ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ အလုပ္သမားကတ္မ်ား သက္တမ္းတိုးေပးရန္အတြက္ လို္က္လံေၾကညာ

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ အလုပ္သမားကတ္မ်ား သက္တမ္းတိုးေပးရန္အတြက္ လို္က္လံေၾကညာ
မတ် 31, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၃၁)။  ။ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားအား ဧၿပီလ(၁)ရက္ေန႔မွစတင္၍ အလုပ္သမားကတ္မ်ား သက္တမ္းတိုးေပးရန္ မယ္ဆိုင္ၿမိဳ႕ ရပ္ကြက္မ်ားအတြင္း 7 Eleven မွ လိုက္လံ ေဆာ္ၾသလွ်က္ရွိေၾကာင္း သိရသည္။

"(၂)ႏွစ္စာ ေဆးစစ္ခကို ေဆးရံုမွာေပးသြင္းၿပီး ေဆးစစ္ရင္ တစ္ႏွစ္လံုး ဘတ္(၃၀)နဲ႔ ေဆးကုသခြင့္ရတယ္၊ အဲ့ဒီ ေဆးရံုက ေဆးစစ္တဲ့ကတ္ရတာနဲ႔ 7 Eleven မွာ အလုပ္သမားကတ္ဖိုး ေငြေပးသြင္းရမယ္၊ အခုလဲ 7 Eleven က ကားေတြနဲ႔ လိုက္ၿပီး ရပ္ကြက္ထဲမွာ ေၾကညာေပးေနပါတယ္"ဟု မယ္ဆိုင္ၿမိဳ႕ေန ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရးေဆာင္ရြက္ေနသည့္ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

အလုပ္သမားကတ္မ်ားကို နီးစပ္ရာ 7 Eleven ဆိုင္မ်ားတြင္ ေငြေပးေဆာင္ရြက္ႏုိင္ၿပီး နယ္ေျမေက်ာ္လြန္ သြားလာခြင့္အတြက္ သက္ဆိုင္ရာၿမိဳ႕နယ္ အလုပ္သမားရံုးမ်ားတြင္ ဘတ္(၁၀၀)ေပးသြင္း၍ ေလွ်ာက္ထားရမည္ျဖစ္ၿပီး အလုပ္သမားကတ္ သက္တမ္းတိုးခြင့္ျပဳထားသည့္ ဧၿပီ(၁)ရက္ေန႔မွ ဇူလိုင္ (၃၁)ရက္ေန႔အတြင္း အလုပ္သမားကတ္သက္တမ္းကုန္ေနသည့္ အလုပ္သမားမ်ားအား သက္ဆိုင္ရာ အာဏာပိုင္မ်ားမွ ဖမ္းဆီးအေရးယူခြင့္မရွိေၾကာင္း သိရသည္။

ဦးထြန္း(မယ္ဆိုင္)မွ ဆက္လက္၍ "အခုအလုပ္သမားကတ္ေတြ သက္တမ္းတိုးတာေတြကို (၂)ႏွစ္စာေပးထားတယ္။ (၄)ႀကိမ္ခြင့္ျပဳ ေပးထားေတာ့ (၈)ႏွစ္လုပ္ကိုင္စားေသာက္လို႔ရတယ္။ ေနာက္တစ္ခုက အလုပ္ေျပာင္းဖို႔ အလုပ္ရွင္ေဟာင္းရဲ႕ ေထာက္ခံခ်က္လည္း မလိုေတာ့ဘူး။ နယ္ေျမေျပာင္းၿပီး အလုပ္လုပ္ကိုင္လို႔ ရလာတယ္"ဟု ေျပာသည္။

အဆိုပါသက္တမ္းတိုးသည့္ လုပ္ငန္းစဥ္တြင္ ပန္းေရာင္အလုပ္သမားကတ္မ်ားအျပင္ ေနထိုင္ခြင့္ပံုစံ(၃၈) (ေထာေရာ ၃၈)မ်ားပါ သက္တမ္းတိုးႏိုင္ေၾကာင္း ထိုင္းအလုပ္သမားရံုးမွ ထုတ္ျပန္ထားသည္။

အလုပ္သမားကတ္သက္တမ္းတိုးရာတြင္ ကုန္က်စရိတ္မ်ားအေနျဖင့္ (၂)ႏွစ္စာ က်န္းမာေရးစစ္ေဆးခ ဘတ္(၃၇၀၀)၊ အလုပ္သမားကတ္၀န္ေဆာင္ခ (၁၉၀၀)ဘတ္ႏွင့္ 7 Eleven ဆိုင္မ်ား၏ ၀န္ေဆာင္ခ (၁၀)ဘတ္၊ နယ္ေျမခရီးသြားခြင့္အတြက္ ဘတ္(၁၀၀) စုစုေပါင္း ထိုင္းဘတ္(၅၇၁၀)ဘတ္ ကုန္က်မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
..................

( unicode )

တာချီလိတ်၊ မတ်လ(၃၁)။ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ဧပြီလ(၁)ရက်နေ့မှစတင်၍ အလုပ်သမားကတ်များ သက်တမ်းတိုးပေးရန် မယ်ဆိုင်မြို့ ရပ်ကွက်များအတွင်း 7 Eleven မှ လိုက်လံ ဆော်သြလျှက်ရှိကြောင်း သိရသည်။

"(၂)နှစ်စာ ဆေးစစ်ခကို ဆေးရုံမှာပေးသွင်းပြီး ဆေးစစ်ရင် တစ်နှစ်လုံး ဘတ်(၃၀)နဲ့ ဆေးကုသခွင့်ရတယ်၊ အဲ့ဒီ ဆေးရုံက ဆေးစစ်တဲ့ကတ်ရတာနဲ့ 7 Eleven မှာ အလုပ်သမားကတ်ဖိုး ငွေပေးသွင်းရမယ်၊ အခုလဲ 7 Eleven က ကားတွေနဲ့ လိုက်ပြီး ရပ်ကွက်ထဲမှာ ကြေညာပေးနေပါတယ်"ဟု မယ်ဆိုင်မြို့နေ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးဆောင်ရွက်နေသည့် ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

အလုပ်သမားကတ်များကို နီးစပ်ရာ 7 Eleven ဆိုင်များတွင် ငွေပေးဆောင်ရွက်နိုင်ပြီး နယ်မြေကျော်လွန် သွားလာခွင့်အတွက် သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးများတွင် ဘတ်(၁၀၀)ပေးသွင်း၍ လျှောက်ထားရမည်ဖြစ်ပြီး အလုပ်သမားကတ် သက်တမ်းတိုးခွင့်ပြုထားသည့် ဧပြီ(၁)ရက်နေ့မှ ဇူလိုင် (၃၁)ရက်နေ့အတွင်း အလုပ်သမားကတ်သက်တမ်းကုန်နေသည့် အလုပ်သမားများအား သက်ဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးအရေးယူခွင့်မရှိကြောင်း သိရသည်။

ဦးထွန်း(မယ်ဆိုင်)မှ ဆက်လက်၍ "အခုအလုပ်သမားကတ်တွေ သက်တမ်းတိုးတာတွေကို (၂)နှစ်စာပေးထားတယ်။ (၄)ကြိမ်ခွင့်ပြု ပေးထားတော့ (၈)နှစ်လုပ်ကိုင်စားသောက်လို့ရတယ်။ နောက်တစ်ခုက အလုပ်ပြောင်းဖို့ အလုပ်ရှင်ဟောင်းရဲ့ ထောက်ခံချက်လည်း မလိုတော့ဘူး။ နယ်မြေပြောင်းပြီး အလုပ်လုပ်ကိုင်လို့ ရလာတယ်"ဟု ပြောသည်။

အဆိုပါသက်တမ်းတိုးသည့် လုပ်ငန်းစဉ်တွင် ပန်းရောင်အလုပ်သမားကတ်များအပြင် နေထိုင်ခွင့်ပုံစံ(၃၈) (ထောရော ၃၈)များပါ သက်တမ်းတိုးနိုင်ကြောင်း ထိုင်းအလုပ်သမားရုံးမှ ထုတ်ပြန်ထားသည်။

အလုပ်သမားကတ်သက်တမ်းတိုးရာတွင် ကုန်ကျစရိတ်များအနဖြေင့် (၂)နှစ်စာ ကျန်းမာရေးစစ်ဆေးခ ဘတ်(၃၇၀၀)၊ အလုပ်သမားကတ်ဝန်ဆောင်ခ (၁၉၀၀)ဘတ်နှင့် 7 Eleven ဆိုင်များ၏ ဝန်ဆောင်ခ (၁၀)ဘတ်၊ နယ်မြေခရီးသွားခွင့်အတွက် ဘတ်(၁၀၀) စုစုပေါင်း ထိုင်းဘတ်(၅၇၁၀)ဘတ် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~