မေကြးတိုင္းအတြင္းရိွ ေက်းရြာ ၁၄၂ ရြာခန္႔ ေရရွားပါးမႈ ျပႆနာႏွင့္ ႀကံဳေတြ႔ရႏိုင္

မေကြးတိုင္းအတြင္းရိွ ေက်းရြာ ၁၄၂ ရြာခန္႔ ေရရွားပါးမႈ ျပႆနာႏွင့္ ႀကံဳေတြ႔ရႏိုင္
မတ် 30, 2016
By Tachileik News Agency

မေကြး၊ မတ္လ (၂၈) ရက္ ။   ။ အယ္လ္နီညိဳျဖစ္စဥ္ေၾကာင္႔ မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေက်းရြာ (၁၄၂) ရြာခန္႔ ေရရွားပါးမႈ ျပႆနာႏွင့္ ႀကံဳေတြ႔ရႏိုင္သည္ဟု ခန္႔မွန္းထားေၾကာင္း မေကြးတိုင္းေဒသႀကီး၊ ေက်းလက္ေဒသဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။

“ဌာနရဲ႕ ကြင္းဆင္းေလ႔လာေတြ႔ရိွခ်က္ေတြအရ အခုႏွစ္ေႏြရာသီမွာ မေကြးတိုင္းေဒသႀကီးအတြင္းမွာရိွတဲ႔ ေက်းရြာ ၁၄၂ ရြာေလာက္ဟာ ေရရွားပါးမႈျပႆနာနဲ႔ႀကံဳေတြ႔ရႏိုင္တယ္လို႔ ခန္႔မွန္းရတဲ႔အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြကို ဇန္နဝါရီ လကတည္းက စီမံကိန္းေတြေရးဆဲြထားတာေၾကာင့္ အရမ္းႀကီး စိုးရိမ္ရတဲ႔ အေျခအေနမွာေတာ့ မရိွပါဘူး”ဟု မေကြးတိုင္းေဒသႀကီး ၊ ေက်းလက္ေဒသဖံြ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာန မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေဇာ္လင္းႏိုင္က ေျပာသည္။

ေရရွားပါးမႈႏွင့္ ႀကံဳေတြ႔ရႏိုင္ေသာ ေက်းရြာမ်ားနွင္႔ အနီးစပ္ဆံုးတြင္ရိွသည္႔ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္၊ စက္ေရတြင္း ႏွင္႔ ေရကန္မ်ားမွ ေရမ်ားကို မီးသတ္ယာဥ္မ်ား၊ ဌာနပိုင္ေရသယ္ယာဥ္မ်ား၊ ပုဂၢလိက ေရသယ္ ယာဥ္မ်ားျဖင့္ သယ္ယူစုေဆာင္း၍ ျဖန္႔ေဝျခင္းမ်ား ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေက်းရြာေတြရဲ႕ ေန႔စဥ္ေရလိုအပ္ခ်က္ေတြကို တြက္ခ်က္ၿပီး တစ္လကိုဘယ္ႏွစ္ႀကိ္မ္၊ တစ္ပတ္ကို ဘယ္ႏွစ္ႀကိမ္ စသည္ျဖင္႔ ျဖန္႔ေဝေပးဖို႔စီစဥ္ထားပါတယ္။ ေက်းရြာေတြက ေျမသားေရကန္ေတြမွာရိွေနတဲ႔ ေရကိုလည္း ေရျပတ္လပ္မႈမရိွေစဖို႔ နွင့္  စိုက္ပ်ိဳးေရးအတြက္ အသံုးမျပဳေစဘဲ ေသာက္သံုးေရအတြက္သာ အသံုးျပဳၾကဖို႔ သက္ဆိုင္ရာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ေတြက လမ္းညႊန္ခ်က္ေတြ ထုတ္ျပန္ထားပါ တယ္”ဟု ဦးေဇာ္လင္းႏိုင္က ေျပာသည္။

ေက်းရြာမ်ားရိွ ေရတြင္း၊ ေရကန္မ်ား ပ်က္ဆီးမႈရိွလွ်င္ ေက်းလက္ဦးစီးဌာနမွ ျပင္ဆင္ေရးအဖဲြ႔ႏွင္႔ ခ်ိတ္ဆက္ေဆာင္ရြက္ေပးလွ်က္ရိွၿပီး အကူအညီလိုအပ္ပါက ဆက္သြယ္ႏိုင္ရန္ ေက်းလက္ဦးစီးဌာနရံုး ဖုန္းနံပါတ္မ်ား၊ တာဝန္ရိွသူမ်ား၏ ဖုန္းနံပါတ္မ်ားအား Facebook လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္လည္း ေဖာ္ျပေပးထားေၾကာင္းသိရသည္။

“မေကြးၿမိဳ႕နယ္အတြင္းမွာရိွတဲ႔ ေရရွားပါးမႈနဲ႔ ႀကံဳေတြ႔ရႏိုင္တဲ႔ ေက်းရြာေတြက ႏြားေတြအတြက္လည္း လိုအပ္တဲ႔အခ်ိန္မွာ ျမစ္နားေခ်ာင္းနားကို သယ္ေဆာင္ထားရိွႏိုင္ဖို႔ စီစဥ္ထားပါတယ္။ တခ်ိဳ႕ဆို ေရႊ႕ေျပာင္းေပးေနပါၿပီ။”ဟု မေကြးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေစာထြန္းဦးကေျပာသည္။

လက္ရိွတြင္ သက္ႀကီးရြယ္အိုမ်ားႏွင့္ ကေလးမ်ား ေန႔အခ်ိန္တြင္ အရိပ္ခိုနားေနႏိုင္ရန္ ထန္းလက္တဲမ်ားကို ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားတြင္  တည္ေဆာက္ေပးထားေၾကာင္း သိရသည္။

“ ၿမိဳ႕ေပၚမွာလည္း အပူခ်ိန္သတိေပးခ်က္ LED မီးဆိုင္းဘုတ္ေလးခုကို အသြားအလာမ်ားတဲ႔ လမ္းဆံုေတြမွာ ထားရိွေပးထားၿပီး အပူရွိန္အႏၱရာယ္ေရွာင္ရွားႏိုင္ေရးအတြက္ လိုက္နာေဆာင္ရြက္ရမယ္႔ သတိေပးခ်က္ေတြ ေဖာ္ျပထားတဲ႔ လက္ကမ္းစာေစာင္ေတြကိုလည္း ျဖန္႔ေဝေပးထားပါတယ္”ဟု မေကြးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေစာထြန္းဦးက ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေရရွားပါးမႈျပႆနာႏွင္႔ႀကံဳေတြ႔ရႏိုင္ေသာ ေက်းရြာမ်ားမွာ မေကြး ခရိုင္အတြင္း(၂၉)ရြာ၊မင္းဘူးခရိုင္အတြင္း (၉)ရြာ၊ပခုကၠဴခရိုင္အတြင္း(၄၃)ရြာ၊ဂန္႔ေဂါခရိုင္အတြင္း(၈)ရြာႏွင္႔ သရက္ခရိုင္အတြင္း(၅၃)ရြာ တို႔ျဖစ္ေၾကာင္း တိုင္းေဒသႀကီး ေက်းလက္ေဒသဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရိွရသည္။

သတင္း။  ။ ဖီးနစ္
.................

( unicode )

မကွေး၊ မတ်လ (၂၈) ရက်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၄၂) ရွာခန့် ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ရနိုင်သည်ဟု ခန့်မှန်းထားကြောင်း မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ဌာနရဲ့ ကွင်းဆင်းလေ့လာတွေ့ရှိချက်တွေအရ အခုနှစ်နွေရာသီမှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျေးရွာ ၁၄၂ ရွာလောက်ဟာ ရေရှားပါးမှုပြဿနာနဲ့ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းရတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဇန်နဝါရီ လကတည်းက စီမံကိန်းတွေရေးဆွဲထားတာကြောင့် အရမ်းကြီး စိုးရိမ်ရတဲ့ အခြေအနေမှာတော့ မရှိပါဘူး”ဟု မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းနိုင်က ပြောသည်။

ရေရှားပါးမှုနှင့် ကြုံတွေ့ရနိုင်သော ကျေးရွာများနှင့် အနီးစပ်ဆုံးတွင်ရှိသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ စက်ရေတွင်း နှင့် ရေကန်များမှ ရေများကို မီးသတ်ယာဉ်များ၊ ဌာနပိုင်ရေသယ်ယာဉ်များ၊ ပုဂ္ဂလိက ရေသယ် ယာဉ်များဖြင့် သယ်ယူစုဆောင်း၍ ဖြန့်ဝခြေင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျေးရွာတွေရဲ့ နေ့စဉ်ရေလိုအပ်ချက်တွေကို တွက်ချက်ပြီး တစ်လကိုဘယ်နှစ်ကြိ်မ်၊ တစ်ပတ်ကို ဘယ်နှစ်ကြိမ် စသည်ဖြင့် ဖြန့်ဝေပေးဖို့စီစဉ်ထားပါတယ်။ ကျေးရွာတွေက မြေသားရေကန်တွေမှာရှိနေတဲ့ ရေကိုလည်း ရပြေတ်လပ်မှုမရှိစေဖို့ နှင့် စိုက်ပျိုးရေးအတွက် အသုံးမပြုစေဘဲ သောက်သုံးရေအတွက်သာ အသုံးပြုကြဖို့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွေက လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပါ တယ်”ဟု ဦးဇော်လင်းနိုင်က ပြောသည်။

ကျေးရွာများရှိ ရေတွင်း၊ ရေကန်များ ပျက်ဆီးမှုရှိလျှင် ကျေးလက်ဦးစီးဌာနမှ ပြင်ဆင်ရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိပြီး အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ရန် ကျေးလက်ဦးစီးဌာနရုံး ဖုန်းနံပါတ်များ၊ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များအား Facebook လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဖော်ပြပေးထားကြောင်းသိရသည်။

“မကွေးမြို့နယ်အတွင်းမှာရှိတဲ့ ရေရှားပါးမှုနဲ့ ကြုံတွေ့ရနိုင်တဲ့ ကျေးရွာတွေက နွားတွေအတွက်လည်း လိုအပ်တဲ့အချိန်မှာ မြစ်နားချောင်းနားကို သယ်ဆောင်ထားရှိနိုင်ဖို့ စီစဉ်ထားပါတယ်။ တချို့ဆို ရွှေ့ပြောင်းပေးနေပါပြီ။”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးကပြောသည်။

လက်ရှိတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများ နေ့အချိန်တွင် အရိပ်ခိုနားနေနိုင်ရန် ထန်းလက်တဲများကို ဘုန်းတော်ကြီး ကျောင်းများတွင် တည်ဆောက်ပေးထားကြောင်း သိရသည်။

“ မြို့ပေါ်မှာလည်း အပူချိန်သတိပေးချက် LED မီးဆိုင်းဘုတ်လေးခုကို အသွားအလာများတဲ့ လမ်းဆုံတွေမှာ ထားရှိပေးထားပြီး အပူရှိန်အန္တရာယ်ရှောင်ရှားနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမယ့် သတိပေးချက်တွေ ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေပေးထားပါတယ်”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးမှုပြဿနာနှင့်ကြုံတွေ့ရနိုင်သော ကျေးရွာများမှာ မကွေး ခရိုင်အတွင်း(၂၉)ရွာ၊မင်းဘူးခရိုင်အတွင်း (၉)ရွာ၊ပခုက္ကူခရိုင်အတွင်း(၄၃)ရွာ၊ဂန့်ဂေါခရိုင်အတွင်း(၈)ရွာနှင့် သရက်ခရိုင်အတွင်း(၅၃)ရွာ တို့ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

သတင်း။ ဖီးနစ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~