ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရေသာ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို တာခ်ီလိတ္သို႔ ျပန္ပို႔

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရေသာ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို တာခ်ီလိတ္သို႔ ျပန္ပို႔
မတ် 15, 2016
By Tachileik News Agency
( တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းလာစဥ္ )

တာခ်ီလိတ္၊ မတ္လ (၁၅) ရက္ ။   ။ ထိုင္းႏိုင္ငံအတြင္းဖမ္းဆီးခံရေသာ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၁၈)ဦးအား ထိုင္းလူ၀င္မွႈႀကီးၾကပ္ေရးမွတစ္ဆင့္ ျမန္မာဘက္ သက္ဆိုင္ရာမ်ားထံသို႔ ႏွစ္ဖက္သေဘာတူ လက္မွတ္ေရးထိုး လႊဲေျပာင္းေပးအပ္လိုက္ေၾကာင္း သိရသည္။

အဆိုပါလႊဲေျပာင္းျခင္းကို မတ္လ (၁၄)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္က ရွမ္းျပည္နယ္အေရွ႕ပိုင္း ၊တာခ်ီလိတ္ၿမိဳ႕ ထိုင္း - ျမန္မာခ်စ္ၾကည္ေရးတံတားေပၚတြင္ ျပဳလုပ္ျခင္းျဖစ္သည္။

“ကၽြန္မက ဘန္ေကာက္မွာ ပန္းေရာင္းတာပါ။ တစ္ရက္ကို အကုန္ေရာင္းကုန္ရင္ (၇၀၀)ဘတ္ေလာက္ ရတာေပါ့။အခု အိမ္ကိုျပန္လာတဲ့အခါမွာ လမ္းမွာဖမ္းမိတာပါ။ နယ္ေျမေက်ာ္ၿပီး ကတ္ျပားမရွိလို႔ ဖမ္းခံရတာပါ။ တရားရုံးမွာ ဒဏ္ေငြအေနနဲ႔ (၁၀၀၀)ဘတ္ေဆာင္ခဲ့ရပါတယ္။”ဟု လဲခ်ားၿမိဳ႕မွ မႏြမ္းက်ိဳင္းက ေျပာသည္။

ယင္း(၁၈)ဦးတြင္ အမ်ိဳးသား(၁၃)ဦးႏွင့္ အမ်ိဳးသမီး(၅)ဦးပါ၀င္ၿပီး ထိုင္းႏိုင္ငံ အနယ္နယ္အရပ္ရပ္မွ ဖမ္းဆီးရမိၿပီး မယ္ဆိုင္ၿမိဳ႕ကေနတစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕သုိ႔လႊဲေျပာင္းလာျခင္းျဖစ္သည္။

“ခါတိုင္းလိုပဲ နယ္ေျမေက်ာ္ ၊ ကတ္ျပားမရွိတာေတြ ၊ ကတ္သက္တမ္းကုန္တာေတြနဲ႔ တရားမ၀င္ သြားေရာက္ အလုပ္လုပ္ကိုင္တဲ့သူေတြကို ဖမ္းၿပီး လႊဲေျပာင္းလာတာပါ။ ကၽြန္ေတာ္တို႔က တာ၀န္ယူလက္မွတ္ထိုး လက္ခံလိုက္ၿပီးေနာက္ တစ္ဘက္ႏိုင္ငံကို သြားေရာက္အလုပ္မလုပ္ကိုင္ရန္ႏွင့္ ကိုယ့္ေနရပ္ကို ျပန္ေရာက္ဖို႔ စီစဥ္ေပးရပါတယ္။”ဟု ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုး မွ အငယ္တန္းစာေရး ကိုလင္းလင္းၿဖဳိးက ေျပာသည္။

ယင္းကဲ့သို႔ ထိုင္းႏိုင္ငံတြင္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသားအလုပ္သမားမ်ား ဖမ္းဆီးခံရတိုင္း ၎တို႔အား ထိုင္းတရားရုံးတြင္ ဒဏ္ေငြ(၁၀၀၀)ဘတ္ေပးေဆာင္ေစကာ မယ္ဆိုင္ၿမိဳ႕မွတစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕ သက္ဆိုင္ရာမ်ားထံသုိ႔ ခ်စ္ၾကည္ေရးတံတားေပၚတြင္ လက္မွတ္ထိုး လႊဲေျပာင္းေလ့ရွိေၾကာင္းသိရသည္။

သတင္း။  ။ ေဇာင္းညီ
*******************

( unicode )

တာချီလိတ်၊ မတ်လ (၁၅) ရက်။ ထိုင်းနိုင်ငံအတွင်းဖမ်းဆီးခံရသော ရွှေ့ပြောင်းမြန်မာလုပ်သား (၁၈)ဦးအား ထိုင်းလူဝင်မှုကြီးကြပ်ရေးမှတစ်ဆင့် မြန်မာဘက် သက်ဆိုင်ရာများထံသို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုး လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါလွှဲပြောင်းခြင်းကို မတ်လ (၁၄)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့ ထိုင်း - မြန်မာချစ်ကြည်ရေးတံတားပေါ်တွင် ပြုလုပ်ခြင်းဖြစ်သည်။

“ကျွန်မက ဘန်ကောက်မှာ ပန်းရောင်းတာပါ။ တစ်ရက်ကို အကုန်ရောင်းကုန်ရင် (၇၀၀)ဘတ်လောက် ရတာပေါ့။အခု အိမ်ကိုပြန်လာတဲ့အခါမှာ လမ်းမှာဖမ်းမိတာပါ။ နယ်မြေကျော်ပြီး ကတ်ပြားမရှိလို့ ဖမ်းခံရတာပါ။ တရားရုံးမှာ ဒဏ်ငွေအနေနဲ့ (၁၀၀၀)ဘတ်ဆောင်ခဲ့ရပါတယ်။”ဟု လဲချားမြို့မှ မနွမ်းကျိုင်းက ပြောသည်။

ယင်း(၁၈)ဦးတွင် အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး(၅)ဦးပါဝင်ပြီး ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖမ်းဆီးရမိပြီး မယ်ဆိုင်မြို့ကနေတစ်ဆင့် တာချီလိတ်မြို့သို့လွှဲပြောင်းလာခြင်းဖြစ်သည်။

“ခါတိုင်းလိုပဲ နယ်မြေကျော်၊ ကတ်ပြားမရှိတာတွေ၊ ကတ်သက်တမ်းကုန်တာတွေနဲ့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်တဲ့သူတွေကို ဖမ်းပြီး လွှဲပြောင်းလာတာပါ။ ကျွန်တော်တို့က တာဝန်ယူလက်မှတ်ထိုး လက်ခံလိုက်ပြီးနောက် တစ်ဘက်နိုင်ငံကို သွားရောက်အလုပ်မလုပ်ကိုင်ရန်နှင့် ကိုယ့်နေရပ်ကို ပြန်ရောက်ဖို့ စီစဉ်ပေးရပါတယ်။”ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး ကိုလင်းလင်းဖြိုးက ပြောသည်။

ယင်းကဲ့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားအလုပ်သမားများ ဖမ်းဆီးခံရတိုင်း၎င်းတို့အား ထိုင်းတရားရုံးတွင် ဒဏ်ငွေ(၁၀၀၀)ဘတ်ပေးဆောင်စေကာ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့ သက်ဆိုင်ရာများထံသို့ ချစ်ကြည်ရေးတံတားပေါ်တွင် လက်မှတ်ထိုး လွှဲပြောင်းလေ့ရှိကြောင်းသိရသည်။

သတင်း။ #ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~