အငိုမတိတ္သည့္ သမီးအရင္းကို အေဖရင္းက ဓားျဖင့္ခုတ္သတ္

အငိုမတိတ္သည့္ သမီးအရင္းကို အေဖရင္းက ဓားျဖင့္ခုတ္သတ္
မတ် 3, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၃) ရက္ ။   ။ ငိုေနသည့္ လသားအရြယ္သမီးငယ္အား ဦးေခါင္းကို ဓားျဖင့္ခုတ္သျဖင့္ ကေလးငယ္ေသဆံုးသြားေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕နယ္၊ ပန္ၾကဴအုပ္စု၊ ပန္ေယာင္းရြာတြင္ မတ္လ(၁)ရက္ေန႔က ဦးရွဲခ်ီ (ခ) ဦးခ်ဲေခ်ေကာလာသည္ (၉)လအရြယ္ သမီးငယ္အား ခ်ီထားစဥ္ အငိုမတိတ္သည့္အတြက္ ဓားျဖင့္ခုတ္မည္ ေျပာသျဖင့္ ဇနီးျဖစ္သူက ေၾကာက္လန္႔ၿပီး ေအာ္ဟစ္အကူအညီေတာင္းရာ လာေရာက္တားဆီးသည့္ အိမ္နီးခ်င္းျဖစ္သူ ဦးယာခ်ီအားလည္း ဦးေခါင္းကို ဓားျဖင့္ ခုတ္လိုက္သျဖင့္ က်ိဳင္းတံုေဆးရံုႀကီးတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

အခင္းျဖစ္ပြားသည့္ အခ်ိန္သည္ မတ္လ(၁)ရက္ေန႔က ျဖစ္ပြားတာျဖစ္ၿပီး ကေလး၏ ဦးေခါင္းအား ဓားျဖင့္ခုတ္ကာ ေျမျပင္ေပၚသို႔ ပစ္ခ်ထားေၾကာင္း ႏွင့္  သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ႏွင့္  ပန္ၾကဴအုပ္စု ျပည္သူ႕စစ္တပ္ဖြဲ႕တို႔မွ ပူးေပါင္း၍ ေသဆံုးသူကေလး၏ ဖခင္ျဖစ္သူအား ၂၀၁၆ ခုႏွစ္ မတ္လ (၂ ) ရက္ေန႔ ညေန (၅) နာရီအခ်ိန္၌ ၎၏ ေနအိမ္အတြင္း၌ပင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

သမီးငယ္အား ဦးေခါင္းကို ဓားျဖင့္ခုတ္သတ္သူ ဦးရွဲခ်ီ (ခ) ဦးခ်ဲေခ်ေကာလာအား ဥပေဒအရ အေရးယူေပးပါရန္ ကေလး၏ မိခင္ျဖစ္သူ ေဒၚနာလယ္ႏွင့္ ဓားခုတ္ခံရသူ ဦးယာခ်ီ၏ သားျဖစ္သူ ဦးယာခ်ီးေလတို႔မွ အမႈဖြင့္တိုင္တန္းထားသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၃/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၂၆ ႏွင့္ (ပ) ၃၄/၂၀၁၆၊ ျပစ္မႈပုဒ္မွ ၃၀၂ တို႔ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရိွသည္။

သတင္း ။  ။ ဇင္ေအာင္
*********************

( unicode )

ကျိုင်းတုံ၊ မတ်လ (၃) ရက်။ ငိုနေသည့် လသားအရွယ်သမီးငယ်အား ဦးခေါင်းကို ဓားဖြင့်ခုတ်သဖြင့် ကလေးငယ်သေဆုံးသွားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ ပန်ကြူအုပ်စု၊ ပန်ယောင်းရွာတွင် မတ်လ(၁)ရက်နေ့က ဦးရှဲချီ (ခ) ဦးချဲချေကောလာသည် (၉)လအရွယ် သမီးငယ်အား ချီထားစဉ် အငိုမတိတ်သည့်အတွက် ဓားဖြင့်ခုတ်မည် ပြောသဖြင့် ဇနီးဖြစ်သူက ကြောက်လန့်ပြီး အော်ဟစ်အကူအညီတောင်းရာ လာရောက်တားဆီးသည့် အိမ်နီးချင်းဖြစ်သူ ဦးယာချီအားလည်း ဦးခေါင်းကို ဓားဖြင့် ခုတ်လိုက်သဖြင့် ကျိုင်းတုံဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် အချိန်သည် မတ်လ(၁)ရက်နေ့က ဖြစ်ပွားတာဖြစ်ပြီး ကလေး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်ကာ မြပြေင်ပေါ်သို့ ပစ်ချထားကြောင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပန်ကြူအုပ်စု ပြည်သူ့စစ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ သေဆုံးသူကလေး၏ ဖခင်ဖြစ်သူအား ၂၀၁၆ ခုနှစ် မတ်လ (၂ ) ရက်နေ့ ညနေ (၅) နာရီအချိန်၌၎င်း၏ နေအိမ်အတွင်း၌ပင် ဖမ်းဆီးရမိကြောင်း သိရသည်။

သမီးငယ်အား ဦးခေါင်းကို ဓားဖြင့်ခုတ်သတ်သူ ဦးရှဲချီ (ခ) ဦးချဲချေကောလာအား ဥပဒေအရ အရေးယူပေးပါရန် ကလေး၏ မိခင်ဖြစ်သူ ဒေါ်နာလယ်နှင့် ဓားခုတ်ခံရသူ ဦးယာချီ၏ သားဖြစ်သူ ဦးယာချီးလေတို့မှ အမှုဖွင့်တိုင်တန်းထားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ နှင့် (ပ) ၃၄/၂၀၁၆၊ ပြစ်မှုပုဒ်မှ ၃၀၂ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~