Update News

ပေါ့ဆမီးကြောင့် အိမ်ခြေ ၄၈ လုံး မီးလောင်ခဲ့သည့် အင်လုံကျေးရွာပြန်လည်ထူထောင်ရေး ဝေဠုကျော်ဖောင်ဒေးရှင်း ကူညီ



မိုင်းခတ်၊ မတ်လ (၁၈) ရက် ။   ။ ပေါ့ဆမီးကြောင့် အိမ်ခြေ(၄၈)လုံး မီးလောင်ကျွမ်းသွားခဲ့သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ် အတွင်းမှ အင်လုံကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် မတ်လ(၁၇)ရက်နေ့တွင် ဝေဠုကျော်ဖောင်ဒေးရှင်းမှ သွားရောက်လျှက်ရှိကြောင်း သိရသည်။

"ကိုဝေဠုကျော်နဲ့ အဖွဲ့ဝင်တွေ ကျိုင်းတုံကို ဒီနေ့(မတ်လ ၁၇)ပဲ သွားတာပါ။ မီးဘေးကူညီထောက်ပံ့ရေး ကိစ္စတွေကို ဆောင်ရွက်ဖို့ သွားတာပါ"ဟု ဝေဠုကျော်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ကိုထွေးက ပြောသည်။

မီးဘေးသင့်ခဲ့သော နောင်လုံးအုပ်စု၊ အင်လုံကျေးရွာအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မှ ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့ဝင်များနှင့် အတူ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးကိစ္စများ ဆောင်ရွက် သွားမည်ဖြစ်ပြီး မန္တလေးမှ ပန်းပျိုးသူပရဟိတအဖွဲ့မှလည်း မီးဘေးသင့်ကျေးရွာအတွက် (ကျပ်-တစ်ဆယ်နှစ်သိန်းကိုးသောင်း)အား ဝေဠုကျော် ဖောင်ဒေးရှင်းမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။




သတင်း။  ။ ကိုဇက်
ဓာတ်ပုံ။  ။ ကိုရဲမြင့်အောင်
**********


တာချီလိတ်၊ မတ်လ (၁၈) ရက်။ ပေါ့ဆမီးကြောင့် အိမ်ခြေ(၄၈)လုံး မီးလောင်ကျွမ်းသွားခဲ့သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ် အတွင်းမှ အင်လုံကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် မတ်လ(၁၇)ရက်နေ့တွင်ေဝဠုကျော်ဖောင်ဒေးရှင်းမှ သွားရောက်လျှက်ရှိကြောင်း သိရသည်။

"ကေိုဝဠုကျော်နဲ့ အဖွဲ့ဝင်တွေ ကျိုင်းတုံကို ဒီနေ့(မတ်လ ၁၇)ပဲ သွားတာပါ။ မီးဘေးကူညီထောက်ပံ့ရေး ကိစ္စတွေကို ဆောင်ရွက်ဖို့ သွားတာပါ"ဟုေဝဠုကျော်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ကိုထွေးက ပြောသည်။

မီးဘေးသင့်ခဲ့သော နောင်လုံးအုပ်စု၊ အင်လုံကျေးရွာအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မှေဝဠုကျော် ဖောင်ဒေးရှင်း အဖွဲ့ဝင်များနှင့် အတူ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးကိစ္စများ ဆောင်ရွက် သွားမည်ဖြစ်ပြီး မန္တလေးမှ ပန်းပျိုးသူပရဟိတအဖွဲ့မှလည်း မီးဘေးသင့်ကျေးရွာအတွက် (ကျပ်-တစ်ဆယ်နှစ်သိန်းကိုးသောင်း)အားေဝဠုကျော် ဖောင်ဒေးရှင်းမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ မီးဘေးသင့်ဒေသသို့ ကျိုင်းတုံမြို့မှ စေတနာရှင်များလည်း သွားရောက်ထောက်ပံ့လှူဒါန်းလျှက်ရှိပြီး တာချီလိတ်မြို့မှ တာချီလိတ်လူငယ်ကွန်ရက်မှလည်း မတ်လ(၂၇)ရက်နေ့တွင် သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မီးဘေးသင့် အင်လုံကျေးရွာတွင် အိမ်ခြေ(၅၃)လုံးရှိသည့်အနက် (၄၈)လုံးမီးလောင်ကျွမ်းသွားခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု(၄၈)လုံးမှ လူဦးရေ(၂၅၈)ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် မတ်လ(၁၂)ရက်နေ့က လူစောင့်မရှိဘဲ ထမင်းအိုးတည်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်
ဓာတ်ပုံ။ ကိုရဲမြင့်အောင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~

« PREV
NEXT »