မိုင်းလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နွေရာသီ ကွန်ပျူတာသင်တန်း အခမဲ့ပို့ချ
မိုင်းလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နွေရာသီ ကွန်ပျူတာသင်တန်း အခမဲ့ပို့ချ
မတျ 1, 2016
By Tachileik News Agency
တာလေ၊ မတ်လ(၁)ရက် ။   ။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ဒေသခံ တိုင်းရင်းသားများအတွက် နွေရာသီ ကွန်ပျူတာသင်တန်းကို မတ်လ (၁) ရက်မှစ၍ အခမဲ့ ပို့ချပေးနေကြောင်း သိရသည်။
ယခုလက်ရှိတွင် ကွန်ပျူတာ အခြေခံသင်တန်းများသာ ဖွင့်လှစ်လျှက်ရှိပြီး နောက်ပိုင်းတွင် ကွန်ပျူတာပြုပြင်ခြင်းသင်တန်း၊ ပရိုဂရမ်ရေးဆွဲနည်းနှင့် စာရင်းအင်းပညာများပါ သင်ကြားမည်ဖြစ်ကြောင်း နှင့် ကွန်ပျူတာ အလုံး(၂၀)ဖြင့် လက်တွေ့သင်ကြားပို့ချပေးနေလျှက်ရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
****************
( unicode )
တာလေ၊ မတ်လ(၁)ရက် ။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ဒေသခံ တိုင်းရင်းသားများအတွက် ကွန်ပျူတာသင်တန်းကို မတ်လ (၁) ရက်မှစ၍ အခမဲ့ ပို့ချပေးနေကြောင်း သိရသည်။
“အဓိက ကတော့ တိုင်းရင်းသားတွေ နည်းပညာနဲ့ နီးစပ်စေချင်တဲ့ စေတနာနဲ့ပါ။ အခုကလေးတွေ နွေရာသီ ကျောင်းပိတ်ရက်မှာ အချိန်အလဟဿ မဖြစ်စေချင်လို့ ဖွင့်လှစ်ပေးတာပါ"ဟု မိုင်းလင်းဆရာတော်၏ေဝယျာဝစ္စတစ်ဦးဖြစ်သူ ဦးသန့်ဇင်လတ်က ပြောသည်။
မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဝိမလ ဦးစီး၍ ဖွင့်လှစ်သည့် အဆိုပါ သင်တန်းတွင် သင်တန်းသား(၃၀)ဦးခန့်ရှိကြောင်း သိရသည်။
"သင်တန်းသားက ကွန်ပျူတာ အလုံးအရေအတွက်ထက် များနေတော့ အတန်းချိန်ကို (၃)ချိန်ခွဲပြီး သင်ပေးနေပါတယ်။ သင်တန်းကို နောက်ပိုင်း အဆင်မြင့်အတန်းတွေ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ပါတယ်"ဟု သင်တန်းတက်ရောက်နေသူတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် ကွန်ပျူတာ အခြေခံသင်တန်းများသာ ဖွင့်လှစ်လျှက်ရှိပြီး နောက်ပို်င်းတွင် ကွန်ပျူတာပြုပြင်ခြင်းသင်တန်း၊ ပရိုဂရမ်ရေးဆွဲနည်းနှင့် စာရင်းအင်းပညာများပါ သင်ကြားမည်ဖြစ်ကြောင်း နှင့် ကွန်ပျူတာ အလုံး(၂၀)ဖြင့် လက်တွေ့သင်ကြားပို့ချပေးနေလျှက်ရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~