Update News

အိမ္(၄၈)လံုး မီးေလာင္ကြ်မ္းခဲ့ရသည့္ မိုင္းခတ္မီးေဘးအတြက္ မည္သူမဆို ပါ၀င္လွဴဒါန္းႏိုင္


ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းခတ္ၿမိဳ႕နယ္၊ ေနာင္လံုး အုပ္စု ၊ အင္လံုရြာ မီးေဘးသင့္ ျပည္သူမ်ားအတြက္ တာခ်ီလိတ္လူငယ္ကြန္ရက္မွ သြားေရာက္ ေထာက္ပံ့လွဴဒါန္းမည္ျဖစ္သည့္အတြက္ တာခ်ီလိတ္ရွိ ေစတနာရွင္မ်ား အေနျဖင့္ မတ္လ(၂၆)ရက္ေန႔ ေနာက္ဆံုးထားကာ ဆက္သြယ္ရန္ လိပ္စာမွတဆင့္ ပါ၀င္လွဴဒါန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

"အ၀တ္အစားေတြ၊ စားစရာေတြအျပင္ အသံုးအေဆာင္ပစၥည္းေတြကိုလည္း လာလွဴလို႔ရပါတယ္။ သူတို႔ကို ေထာက္ပံ့ႏိုင္ရန္အတြက္ ေငြေၾကးလွဴဒါန္းခ်င္ရင္လည္း လွဴလို႕ရပါတယ္။ လွဴဒါန္းလာမႈအေပၚ ျဖတ္ပိုင္းနဲ႔ စနစ္တက် လက္ခံေပးသြားမွာပါ"ဟု တာခ်ီလိတ္လူငယ္ကြန္ရက္မွ မေမဇာျခည္လင္းက ေျပာသည္။

တာခ်ီလိတ္လူငယ္ကြန္ရက္မွ မတ္လ(၂၇)ရက္ေန႔တြင္ သြားေရာက္လွဴဒါန္းမွာ ျဖစ္ရာ မတ္လ(၂၆)ရက္ေန႔ ေနာက္ဆံုးထားကာ ေဖာ္ျပပါ ဖုန္းနံပါတ္မွ တဆင့္ ဆက္သြယ္၍ လွဴဒါန္းႏိုင္မွာ ျဖစ္သည္။

ဆက္သြယ္ရန္
စိုးမိုး - ကုန္စံုဆိုင္

ဘီတီ ဆီပန္႔အေက်ာ္၊ ရန္ေအာင္ေျမရပ္ကြက္(၃)၊ ဗိုလ္ခ်ဳပ္လမ္းမေဘး၊ တာခ်ီလိတ္ၿမိဳ႕။
ျမန္မာဖုန္း။  ။ 095241807 , 09428232629 , 09257257024
ထိုင္းဖုန္း။  ။ 0831561483

မိုင္းခတ္ၿမိဳ႕နယ္၊ ေနာင္လံုး အုပ္စု ၊ အင္လံုရြာ မီးေလာင္ကၽြမ္းမႈေၾကာင့္ ပ်က္စီးဆံုးရႈံးမႈ တန္ဖိုးမွာ က်ပ္(၂၀၄.၈)သိန္းရွိၿပီး အိမ္ေထာင္စု (၄၈)စုမွ လူႀကီးႏွင့္ ကေလးစုစုေပါင္း (၂၅၈) ဦး မီးေဘးသင့္ခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွ သိရသည္။
*******************


( unicode )



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်၊ နောင်လုံး အုပ်စု၊ အင်လုံရွာ မီးဘေးသင့် ပြည်သူများအတွက် တာချီလိတ်လူငယ်ကွန်ရက်မှ သွားရောက် ထောက်ပံ့လှူဒါန်းမည်ဖြစ်သည့်အတွက် တာချီလိတ်ရှိ စေတနာရှင်များ အနဖြေင့် မတ်လ(၂၆)ရက်နေ့ နောက်ဆုံးထားကာ ဆက်သွယ်ရန် လိပ်စာမှတဆင့် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

"အဝတ်အစားတွေ၊ စားစရာတွေအပြင် အသုံးအဆောင်ပစ္စည်းတွေကိုလည်း လာလှူလို့ရပါတယ်။ သူတို့ကို ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလှူဒါန်းချင်ရင်လည်း လှူလို့ရပါတယ်။ လှူဒါန်းလာမှုအပေါ် ဖြတ်ပိုင်းနဲ့ စနစ်တကျ လက်ခံပေးသွားမှာပါ"ဟု တာချီလိတ်လူငယ်ကွန်ရက်မှ မမေဇာခြည်လင်းက ပြောသည်။

တာချီလိတ်လူငယ်ကွန်ရက်မှ မတ်လ(၂၇)ရက်နေ့တွင် သွားရောက်လှူဒါန်းမှာ ဖြစ်ရာ မတ်လ(၂၆)ရက်နေ့ နောက်ဆုံးထားကာ ဖော်ပြပါ ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်၍ လှူဒါန်းနိုင်မှာ ဖြစ်သည်။

ဆက်သွယ်ရန်
စိုးမိုး - ကုန်စုံဆိုင်
ဘီတီ ဆီပန့်အကျော်၊ ရန်အောင်မြေရပ်ကွက်(၃)၊ ဗိုလ်ချုပ်လမ်းမဘေး၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ 095241807 , 09428232629 , 09257257024
ထိုင်းဖုန်း။ 0831561483

မိုင်းခတ်မြို့နယ်၊ နောင်လုံး အုပ်စု၊ အင်လုံရွာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်(၂၀၄.၈)သိန်းရှိပြီး အိမ်ထောင်စု (၄၈)စုမှ လူကြီးနှင့် ကလေးစုစုပေါင်း (၂၅၈) ဦး မီးဘေးသင့်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
« PREV
NEXT »