ေတာင္ႀကီးၿမိဳ႕ဆိုင္ကယ္ေစ်းကြက္တြင္ MSX ဆိုင္ကယ္မ်ား လူႀကိဳက္မ်ားလာ

ေတာင္ႀကီးၿမိဳ႕ဆိုင္ကယ္ေစ်းကြက္တြင္ MSX ဆိုင္ကယ္မ်ား လူႀကိဳက္မ်ားလာ
မတ် 26, 2016
By Tachileik News Agency

ေတာင္ႀကီး၊ မတ္လ (၂၆) ရက္ ။   ။ ေတာင္ႀကီးၿမဳိ႕၏ ဆိုင္ကယ္ေစ်းကြက္တြင္ ၂၀၁၅ ခုႏွစ္က အသစ္ဝင္လာသည့္ MSX  ဆိုင္ကယ္မ်ား ၂၀၁၆ ခုႏွစ္တြင္ လူႀကဳိက္မ်ားၿပီး ေရာင္းအား ေကာင္းလာေၾကာင္း သိရသည္။

"ေတာင္ႀကီးၿမိဳ႕ဆိုင္ကယ္ေစ်းကြက္မွာေတာ ့MSX ကေတာ္ေတာ္ေလး ေရာင္းအားေကာင္းေနတယ္။ လူငယ္ေတြအမ်ားစုက  ဆိုင္ကယ္ဆို MSX မွ MSX ျဖစ္ေနၾကတာ။ အဲဒီဆိုင္ကယ္ဒီဇိုင္းက လူငယ္ေတြ ႀကိဳက္တဲ့ ဒီဇိုင္းမ်ဳိးေလ။ ခုေနာက္ပိုင္း လူငယ္ေတြေတာ္ေတာ္မ်ားမ်ား MSX ပဲ ဝယ္စီးေတာ့တယ္"ဟု ေမာ္ေတာ္ဆိုင္ကယ္ တင္သြင္းေရာင္းခ်သူ ဦးေအာင္ထြန္းက ေျပာသည္။

အဆိုပါဆိုင္ကယ္မွာ တရုတ္ႏိုင္ငံထုတ္ႏွင့္ ယိုးဒယားႏိုင္ငံထုတ္ႏွစ္မ်ဳိးဝင္လာသည့္အနက္ ေစ်းႏႈန္း သက္သာသည့္ တရုတ္ MSX ကို အဝယ္မ်ားေၾကာင္းသိရသည္။

"ဒီ MSX က ေျပာရမယ္ဆိုရင္ ယိုးဒယားဘီးနဲ႔ အတူတူယွဥ္စီးလို႔ရတယ္။ Toyo Max MSX က တုန္ခါမႈ အားနည္းတယ္။ ဂီယာအေနထားက အစ အကုန္လုံး ယိုးဒယားနဲ႔ တန္းတူပဲ။ တန္းတူျဖစ္ေအာင္ ထုတ္ထားလို႔လည္း လူႀကိဳက္မ်ားတာ။ ေနာက္ၿပီး ဆိုင္ကယ္ကုိ ကိုယ္လိုခ်င္တဲ့ ဒီဇို္င္းလုပ္လို႔ရတယ္။ ကြ်န္ေတာ္က ဆိုင္ကယ္ စတန္႔ဝါသနာပါလို႔ရယ္။ ဒီဇိုင္းအမ်ဳိးမ်ဳိးထြင္လို႔ရတာရယ္။ အဲဒါေၾကာင့္ဒီ MSXကို စီးတာပါ"ဟု ဆိုင္ကယ္ဝါသနာရွင္ ကိုလင္းလင္းက ေျပာသည္။

တရုတ္ႏိုင္ငံမွထုတ္သည့္ အဆိုပါ ဆိုင္ကယ္အမ်ိဳးအစားမွာ Toyo Max၊ Super Anbo၊ Su Su Bo၊ Kenbo၊ Luojia၊ Wan Jin စသည့္ အမ်ဳိးအစား(၆)မ်ိဳးရိွသည့္အနက္ Toyo Max မွာ လူႀကဳိက္ပိုမ်ားေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ဆိုင္ကယ္ေစ်းကြက္တြင္ Toyo Max၊ Super Anbo၊ Wan Jinသုံးမ်ဳိးမွာ လုိင္စင္ပါၿပီး (၉၂၅၀၀၀) က်ပ္၊ Su Su Bo မွာလိုင္စင္ပါၿပီး (၉၂၀,၀၀၀) က်ပ္၊ Kenbo မွာ လိုင္စင္ပါၿပီး (၉၇၀,၀၀၀) က်ပ္၊ Luojia မွာလိုင္စင္ပါၿပီး (၉၈၀,၀၀၀) က်ပ္ အသီးသီးရွိၿပီး ယိုးဒယားႏိုင္ငံထုတ္မွာ လိုင္စင္ပါၿပီး က်ပ္ (၁၅)သိန္းမွ က်ပ္သိန္း(၂၀) ၾကားရွိသည္ဟု သိရသည္။

သတင္း။  ။ မင္းမင္း
************

( unicode )

တောင်ကြီး၊ မတ်လ (၂၆) ရက်။ တောင်ကြီးမြို့၏ ဆိုင်ကယ်ဈေးကွက်တွင် ၂၀၁၅ ခုနှစ်က အသစ်ဝင်လာသည့် MSX ဆိုင်ကယ်များ ၂၀၁၆ ခုနှစ်တွင် လူကြိုက်များပြီး ရောင်းအား ကောင်းလာကြောင်း သိရသည်။

"တောင်ကြီးမြို့ဆိုင်ကယ်ဈေးကွက်မှာတော့MSX ကတော်တော်လေး ရောင်းအားကောင်းနေတယ်။ လူငယ်တွေအများစုက ဆိုင်ကယ်ဆို MSX မှ MSX ဖြစ်နကြေတာ။ အဲဒီဆိုင်ကယ်ဒီဇိုင်းက လူငယ်တွေ ကြိုက်တဲ့ ဒီဇိုင်းမျိုးလေ။ ခုနောက်ပိုင်း လူငယ်တွေတော်တော်များများ MSX ပဲ ဝယ်စီးတော့တယ်"ဟု မော်တော်ဆိုင်ကယ် တင်သွင်းရောင်းချသူ ဦးအောင်ထွန်းက ပြောသည်။

အဆိုပါဆိုင်ကယ်မှာ တရုတ်နိုင်ငံထုတ်နှင့် ယိုးဒယားနိုင်ငံထုတ်နှစ်မျိုးဝင်လာသည့်အနက် ဈေးနှုန်း သက်သာသည့် တရုတ် MSX ကို အဝယ်များကြောင်းသိရသည်။

"ဒီ MSX က ပြောရမယ်ဆိုရင် ယိုးဒယားဘီးနဲ့ အတူတူယှဉ်စီးလို့ရတယ်။ Toyo Max MSX က တုန်ခါမှု အားနည်းတယ်။ ဂီယာအနေထားက အစ အကုန်လုံး ယိုးဒယားနဲ့ တန်းတူပဲ။ တန်းတူဖြစ်အောင် ထုတ်ထားလို့လည်း လူကြိုက်များတာ။ နောက်ပြီး ဆိုင်ကယ်ကို ကိုယ်လိုချင်တဲ့ ဒီဇို်င်းလုပ်လို့ရတယ်။ ကျွန်တော်က ဆိုင်ကယ် စတန့်ဝါသနာပါလို့ရယ်။ ဒီဇိုင်းအမျိုးမျိုးထွင်လို့ရတာရယ်။ အဲဒါကြောင့်ဒီ MSXကို စီးတာပါ"ဟု ဆိုင်ကယ်ဝါသနာရှင် ကိုလင်းလင်းက ပြောသည်။

တရုတ်နိုင်ငံမှထုတ်သည့် အဆိုပါ ဆိုင်ကယ်အမျိုးအစားမှာ Toyo Max၊ Super Anbo၊ Su Su Bo၊ Kenbo၊ Luojia၊ Wan Jin စသည့် အမျိုးအစား(၆)မျိုးရှိသည့်အနက် Toyo Max မှာ လူကြိုက်ပိုများကြောင်း သိရသည်။

တောင်ကြီးမြို့ဆိုင်ကယ်ဈေးကွက်တွင် Toyo Max၊ Super Anbo၊ Wan Jinသုံးမျိုးမှာ လိုင်စင်ပါပြီး (၉၂၅၀၀၀) ကျပ်၊ Su Su Bo မှာလိုင်စင်ပါပြီး (၉၂၀,ဝဝဝ) ကျပ်၊ Kenbo မှာ လိုင်စင်ပါပြီး (၉၇၀,ဝဝဝ) ကျပ်၊ Luojia မှာလိုင်စင်ပါပြီး (၉၈၀,ဝဝဝ) ကျပ် အသီးသီးရှိပြီး ယိုးဒယားနိုင်ငံထုတ်မှာ လိုင်စင်ပါပြီး ကျပ် (၁၅)သိန်းမှ ကျပ်သိန်း(၂၀) ကြားရှိသည်ဟု သိရသည်။

သတင်း။ မင်းမင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~