မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က မီဒီယာလြတ္လပ္မႈအေပၚ အေလးထားမည္ဟုဆို

မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က မီဒီယာလြတ္လပ္မႈအေပၚ အေလးထားမည္ဟုဆို
မတ် 30, 2016
By Tachileik News Agency

မေကြး၊ မတ္လ (၃၀) ရက္ ။   ။ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက တိုင္းေဒသႀကီးအတြင္း မီဒီယာလြတ္လပ္မႈကို အေလးထားမည္ျဖစ္ေၾကာင္း ေျပာၾကားလိုက္သည္။

မီဒီယာအခန္းက႑ႏွင့္ပတ္သက္၍  ျပည္ေထာင္စုအစိုးရမွ လိုက္ေလ်ာႏိုင္သည့္ကိစၥရပ္မ်ားအေပၚ မေကြးတိုင္းေဒသႀကီးအစိုးရဖြဲ႔ အေနျဖင့္ မလိုက္ေလ်ာႏိုင္စရာအေၾကာင္းမရိွဟု  မတ္ လ (၂၈)ရက္ေန႔က ေျပာၾကားလိုက္ျခင္းျဖစ္သည္။

“ျပည္ေထာင္စုအစိုးရက လိုက္ေလ်ာသင့္တာေတြကို လိုက္ေလ်ာႏိုင္ေအာင္ ကၽြန္ေတာ္တို႔က ႀကိဳးစားလုပ္ေပးရမွာေပါ႔။”ဟု ေဒါက္တာ ေအာင္မိုးညိဳက ေျပာသည္။

မီဒီယာသည္ ျပည္သူ႔နား၊ ျပည္သူ႔မ်က္စိျဖစ္၍  မီဒီယာပြင့္လင္းမႈအေပၚ အေလးထားေသာ္လည္း စည္းကမ္းရိွရန္ လိုအပ္သည္ဟု ဆိုသည္။

“အရမ္းအားရေက်နပ္ဖို႔ေကာင္းပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ မီဒီယာလြတ္လပ္မႈ မရရိွခဲ့ဘဲ အဖိႏိွပ္ ခံခဲ့ရ၊ တရားစဲြခံခဲ့ရ၊ ေထာင္အခ်ခံခဲ့ရတဲ့ ျဖစ္ရပ္ေတြေၾကာင့္ အမည္ဆိုးနဲ႔ေက်ာ္ၾကားခဲ႔တဲ့ ကၽြန္ေတာ္တို႔ တိုင္းေဒသႀကီးအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ သန္းလာၿပီလို႔ ဆိုရမွာပါ”ဟု ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္း(MJA)(မေကြးတိုင္းေဒသႀကီး)အတြင္းေရးမွဴး ဦးေဌးလြင္ေသာင္း က
ေျပာသည္။

ယခင္အစိုးရမ်ား လက္ထက္က မေကြးတိုင္းေဒသႀကီးတြင္ မီဒီယာလြတ္လပ္ခြင့္မရိွဘဲ မီဒီယာသမားအခ်ိဳ႕ တရားစဲြဆိုခံခဲ့ရျခင္းမ်ား၊ စာေပေဟာေျပာပဲြမ်ား ျပဳလုပ္ခြင့္ပိတ္ပင္ခံခဲ့ရျခင္းမ်ား ရိွခဲ့ျခင္းျဖစ္သည္။

သတင္း။  ။ ဖီးနစ္
***********

( unicode )

မကွေး၊ မတ်လ (၃၀) ရက်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်းဒေသကြီးအတွင်း မီဒီယာလွတ်လပ်မှုကို အလေးထားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မီဒီယာအခန်းကဏ္ဍနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ လိုက်လျောနိုင်သည့်ကိစ္စရပ်များအပေါ် မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ အနဖြေင့် မလိုက်လျောနိုင်စရာအကြောင်းမရှိဟု မတ် လ (၂၈)ရက်နေ့က ပြောကြားလိုက်ခြင်းဖြစ်သည်။

“ပြည်ထောင်စုအစိုးရက လိုက်လျောသင့်တာတွေကို လိုက်လျောနိုင်အောင် ကျွန်တော်တို့က ကြိုးစားလုပ်ပေးရမှာပေါ့။”ဟု ဒေါက်တာ အောင်မိုးညိုက ပြောသည်။

မီဒီယာသည် ပြည်သူ့နား၊ ပြည်သူ့မျက်စိဖြစ်၍ မီဒီယာပွင့်လင်းမှုအပေါ် အလေးထားသော်လည်း စည်းကမ်းရှိရန် လိုအပ်သည်ဟု ဆိုသည်။

“အရမ်းအားရကျေနပ်ဖို့ကောင်းပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ မီဒီယာလွတ်လပ်မှု မရရှိခဲ့ဘဲ အဖိနှိပ် ခံခဲ့ရ၊ တရားစွဲခံခဲ့ရ၊ ထောင်အချခံခဲ့ရတဲ့ ဖြစ်ရပ်တွေကြောင့် အမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီလို့ ဆိုရမှာပါ”ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)(မကွေးတိုင်းဒေသကြီး)အတွင်းရေးမှူး ဦးဌေးလွင်သောင်း က
ပြောသည်။

ယခင်အစိုးရများ လက်ထက်က မကွေးတိုင်းဒေသကြီးတွင် မီဒီယာလွတ်လပ်ခွင့်မရှိဘဲ မီဒီယာသမားအချို့ တရားစွဲဆိုခံခဲ့ရခြင်းများ၊ စာပေဟောပြောပွဲများ ပြုလုပ်ခွင့်ပိတ်ပင်ခံခဲ့ရခြင်းများ ရှိခဲ့ခြင်းဖြစ်သည်။

သတင်း။ ဖီးနစ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~