မယ္ဆိုင္ၿမိဳ႕တြင္ တရားမဝင္ေနထိုင္ၿပီး ေစ်းေရာင္းခ်ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား အထူးအဖြဲ႕ျဖင့္ စစ္ေဆးေန

မယ္ဆိုင္ၿမိဳ႕တြင္ တရားမဝင္ေနထိုင္ၿပီး ေစ်းေရာင္းခ်ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား အထူးအဖြဲ႕ျဖင့္ စစ္ေဆးေန
မတ် 17, 2016
By Tachileik News Agency


တာခ်ီလိတ္၊ မတ္လ (၁၇) ရက္   ။   ။ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ တရားမ၀င္ေနထိုင္ၿပီး ေစ်းေရာင္းခ်ေနေသာ ျမန္မာႏိုင္ငံသားမ်ားအား မတ္လ(၁၆)ရက္ေန႔တြင္ ဘန္ေကာက္ၿမိဳ႕မွ အထူးအဖြဲ႔ျဖင့္ ၀င္ေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း မယ္ဆိုင္ၿမိဳ႕ေန ျမန္မာႏိုင္ငံသားမ်ားထံမွ သိရသည္။

"အထူးအဖြဲ႕ဆိုတာ ထိုင္းလူ၀င္မႈႀကီးၾကပ္ေရးဌာန၊ ယစ္မ်ိဳးဌာန၊ စည္ပင္ဌာန(၃)ခုေပါင္းထားတာ။ အဓိကေတာ့ မယ္ဆိုင္ၿမိဳ႕ထဲမွာ တရားမ၀င္ေနထုိင္တဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ ေစ်းေရာင္းခ်ေနတဲ့ ျမန္မာေတြကို လိုက္လံဖမ္းဆီးတာပါ။ ဘယ္ေလာက္ဖမ္းမိသြားၿပီလဲေတာ့မသိဘူး"ဟု မယ္ဆိုင္ၿမိဳ႕တြင္ေနထုိင္ေသာ ျမန္မာအလုပ္သမားအေရးကူညီေဆာင္ရြက္ေနသူျဖစ္သည့္ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ဘန္ေကာက္မွ ေရာက္ရွိလာေသာ အထူးအဖြဲ႕မွာ မယ္ဆိုင္ၿမိဳ႕၊ ရပ္ကြက္မ်ားတြင္ ျမန္မာ အမ်ားစုေနထုိင္သည့္ လူေနတိုက္ခန္းမ်ား၊ ေစ်းမ်ားတြင္ လိုက္လံစစ္ေဆးျခင္းျဖစ္ၿပီး ထုိင္းႏိုင္ငံမွ ထုတ္ေပးထားေသာ အလုပ္သမားကတ္မွာ သက္ဆိုင္ရာ လုပ္ငန္းခြင္တြင္ အလုပ္လုပ္ကိုင္ရန္အတြက္ျဖစ္သျဖင့္ ေစ်းေရာင္းခ်ျခင္းအားေတြ႕ရွိပါက ထိုင္းဥပေဒအရ ျပစ္မႈေျမာက္ေၾကာင္း သိရသည္။

"အခု ေစ်းေရာင္းတဲ့သူေတြေတာ့ ေျပးကုန္ၿပီ။ လမ္းေတြေပၚမွာလည္း စစ္တယ္ၾကားတယ္။ အဓိကေတာ့ တရားမ၀င္ ကုန္ပစၥည္းေရာင္းခ်တာတို႔ ေစ်းမေရာင္းရတဲ့ေနရာမွာ ေရာင္းတာတို႔ကို လိုက္ဖမ္းတာ"ဟု ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ဘန္ေကာက္ၿမိဳ႕မွ (၃)ဌာနပါ၀င္ေသာ အထူးအဖြဲ႕မွာ မယ္ဆိုင္ၿမိဳ႕သို႔ ၀င္ေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ေလ့ရွိၿပီး ျပဌာန္းထားေသာ ထိုင္းဥပေဒအရ ျပစ္မႈတစ္စံုတစ္ရာေၾကာင့္ ဖမ္းဆီးခံရပါက တရားမ၀င္ အလုပ္လုပ္ကိုင္မႈ၊ ေနထိုင္မႈ၊ ခြင့္ျပဳထားေသာ လုပ္ငန္းမဟုတ္ဘဲ တျခား လုပ္ငန္းလုပ္ကိုင္ေနမႈ စသည္ျဖင့္ အမႈမ်ားပူးေပါင္း၍ တရားရံုးတင္ေလ့ရွိေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
***************
တာချီလိတ်၊ မတ်လ (၁၇) ရက်။ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် တရားမဝင်နေထိုင်ပြီး ဈေးရောင်းချနေသော မြန်မာနိုင်ငံသားများအား မတ်လ(၁၆)ရက်နေ့တွင် ဘန်ကောက်မြို့မှ အထူးအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။
"အထူးအဖွဲ့ဆိုတာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ ယစ်မျိုးဌာန၊ စည်ပင်ဌာန(၃)ခုပေါင်းထားတာ။ အဓိကတော့ မယ်ဆိုင်မြို့ထဲမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဈေးရောင်းချနေတဲ့ မြန်မာတွေကို လိုက်လံဖမ်းဆီးတာပါ။ ဘယ်လောက်ဖမ်းမိသွားပြီလဲတော့မသိဘူး"ဟု မယ်ဆိုင်မြို့တွင်နေထိုင်သော မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်နေသူဖြစ်သည့် ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
ဘန်ကောက်မှ ရောက်ရှိလာသော အထူးအဖွဲ့မှာ မယ်ဆိုင်မြို့၊ ရပ်ကွက်များတွင် မြန်မာ အများစုနေထိုင်သည့် လူနေတိုက်ခန်းများ၊ ဈေးများတွင် လိုက်လံစစ်ဆေးခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော အလုပ်သမားကတ်မှာ သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ရန်အတွက်ဖြစ်သဖြင့် ဈေးရောင်းချခြင်းအားတွေ့ရှိပါက ထိုင်းဥပဒေအရ ပြစ်မှုမြောက်ကြောင်း သိရသည်။
"အခု ဈေးရောင်းတဲ့သူတွေတော့ ပြေးကုန်ပြီ။ လမ်းတွေပေါ်မှာလည်း စစ်တယ်ကြားတယ်။ အဓိကတော့ တရားမဝင် ကုန်ပစ္စည်းရောင်းချတာတို့ ဈေးမရောင်းရတဲ့နေရာမှာ ရောင်းတာတို့ကို လိုက်ဖမ်းတာ"ဟု ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
ဘန်ကောက်မြို့မှ (၃)ဌာနပါဝင်သော အထူးအဖွဲ့မှာ မယ်ဆိုင်မြို့သို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိပြီး ပြဌာန်းထားသော ထိုင်းဥပဒေအရ ပြစ်မှုတစ်စုံတစ်ရာကြောင့် ဖမ်းဆီးခံရပါက တရားမဝင် အလုပ်လုပ်ကိုင်မှု၊ နေထိုင်မှု၊ ခွင့်ပြုထားသော လုပ်ငန်းမဟုတ်ဘဲ တခြား လုပ်ငန်းလုပ်ကိုင်နေမှု စသည်ဖြင့် အမှုများပူးပေါင်း၍ တရားရုံးတင်လေ့ရှိကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~