တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္ - ဘတ္ေငြလဲေကာင္တာဆိုင္(၁၀၀)ခန္႔အထိ တိုးခ်ဲ႕ဖြင့္လွစ္လာ

တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္ - ဘတ္ေငြလဲေကာင္တာဆိုင္(၁၀၀)ခန္႔အထိ တိုးခ်ဲ႕ဖြင့္လွစ္လာ
မတ် 23, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၃) ရက္ ။   ။ ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္ - ဘတ္ ေငြလဲေကာင္တာဆိုင္မ်ား တိုးခ်ဲ႕ဖြင့္လွစ္လာရာ၂၀၁၆ ခုႏွစ္ မတ္လအတြင္း ေငြလဲေကာင္တာ (၁၀၀) ခန္႔အထိ ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာ ေငြလဲေကာင္တာေတြက မႏွစ္ကနဲ႔ ဒီႏွစ္အတြင္း သိသိသာသာမ်ားလာတာ။ အရင္ကဆို ဘယ္ေလာက္မွ သိပ္မရွိဘူး။ အခုဆို ခန္႔မွန္းေျခ အမ်ားဆုံး (၁၀၀) ၀န္းက်င္ရွိတယ္။ အမ်ားအားျဖင့္ ကေတာ့ က်ပ္ - ဘတ္ လဲဆိုင္ေတြက ပိုမ်ားတယ္။ ေနာက္ၿပီး တရုတ္ေငြလဲတာေတြလည္း ရွိပါတယ္။ နယ္စပ္တံတားနားမွာ ဖြင့္ထားတဲ့ ေငြလဲဆိုင္ေတြဆို ေဒၚလာလည္း လဲလို႔ရတယ္။ ေငြေတာ္ေတာ္မ်ားမ်ား လဲလို႔ရပါတယ္။"ဟု ေငြလဲလုပ္ငန္း လုပ္ကိုင္သူ ကိုသူရေဇာ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕သည္ ျမန္မာ - ထိုင္း နယ္စပ္ၿမိဳ႕ျဖစ္သည့္အတြက္ ထိုင္းဘတ္ေငြအား အဓိကထား အသံုးျပဳတာျဖစ္ျခင္းေၾကာင့္ က်ပ္ - ဘတ္ေငြလဲဆိုင္မ်ား ပိုမို မ်ားျပားလာျခင္းျဖစ္ေၾကာင္း ေငြလဲလုပ္ကိုင္သူမ်ားထံမွ သိရသည္။

"ဘဏ္ေတြမွာေတာ့ ေဒၚလာနဲ႔ ယူရို ေငြတို႔ပဲ လဲတာရွိေသးတယ္။ ထိုင္းဘတ္ေငြေတာ့ လဲလို႔ မရေသးဘူး။ ထိုင္းဘတ္လဲမယ္ဆို ေငြလဲဆိုင္ဖြင့္ထားတဲ့ ေငြလဲေကာင္တာေတြမွာပဲ လဲလို႔ရပါတယ္။ ဒါေပမဲ့ ထိုင္းဘတ္ေငြပါ လဲလို႔ရေအာင္ ေဆာင္ရြက္ဖို႔ ဗဟုိဘဏ္က စီစဥ္ေနပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕ရွိ ကေမၻာဇဘဏ္(၁) မန္ေနဂ်ာ ေဒၚဇင္မင္းသန္႔က ေျပာသည္။

လက္ရွိဖြင့္လွစ္ေနသည့္ ေငြလဲဆိုင္မ်ားသည္ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ဖြင့္လွစ္ႏိုင္ျခင္း မရိွေသးသျဖင့္ တရားဝင္ဆိုင္မ်ားအျဖစ္ ေျပာင္းလဲႏိုင္ရန္ သက္ဆိုင္ရာအေနနွင့္ လုပ္ေဆာင္ေပးေစလိုေၾကာင္း ေငြလဲလုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။

သတင္း ။  ။ ေဇာင္းညီ

***************
တာချီလိတ်၊ မတ်လ (၂၃) ရက်။ မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကျပ် - ဘတ် ငွေလဲကောင်တာဆိုင်များ တိုးချဲ့ဖွင့်လှစ်လာရာ၂၀၁၆ ခုနှစ် မတ်လအတွင်း ငွေလဲကောင်တာ (၁၀၀) ခန့်အထိ ရှိနပြေီဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာ ငွေလဲကောင်တာတွေက မနှစ်ကနဲ့ ဒီနှစ်အတွင်း သိသိသာသာများလာတာ။ အရင်ကဆို ဘယ်လောက်မှ သိပ်မရှိဘူး။ အခုဆို ခန့်မှန်းခြေ အများဆုံး (၁၀၀) ဝန်းကျင်ရှိတယ်။ အများအားဖြင့် ကတော့ ကျပ် - ဘတ် လဲဆိုင်တွေက ပိုများတယ်။ နောက်ပြီး တရုတ်ငွေလဲတာတွေလည်း ရှိပါတယ်။ နယ်စပ်တံတားနားမှာ ဖွင့်ထားတဲ့ ငွေလဲဆိုင်တွေဆို ဒေါ်လာလည်း လဲလို့ရတယ်။ ငွေတော်တော်များများ လဲလို့ရပါတယ်။"ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ကိုသူရဇော်က ပြောသည်။

တာချီလိတ်မြို့သည် မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့်အတွက် ထိုင်းဘတ်ငွေအား အဓိကထား အသုံးပြုတာဖြစ်ခြင်းကြောင့် ကျပ် - ဘတ်ငွေလဲဆိုင်များ ပိုမို များပြားလာခြင်းဖြစ်ကြောင်း ငွေလဲလုပ်ကိုင်သူများထံမှ သိရသည်။

"ဘဏ်တွေမှာတော့ ဒေါ်လာနဲ့ ယူရို ငွေတို့ပဲ လဲတာရှိသေးတယ်။ ထိုင်းဘတ်ငွေတော့ လဲလို့ မရသေးဘူး။ ထိုင်းဘတ်လဲမယ်ဆို ငွေလဲဆိုင်ဖွင့်ထားတဲ့ ငွေလဲကောင်တာတွေမှာပဲ လဲလို့ရပါတယ်။ ဒါပေမဲ့ ထိုင်းဘတ်ငွေပါ လဲလို့ရအောင် ဆောင်ရွက်ဖို့ ဗဟိုဘဏ်က စီစဉ်နေပါတယ်။"ဟု တာချီလိတ်မြို့ရှိ ကမ္ဘောဇဘဏ်(၁) မန်နေဂျာ ဒေါ်ဇင်မင်းသန့်က ပြောသည်။

လက်ရှိဖွင့်လှစ်နေသည့် ငွေလဲဆိုင်များသည် တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် တရားဝင်ဆိုင်များအဖြစ် ပြောင်းလဲနိုင်ရန် သက်ဆိုင်ရာအနေနှင့် လုပ်ဆောင်ပေးစေလိုကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~