ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ေရေျမာင္းအတြင္း ျမန္မာတစ္ဦးေသဆံုးေန

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ေရေျမာင္းအတြင္း ျမန္မာတစ္ဦးေသဆံုးေန
မတ် 10, 2016
By Tachileik News Agency

မယ္ဆိုင္၊ မတ္လ(၁၀) ။  ။ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ ပီယာေဖာင္းရပ္ကြက္အတြင္းရွိ ေရေျမာင္းအတြင္းမွ မတ္လ(၁၀)ရက္ေန႔က ျမန္မာအလုပ္သမားတစ္ဦး၏ လူေသအေလာင္းကို ေတြ႕ရွိရေၾကာင္း မယ္ဆိုင္ရဲစခန္းမွ သိရသည္။

"ျမန္မာႏိုင္ငံသားလို႔ေတာ့ေျပာတယ္ ဘာေၾကာင့္ေသလဲေတာ့ မသိေသးဘူး၊ ေရေျမာင္းထဲေမ်ာလာတာ ညေန(၃)နာရီေလာက္ကပါ ထုိင္းရဲေတြေတာ့ စစ္ေဆးေနတယ္လို႔ၾကားတယ္"ဟု ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ေန ျမန္မာအလုပ္သမားမ်ားအား အကူအညီေပးလွ်က္ရွိေသာ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ထိုင္းရဲတပ္ဖြဲ႕၏ စစ္ေဆးခ်က္အရ ျမန္မာႏိုင္ငံသား၏ အိတ္ကပ္အတြင္းမွ အလုပ္သမားကတ္ေတြ႕ရၿပီး အမည္မွာေမာင္ေဇာ္ႏိုင္ျဖစ္ေၾကာင္း၊ အသက္(၂၄)ႏွစ္ျဖစ္ၿပီး ေသဆံုးသည္မွာ (၁)ရက္ခန္႔ရွိၿပီး အေလာင္းတြင္ ၀တ္ဆင္ထားေသာ အက်ႌႏွင့္ေဘာင္းဘီတြင္ ရႊံ႕မ်ားေပက်ံလွ်က္ရွိကာ ေရေျမာင္းအတြင္း နစ္ျမဳပ္မႈေၾကာင့္ ပြေရာင္လွ်က္ရွိေၾကာင္း သိရသည္။

"သိတဲ့လူေျပာတာကေတာ့ အိမ္ကေပ်ာက္သြားတာ (၂)ရက္ေလာက္ရွိၿပီလုိ႔ေတာ့ ၾကားတယ္၊ အေလာင္းလာဆယ္တဲ့ ဖုန္း၀ိဟန္နာေရးကူညီမွဳအသင္း နဲ႔ မယ္ဆိုင္ရဲ ရဲ႕ စစ္ေဆးခ်က္အရကေတာ့ ဘာဒဏ္ရာ၊ ဒဏ္ခ်က္မွ မရွိဘူးလို႔ သိရတယ္"ဟု ကိုငယ္က ေျပာသည္။

အဆိုပါ အေလာင္းေတြ႕ရွိမႈႏွင့္ ပတ္သက္၍ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ရဲတပ္ဖြဲ႕စခန္းတြင္ အမႈဖြင့္လွစ္ထားရွိၿပီး မႈခင္းဆရာ၀န္၏ စစ္ေဆးခ်က္အရ တိုက္ခိုက္ခံရေသာ ဒဏ္ရာႏွင့္ အျခားျပတ္ရွဒဏ္ရာမ်ားမေတြ႔ရွိဟု သိရသည္။
***************

( unicode )
မယ်ဆိုင်၊ မတ်လ(၁၀) ။ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ပီယာဖောင်းရပ်ကွက်အတွင်းရှိ ရေမြောင်းအတွင်းမှ မတ်လ(၁၀)ရက်နေ့က မြန်မာအလုပ်သမားတစ်ဦး၏ လူသေအလောင်းကို တွေ့ရှိရကြောင်း မယ်ဆိုင်ရဲစခန်းမှ သိရသည်။

"မြန်မာနိုင်ငံသားလို့တော့ပြောတယ် ဘာကြောင့်သေလဲတော့ မသိသေးဘူး၊ ရေမြောင်းထဲမျောလာတာ ညနေ(၃)နာရီလောက်ကပါ ထိုင်းရဲတွေတော့ စစ်ဆေးနေတယ်လို့ကြားတယ်"ဟု ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နေ မြန်မာအလုပ်သမားများအား အကူအညီပေးလျှက်ရှိသော ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ မြန်မာနိုင်ငံသား၏ အိတ်ကပ်အတွင်းမှ အလုပ်သမားကတ်တွေ့ရပြီး အမည်မှာမောင်ဇော်နိုင်ဖြစ်ကြောင်း၊ အသက်(၂၄)နှစ်ဖြစ်ပြီး သေဆုံးသည်မှာ (၁)ရက်ခန့်ရှိပြီး အလောင်းတွင် ဝတ်ဆင်ထားသော အင်္ကျီနှင့်ဘောင်းဘီတွင် ရွှံ့များပေကျံလျှက်ရှိကာ ရေမြောင်းအတွင်း နစ်မြုပ်မှုကြောင့် ပွယရာင်လျှက်ရှိကြောင်း သိရသည်။

"သိတဲ့လူပြောတာကတော့ အိမ်ကပျောက်သွားတာ (၂)ရက်လောက်ရှိပြီလို့တော့ ကြားတယ်၊ အလောင်းလာဆယ်တဲ့ ဖုန်းဝိဟန်နာရေးကူညီမှုအသင်း နဲ့ မယ်ဆိုင်ရဲ ရဲ့ စစ်ဆေးချက်အရကတော့ ဘာဒဏ်ရာ၊ ဒဏ်ချက်မှ မရှိဘူးလို့ သိရတယ်"ဟု ကိုငယ်က ပြောသည်။

အဆိုပါ အလောင်းတွေ့ရှိမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ တိုက်ခိုက်ခံရသော ဒဏ်ရာနှင့် အခြားပြတ်ရှဒဏ်ရာများမတွေ့ရှိဟု သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~