ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ လူတစ္ဦး ပြဲခ်င္းေသဆံုး

ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ လူတစ္ဦး ပြဲခ်င္းေသဆံုး
မတ် 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၂၄) ။   ။ တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ဟုတ္ေက်းရြာအနီး ေမာ္ေတာ္ဆိုင္ကယ္(၂)စီး လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းထားသူ ေသဆံုးသြားေၾကာင္း တာခ်ီလိတ္ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ သိရသည္။

"ေသသြားတဲ့ေကာင္ေလးက ဒီရြာထဲမွာ ေနတယ္လိုေျပာတယ္၊ ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းထားဘူးေလ ဦးထုပ္ေဆာင္းထားတဲ့သူက ဘာမွမျဖစ္ဘူး၊ လမ္းလယ္မွာ မ်က္ႏွာခ်င္းဆိုင္ တိုက္တာလို႔ေျပာၾကတယ္"ဟု အခင္းျဖစ္ေနရာတြင္ ေရာက္ရွိေနေသာ ကိုေစာလွသန္းက ေျပာသည္။

အခင္းျဖစ္ပြားေသာ မယ္ဟုတ္ ေက်းရြာတြင္ ေနထုိင္ေသာ ေသဆံုးသြားသူ အိုက္အြန္သည္ တာခ်ီလိတ္သို႔ မယ္ယန္းပူးေပါင္းဂိတ္ဘက္မွ ေမာင္းႏွင္လာေသာ ေအာင္ဆန္း၀င္း၏ ဆိုင္ကယ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္တိုက္မိသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာေနရာတြင္ ႏွစ္ဦးလံုး မိမိလမ္းယာဘက္မွ ကပ္ေမာင္းျခင္းမျပဳဘဲ လမ္းလယ္မွ ေမာင္းႏွင္သျဖင့္ မ်က္ႏွာခ်င္းဆိုင္တိုက္မိသြားျခင္းျဖစ္ေၾကာင္းႏွင့္ ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ အခင္းျဖစ္ေနရာအား စစ္ေဆးၿပီး တာခ်ီလိတ္စခန္းတြင္ မယ(ပ)၁၀/၂၀၁၆ ျပစ္မႈပုဒ္မ ၃၃၇/၃၀၄-ကျဖင့္ (၂)ဦးလံုးအား ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ရဲအုပ္ ေဇာ္ေဇာ္ညႊန္႔မွ တရားလိုျပဳလုပ္၍ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

ဓာတ္ပံု။  ။ တာခ်ီလိတ္နာေရးကူညီမႈအသင္း

****************

( unicode )

တာချီလိတ်၊ မတ်လ(၂၄)။ တာချီလိတ်မြို့နယ်၊ မယ်ဟုတ်ကျေးရွာအနီး မော်တော်ဆိုင်ကယ်(၂)စီး လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းထားသူ သေဆုံးသွားကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

"သေသွားတဲ့ကောင်လေးက ဒီရွာထဲမှာ နေတယ်လိုပြောတယ်၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းထားဘူးလေ ဦးထုပ်ဆောင်းထားတဲ့သူက ဘာမှမဖြစ်ဘူး၊ လမ်းလယ်မှာ မျက်နှာချင်းဆိုင် တိုက်တာလို့ပြောကြတယ်"ဟု အခင်းဖြစ်နေရာတွင် ရောက်ရှိနေသော ကိုစောလှသန်းက ပြောသည်။

အခင်းဖြစ်ပွားသော မယ်ဟုတ် ကျေးရွာတွင် နေထိုင်သော သေဆုံးသွားသူ အိုက်အွန်သည် တာချီလိတ်သို့ မယ်ယန်းပူးပေါင်းဂိတ်ဘက်မှ မောင်းနှင်လာသော အောင်ဆန်းဝင်း၏ ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိသွားခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် နှစ်ဦးလုံး မိမိလမ်းယာဘက်မှ ကပ်မောင်းခြင်းမပြုဘဲ လမ်းလယ်မှ မောင်းနှင်သဖြင့် မျက်နှာချင်းဆိုင်တိုက်မိသွားခြင်းဖြစ်ကြောင်းနှင့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အခင်းဖြစ်နေရာအား စစ်ဆေးပြီး တာချီလိတ်စခန်းတွင် မယ(ပ)၁၀/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၇/၃၀၄-ကဖြင့် (၂)ဦးလုံးအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်ဇော်ညွှန့်မှ တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဓာတ်ပုံ။ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~