ေက်းလက္ေန တို္င္းရင္းသား ျပည္သူမ်ားအသိပညာဗဟုသုတ တုိးတက္ရရွိေရး တာခ်ီလိတ္၌ ေက်းလက္စာၾကည့္တုိက္မ်ားဖြင့္ေပး

ေက်းလက္ေန တို္င္းရင္းသား ျပည္သူမ်ားအသိပညာဗဟုသုတ တုိးတက္ရရွိေရး တာခ်ီလိတ္၌ ေက်းလက္စာၾကည့္တုိက္မ်ားဖြင့္ေပး
မတ် 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၆)။   ။ ေက်းလက္ေနျပည္သူမ်ား စာေပအလြယ္တကူ ဖတ္ရႈႏုိင္ျခင္းျဖင့္ အသိပညာဗဟုသုတမ်ား တုိးတက္ ရရွိကာ လူ႔စြမ္းအား အရင္းအျမစ္မ်ား ဖံြ႕ၿဖဳိးတုိးတက္ေစေရးအတြက္ ရွမ္းျပည္နယ္ (အေရွ႕ပုိင္း) တာခ်ီလိတ္ ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ေက်းရြာ စာၾကည့္တုိက္ဖြင့္ပဲြကုိ ယေန႔ နံနက္ (၉)နာရီက တာေလၿမဳိ႕၊ နားေယာင္းေက်းရြာအုပ္စု၊ ပန္ခ်ီဟတ္ေက်းရြာ ပညာေျမစာၾကည့္တုိက္ အေဆာက္အအံုေရွ႕၌ က်င္းပေၾကာင္း သိရသည္။

ေရွးဦးစြာ စာၾကည့္တုိက္အား ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ ဆက္ဆံေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးလွေဌး၊ ရွမ္းျပည္နယ္(အေရွ႕ပုိင္း)သတင္းစာဆရာမ်ားအသင္း ဥကၠ႒ ဦးေအာင္ၿဖဳိးရွိန္ ႏွင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေဂ်ာေလ တုိ႔က ဖဲႀကဳိးျဖတ္ဖြင့္လွစ္ေပးၿပီး၊ အေဆာက္အဦ အတြင္း၌ အခမ္းအနားက်င္းပရာ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး က စာၾကည့္တုိက္ ေရရွည္တည္တံ့ေရး အမွာစကားေျပာၾကားသည္။

ပန္ခ်ီဟတ္ေက်းရြာစာၾကည့္တုိက္အား ႏုိင္ငံေတာ္မွ မတည္ေငြက်ပ္သိန္း(၂၀)ႏွင့္ အလွဴရွင္မ်ား၏ လွဴ ဒါန္းေငြက်ပ္(၉)သိန္း စုစုေပါင္းေငြက်ပ္(၂၉)သိန္းျဖင့္ အလ်ား(၂၂)ေပ၊ အနံ(၁၄)ရွိ အုပ္တုိက္သြပ္မုိး အေဆာက္အဦျဖစ္သည္။

ထုိ႔ေနာက္ နံနက္ ၁၀နာရီ ခဲြတြင္ တာခ်ီလိတ္ၿမဳိ႕နယ္၊ မုိင္းကုိးေက်းရြာအုပ္စု၊ ရန္ကုန္ေက်းရြာ ပညာရိပ္ၿမဳိင္ စာၾကည့္တုိက္အေဆာက္အဦအား ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ ဆံေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးလွေဌး ႏွင့္ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး ဦးစုိင္းကပ္ခမ္း တုိ႔က ဖဲႀကဳိးျဖတ္ဖြင့္ လွစ္ေပးသည္။

ယင္းစာၾကည့္တုိက္သည္ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္၊ ျမန္မာႏုိင္ငံစာၾကည့္တုိက္မ်ားေဖာင္ေဒးရွင္းမွ ေထာက္ပံ့ေငြက်ပ္ (၁၀)သိန္းႏွင့္ ေက်းရြာအလွဴရွင္မ်ားမွ ပါ၀င္လွဴဒါန္းေငြက်ပ္(၁၇)သိန္း စုစုေပါင္းေငြ က်ပ္(၂၇) သိန္းျဖင့္ အလ်ား(၂၂)ေပ၊အနံ (၁၄)ေပရွိ အုတ္တုိက္သြပ္မုိးအေဆာက္အဦ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဆက္လက္၍ မယ္လိတ္ပါေကာ္ေက်းရြာ ပညာရတနာမြန္ စာၾကည့္တုိက္ အေဆာက္အဦ အား နံနက္ ၁၁ နာရီတြင္ ဖြင့္ပဲြက်င္းပရာ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးလွေဌး၊ ရွမ္း(အေရွ႕)သတင္းစာဆရာမ်ားအသင္း ဥကၠ႒ ဦးေအာင္ၿဖဳိးရွိန္ ႏွင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးအားဖာ တုိ႔က ဖဲႀကဳိးျဖတ္ဖြင့္လွစ္ေပးသည္။

ယင္းေနာက္ ဖြင့္ပဲြအထိမ္းအမွတ္ အခမ္းအနားက်င္းပရာ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး က စာၾကည့္တုိက္ရွင္သန္ဖံြ႕ၿဖဳိးေရး ႏွင့္ စပ္လ်ဥ္း၍ အဖြင့္အမွာစကား ေျပာၾကားၿပီး၊ ခရုိင္ျပန္/ဆက္ဦးစီး အရာရွိက  ပါ၀င္လွဴဒါန္းသူမ်ားအား ေက်းဇူးတင္ စကားေျပာၾကားကာ ၊ ဒုတိယဦးစီးမွဴး ေဒၚခုိင္ခုိင္လင္း က   အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ ေပးအပ္သည္။

ထုိ႔ေနာက္ ရွမ္း(အေရွ႕)သတင္းစာဆရာမ်ားအသင္း အတြင္းေရးမွဴး ဦး၀င္းေအာင္ေဇာ္(တာခ်ီလိတ္သတင္း ေအဂ်င္စီ) ႏွင့္ ကုိထြန္းထြန္း၀င္း(ကုိထြန္း-မုိင္းျဖတ္) ေရႊႀတိဂံသတင္းလႊာအယ္ဒီတာခ်ဳပ္တုိ႔က စာအုပ္စာေစာင္မ်ား ေပးအပ္လွဴဒါန္းရာ ေက်းရြာစာၾကည့္တုိက္တာ၀န္ခံမ်ားက လက္ခံရယူသည္။

အဆုိပါ မယ္လိတ္ပါေကာ္ေက်းရြာ စာၾကည့္တုိက္သည္ ျမန္မာႏုိင္ငံစာၾကည့္တုိက္မ်ားေဖာင္ေဒးရွင္းမွ ေထာက္ပံ့ေငြက်ပ္(၁၀)သိန္း၊ အလွဴရွင္မ်ားမွ ပါ၀င္လွဴဒါန္းေငြက်ပ္(၃၁၆၅၀၀၀)၊ စုစုေပါင္းေငြက်ပ္(၄၁၆၅၀၀၀)ျဖင့္ အလ်ား(၃၀)ေပ၊ အနံ(၁၄)ေပရွိ အုတ္တုိက္ သြပ္မုိး အေဆာက္အဦ ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း
ဓာတ္ပံု။  ။ လွျမင့္(ျမ၀တီ)

 ( unicode )

တာချီလိတ်၊ မတ်လ (၂၆)။ ကျေးလက်နပြေည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက် ရရှိကာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးရွာ စာကြည့်တိုက်ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ ပညာမြေစာကြည့်တိုက် အဆောက်အအုံရှေ့၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျောလေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အဆောက်အဦ အတွင်း၌ အခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး က စာကြည့်တိုက် ရေရှည်တည်တံ့ရေး အမှာစကားပြောကြားသည်။

ပန်ချီဟတ်ကျေးရွာစာကြည့်တိုက်အား နိုင်ငံတော်မှ မတည်ငွေကျပ်သိန်း(၂၀)နှင့် အလှူရှင်များ၏ လှူ ဒါန်းငွေကျပ်(၉)သိန်း စုစုပေါင်းငွေကျပ်(၂၉)သိန်းဖြင့် အလျား(၂၂)ပေ၊ အနံ(၁၄)ရှိ အုပ်တိုက်သွပ်မိုး အဆောက်အဦဖြစ်သည်။

ထို့နောက် နံနက် ၁၀နာရီ ခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာ ပညာရိပ်မြိုင် စာကြည့်တိုက်အဆောက်အဦအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်း တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။

ယင်းစာကြည့်တိုက်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျေးရွာအလှူရှင်များမှ ပါဝင်လှူဒါန်းငွေကျပ်(၁၇)သိန်း စုစုပေါင်းငွေ ကျပ်(၂၇) သိန်းဖြင့် အလျား(၂၂)ပေ၊အနံ (၁၄)ပေရှိ အုတ်တိုက်သွပ်မိုးအဆောက်အဦ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ မယ်လိတ်ပါကော်ကျေးရွာ ပညာရတနာမွန် စာကြည့်တိုက် အဆောက်အဦ အား နံနက် ၁၁ နာရီတွင် ဖွင့်ပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး၊ ရှမ်း(အရှေ့)သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအားဖာ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး က စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ပြန်/ဆက်ဦးစီး အရာရှိက ပါဝင်လှူဒါန်းသူများအား ကျေးဇူးတင် စကားပြောကြားကာ၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်း က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ထို့နောက် ရှမ်း(အရှေ့)သတင်းစာဆရာများအသင်း အတွင်းရေးမှူး ဦးဝင်းအောင်ဇော်(တာချီလိတ်သတင်း အေဂျင်စီ) နှင့် ကိုထွန်းထွန်းဝင်း(ကိုထွန်း-မိုင်းဖြတ်) ရွှတြေိဂံသတင်းလွှာအယ်ဒီတာချုပ်တို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်တာဝန်ခံများက လက်ခံရယူသည်။

အဆိုပါ မယ်လိတ်ပါကော်ကျေးရွာ စာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ အလှူရှင်များမှ ပါဝင်လှူဒါန်းငွေကျပ်(၃၁၆၅၀၀၀)၊ စုစုပေါင်းငွေကျပ်(၄၁၆၅၀၀၀)ဖြင့် အလျား(၃၀)ပေ၊ အနံ(၁၄)ပေရှိ အုတ်တိုက် သွပ်မိုး အဆောက်အဦ ဖြစ်ကြောင်း သိရသည်။

သတင်း။ေဝယံလင်း
ဓာတ်ပုံ။ လှမြင့်(မြဝတီ)

#TachileikNewsAgency #TachileikOnlineNews www.tachileik.net