ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတားဖြင့္လွစ္ၿပီးေသာ္လည္း ႏွစ္ႏုိင္ငံကုန္သြယ္မႈ မစတင္ႏုိင္ေသး

ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတားဖြင့္လွစ္ၿပီးေသာ္လည္း ႏွစ္ႏုိင္ငံကုန္သြယ္မႈ မစတင္ႏုိင္ေသး
မတ် 20, 2016
By Tachileik News Agency
( ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတား )

တာခ်ီလိတ္၊ မတ္လ (၂၀) ရက္ ။   ။ ႏွစ္ႏိုင္ငံ နားလည္မႈစာခၽြန္လႊာ(MOU) ေရးထိုးထားႏိုင္ျခင္း မရွိသည့္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းလပ္ၿမိဳ႕အနီး မယ္ေခါင္ျမစ္အား ျဖတ္သန္း တည္ေဆာက္ထားသည့္ ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတားမွာ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ လုပ္ငန္းမ်ား ျပဳလုပ္ႏိုင္ျခင္းမရွိေသးေၾကာင္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွသိရသည္။

"ခ်စ္ၾကည္ေရးတံတားေပၚမွာ သက္ဆိုင္ရာဌာနရံုးေတြဖြင့္လွစ္ထားပါတယ္။ ၀န္ထမ္းေတြလည္း တာ၀န္ခ်ထားေပးပါတယ္။ အဓိက ျပည္ေထာင္စုအဆင့္ ႏွစ္ႏိုင္ငံ MOU ေတြ မခ်ဳပ္ဆိုေသးလို႔ ကုန္စည္စီးဆင္းမႈ မျပဳလုပ္ႏိုင္ေသးတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ေျပာသည္။

ယခုလက္ရွိ ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတားေပၚတြင္ ေဒသခံမ်ားႏွင့္ ခရီးသြားဧည့္သည္မ်ား လည္ပတ္ရန္ ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္သန္းသြားေရာက္မႈမ်ားသာရွိၿပီး ႏွစ္ႏိုင္ငံ MOU လက္မွတ္ထိုးၿပီးပါက ကုန္သြယ္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ခ်ိန္တြင္ စိစစ္မႈမ်ားျပဳလုပ္ရန္ႏွင့္ ကုန္သြယ္ေရးဇုန္မ်ား တည္ေဆာက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံကုန္သြယ္မႈ လုပ္ငန္းမ်ားအတြက္ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ ထြက္ကုန္ပစၥည္းမ်ားအား အာဆီယံႏိုင္ငံတြင္း တင္ပို႔ရန္ လမ္းေၾကာင္းႏွင့္ ေတာင္တ႐ုတ္ပင္လယ္ ဗီယက္နမ္ေရနက္ ဆိပ္ကမ္းသို႔ တင္ပို႔ႏိုင္ရန္ လမ္းေၾကာင္းမ်ားရိွေၾကာင္း သိရသည္။

မယ္ေခါင္ျမစ္ေပၚတြင္ တည္ေဆာက္ထားေသာ ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတားအား ႏွစ္ႏိုင္ငံ သံတမန္ရင္းႏွီးမႈ ႏွစ္(၆၀)ျပည့္အထိမ္းအမွတ္ျဖင့္ ၂၀၁၅ ခုႏွစ္ ေမလ(၉)ရက္ေန႔တြင္ ႏွစ္ႏိုင္ငံသမၼတမ်ား တက္ေရာက္၍ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး တံတား၏ အရွည္မွာ ေပ(၂၂၆၉.၂၇)ရွိေၾကာင္းႏွင့္ စုစုေပါင္း ကုန္က်ေငြမွာ အေမရိကန္ေဒၚလာ (၂၆)သန္းရွိေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

************
( unicode )
တာချီလိတ်၊ မတ်လ (၂၀) ရက်။ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးထားနိုင်ခြင်း မရှိသည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့အနီး မယ်ခေါင်မြစ်အား ဖြတ်သန်း တည်ဆောက်ထားသည့် မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှာ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
"ချစ်ကြည်ရေးတံတားပေါ်မှာ သက်ဆိုင်ရာဌာနရုံးတွေဖွင့်လှစ်ထားပါတယ်။ ဝန်ထမ်းတွေလည်း တာဝန်ချထားပေးပါတယ်။ အဓိက ပြည်ထောင်စုအဆင့် နှစ်နိုင်ငံ MOU တွေ မချုပ်ဆိုသေးလို့ ကုန်စည်စီးဆင်းမှု မပြုလုပ်နိုင်သေးတာပါ"ဟု တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။
ယခုလက်ရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားပေါ်တွင် ဒေသခံများနှင့် ခရီးသွားဧည့်သည်များ လည်ပတ်ရန် နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းသွားရောက်မှုများသာရှိပြီး နှစ်နိုင်ငံ MOU လက်မှတ်ထိုးပြီးပါက ကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် စိစစ်မှုများပြုလုပ်ရန်နှင့် ကုန်သွယ်ရေးဇုန်များ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ထွက်ကုန်ပစ္စည်းများအား အာဆီယံနိုင်ငံတွင်း တင်ပို့ရန် လမ်းကြောင်းနှင့် တောင်တရုတ်ပင်လယ် ဗီယက်နမ်ရေနက် ဆိပ်ကမ်းသို့ တင်ပို့နိုင်ရန် လမ်းကြောင်းများရှိကြောင်း သိရသည်။
မယ်ခေါင်မြစ်ပေါ်တွင် တည်ဆောက်ထားသော မြန်မာ - လာအို ချစ်ကြည်ရေးတံတားအား နှစ်နိုင်ငံ သံတမန်ရင်းနှီးမှု နှစ်(၆၀)ပြည့်အထိမ်းအမှတ်ဖြင့် ၂၀၁၅ ခုနှစ် မေလ(၉)ရက်နေ့တွင် နှစ်နိုင်ငံသမ္မတများ တက်ရောက်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တံတား၏ အရှည်မှာ ပေ(၂၂၆၉.၂၇)ရှိကြောင်းနှင့် စုစုပေါင်း ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ (၂၆)သန်းရှိကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~