ဆိုင္ကယ္ျဖင့္ အိမ္လိုက္ပို႔သူက အဓမၼျပဳရန္ႀကံစည္မႈ က်ဳိင္းတုံ၌ ျဖစ္ပြား

ဆိုင္ကယ္ျဖင့္ အိမ္လိုက္ပို႔သူက အဓမၼျပဳရန္ႀကံစည္မႈ က်ဳိင္းတုံ၌ ျဖစ္ပြား
မတ် 19, 2016
By Tachileik News Agency

က်ိဳင္းတံု၊ မတ္လ (၁၉) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ပန္မက္မြန္ရြာမွ ေစ်းလာဝယ္သည့္ အသက္ ႏွစ္ဆယ္အရြယ္ အမ်ိဳးသမီးအား ဆိုင္ကယ္ျဖင့္ အိမ္လိုက္ပို႔သည့္ အသက္ေလးဆယ္အရြယ္ အမ်ဳိးသားက အဓမၼျပဳရန္ အားထုတ္ခဲ့မႈျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

" ကြၽန္မနဲ႔ အရင္က ရင္းႏီွးဖူးတဲ့သူဆိုေတာ့ ယံုၾကည္ၿပီး အားကိုးခဲ့တာ။ ခုလိုျဖစ္လာမယ္လို႔ မထင္ထားဘူး။ ေတာ္ေတာ္ ေၾကာက္သြားမိပါတယ္ " ဟု အဆိုပါ အမ်ိဳးသမီးက ေျပာသည္။

ျဖစ္စဥ္မွာ က်ဳိင္းတံုၿမိဳ႕နယ္၊ ပန္ၾကဴအုပ္စု၊ ပန္မက္မြန္ရြာတြင္ ေစ်းေရာင္းေနသူျဖစ္သည့္ အသက္ (၂၈) ႏွစ္အရြယ္အမ်ိဳးသမီးသည္ မတ္လ (၁၅) ရက္က ခင္ပြန္းႏွင့္အတူ ေစ်းဝယ္ရန္ က်ဳိင္းတံုၿမိဳ႕သို႔ လာရာတြင္ ဆိုင္ကယ္ပ်က္သျဖင့္ ဆိုင္ကယ္ဝပ္ေရွာ့ဆိုင္တြင္ ျပင္ထားၿပီး ဆိုင္ကယ္တကၠစီျဖင့္ ျပန္္ႏွင့္ရန္ တကၠစီလိုက္ရွာစဥ္ ယခင္က ခင္မင္ရင္းႏီွးခဲ့ဖူးသည့္ ယန္းခမ္းကားႀကီးကြင္းတြင္ ေနထိုင္ေသာ ဦးထြန္းႏိုင္ (ေခၚ) ကုလား ဆိုသူက လိုက္ပို႔ေပးမည္ ဆိုကာ ဆိုင္ကယ္ျဖင့္ တင္ေဆာင္သြားၿပီး ၎၏ ေနအိမ္ေစ်းဆိုင္ေရာက္ခါနီး တစ္ေနရာတြင္ မတရားႀကံစည္ရန္ ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးသည္ ေနအိမ္သို႔ ေရာက္လွ်င္ ခင္ပြန္းျဖစ္သူကို ဖုန္းျဖင့္ အေၾကာင္းၾကားၿပီး မတ္လ (၁၆) ရက္က က်ဳိင္းတံုၿမိဳ႕သို႔ ျပန္သြားကာ ၎အား အဓမၼျပဳက်င့္ရန္ ႀကိဳးပမ္းခဲ့သည့္ အသက္ (၄၀)အရြယ္  ဦးထြန္းႏိုင္ (ေခၚ) ဦးကုလားအား ဥပေဒအရ အေရးယူေပးရန္ တိုင္တန္းသျဖင့္ မတ္လ (၁၆) ရက္ေန႔မွာပင္ က်ဳိင္းတံုၿမိဳ႕မရဲစခန္း၌ (ပ) ၄၆ /၂၀၁၆၊ ျပစ္မႈ ပုဒ္မ ၃၇၆/ ၅၁၁ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

*************

( unicode )

ကျိုင်းတုံ၊ မတ်လ (၁၉) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပန်မက်မွန်ရွာမှ ဈေးလာဝယ်သည့် အသက် နှစ်ဆယ်အရွယ် အမျိုးသမီးအား ဆိုင်ကယ်ဖြင့် အိမ်လိုက်ပို့သည့် အသက်လေးဆယ်အရွယ် အမျိုးသားက အဓမ္မပြုရန် အားထုတ်ခဲ့မှုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

" ကျွန်မနဲ့ အရင်က ရင်းနှီးဖူးတဲ့သူဆိုတော့ ယုံကြည်ပြီး အားကိုးခဲ့တာ။ ခုလိုဖြစ်လာမယ်လို့ မထင်ထားဘူး။ တော်တော် ကြောက်သွားမိပါတယ် " ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ ပန်ကြူအုပ်စု၊ ပန်မက်မွန်ရွာတွင် ဈေးရောင်းနေသူဖြစ်သည့် အသက် (၂၈) နှစ်အရွယ်အမျိုးသမီးသည် မတ်လ (၁၅) ရက်က ခင်ပွန်းနှင့်အတူ ဈေးဝယ်ရန် ကျိုင်းတုံမြို့သို့ လာရာတွင် ဆိုင်ကယ်ပျက်သဖြင့် ဆိုင်ကယ်ဝပ်ရှော့ဆိုင်တွင် ပြင်ထားပြီး ဆိုင်ကယ်တက္ကစီဖြင့် ပြန်နှင့်ရန် တက္ကစီလိုက်ရှာစဉ် ယခင်က ခင်မင်ရင်းနှီးခဲ့ဖူးသည့် ယန်းခမ်းကားကြီးကွင်းတွင် နေထိုင်သော ဦးထွန်းနိုင် (ခေါ်) ကုလား ဆိုသူက လိုက်ပို့ပေးမည် ဆိုကာ ဆိုင်ကယ်ဖြင့် တင်ဆောင်သွားပြီး၎င်း၏ နေအိမ်ဈေးဆိုင်ရောက်ခါနီး တစ်နေရာတွင် မတရားကြံစည်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် နေအိမ်သို့ ရောက်လျှင် ခင်ပွန်းဖြစ်သူကို ဖုန်းဖြင့် အကြောင်းကြားပြီး မတ်လ (၁၆) ရက်က ကျိုင်းတုံမြို့သို့ ပြန်သွားကာ၎င်းအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည့် အသက် (၄၀)အရွယ် ဦးထွန်းနိုင် (ခေါ်) ဦးကုလားအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် မတ်လ (၁၆) ရက်နေ့မှာပင် ကျိုင်းတုံမြို့မရဲစခန်း၌ (ပ) ၄၆ /၂၀၁၆၊ ပြစ်မှု ပုဒ်မ ၃၇၆/ ၅၁၁ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~