်အတွက် စောင့်ကြည့်ကာကွယ်မည့် အစီအစဉ်တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို မြောက်ဦးမြို့နယ်ရှိ သမိုင်းသုတေသီပညာရှင်များ အပါအဝင် မြို့ပေါ်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သူများဖြင့် ဖွဲ့စည်းထားသည့် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်း၏ ဥက္ကဌဖြစ်သူ ဒေါ်အေးခင်သန်းထံမှ သိရသည်။
“ကျွန်မတို့ မြင်တွေ့နေရတာတွေက ကျေးရွာတွေကို လမ်းဖောက်တဲ့အခါ မြေသားတွေကို တူးပြီးဖို့ပြီး လုပ်ကြရတယ်။ ဒါတွေအတွက် ရှေး/သု (ရှေးဟောင်းသုတေသန) နယ်မြေအတွင်းမှာရှိတဲ့ မြေတွေကို တူးဖော်ပြီး အသုံးပြုကြတယ်။ ကျွန်မတို့ ဒီကိစ္စအပေါ် မကြာခင် အစည်းဝေးတစ်ရပ်ပြုလုပ်ပြီး ကာကွယ်သွားမယ့် အစီအစဉ်ပြုလုပ်သွားကြမှာပါ”ဟု ဒေါ်အေးခင်သန်းက ဆိုသည်။
မြောက်ဦးမြို့နယ်မှ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြေတူးယူမှုများကို တားဆီးထားသော်လည်း တူးယူမှုများ ဆက်လက်ရှိနေသဖြင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ RiA
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~