က်ိဳင္းတုံတကၠသိုလ္၌ ကြန္ပ်ဴတာ ဘာသာရပ္အတြက္ ကြန္ပ်ဴတာဌာနကို စတင္ဖြင့္လွစ္

က်ိဳင္းတုံတကၠသိုလ္၌ ကြန္ပ်ဴတာ ဘာသာရပ္အတြက္ ကြန္ပ်ဴတာဌာနကို စတင္ဖြင့္လွစ္
မတ် 3, 2016
By Tachileik News Agency
က်ဳိင္းတံု၊ မတ္လ(၃)ရက္ ။   ။ ႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း က်ိဳင္းတုံတကၠသိုလ္တြင္ ကြန္ပ်ဴတာ ဘာသာရပ္သင္ၾကားႏုိင္ရန္ ပထမဆံုး ကြန္ပ်ဴတာဌာနကို ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္တြင္ စတင္ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။
ကြန္ပ်ဴတာဘာသာရပ္ သင္ၾကားေရးအတြက္ ကြန္ပ်ဴတာဌာနကို ၂၀၁၆ ခုနွစ္ မတ္လ (၁)ရက္ေန႔က 
စတင္ ဖြင့္လွစ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
"က်ိဳင္းတုံတကၠသိုလ္မွာ ကြန္ပ်ဴတာဌာနကို ဒီစာသင္ႏွစ္မွ စၿပီးေတာ့ဖြင့္ႏိုင္တာပါ။ သင္႐ိုးၫႊန္းတမ္းမွာ 
ကြန္ပ်ဴတာ ဘာသာရပ္ပါေပမဲ့ အရင္ႏွစ္ေတြက ကြန္ပ်ဴတာဌာန မ႐ိွတဲ့အတြက္ ေက်ာင္းသားေတြက ကြန္ပ်ဴတာအခ်ိန္ဆို လက္မွတ္ပဲထိုးၿပီး ကြန္ပ်ဴတာဘာသာရပ္ကို ေလ့လာခြင့္မရခဲ့ၾကပါဘူး။"ဟု ကြန္ပ်ဴတာဌာနမွ ဌာနမွဴး ဆရာမေဒၚေခ်ာစုကိုကိုက ေျပာသည္။
က်ိဳင္းတုံတကၠသိုလ္ ကြန္ပ်ဴတာဌာနတြင္ ကြန္ပ်ဴတာ(၃၁)လုံးရိွၿပီး ေက်ာင္းသား၊ေက်ာင္းသူမ်ားကို အခ်ိန္မ်ားခြဲ၍ သက္ဆိုင္ရာ သင္တန္းႏွစ္အလိုက္ ဘာသာရပ္မ်ားခြဲ၍ သင္ၾကားေပးသြားမည္ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။ 
"အခုလို ေက်ာင္းမွာ ကြန္ပ်ဴတာဌာန သီးသန္႔ထားၿပီး ကြန္ပ်ဴတာဘာသာရပ္ကို သင္ရေတာ့မယ္ ဆိုေတာ့ ေကာင္းပါတယ္။ အခုကလည္း ကြန္ပ်ဴတာေခတ္ေရာက္ေနတဲ့အတြက္ ကြန္ပ်ဴတာေတာ့ သုံးတတ္မွ ျဖစ္မယ္ေလ"ဟု က်ိဳင္းတုံတကၠသိုလ္မွ ေက်ာင္းသားတစ္ဦးကေျပာသည္။
က်ိဳင္းတုံတကၠသိုလ္တြင္ အဓိကဘာသာရပ္ေပါင္း(၁၂)ခုတြင္ ေက်ာင္းသား၊ေက်ာင္းသူဦးေရ (၁၀၀၀)ခန္႔ ပညာသင္ၾကားေနျခင္းျဖစ္ရာ ကြန္ပ်ဴတာဌာနတြင္ ကြန္ပ်ဴတာဘာသာရပ္မ်ားကို သင္ၾကားေပးရန္ ဆရာမ(၁)ဦးသာ ႐ိွသည့္အတြက္ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
ဓာတ္ပံု။  ။ ဦးဘေအး
***************

( unicode )

ကျိုင်းတုံ၊ မတ်လ(၃)ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတက္ကသိုလ်တွင် ကွန်ပျူတာ ဘာသာရပ်သင်ကြားနိုင်ရန် ပထမဆုံး ကွန်ပျူတာဌာနကို ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ကွန်ပျူတာဘာသာရပ် သင်ကြားရေးအတွက် ကွန်ပျူတာဌာနကို ၂၀၁၆ ခုနှစ် မတ်လ (၁)ရက်နေ့က
စတင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျိုင်းတုံတက္ကသိုလ်မှာ ကွန်ပျူတာဌာနကို ဒီစာသင်နှစ်မှ စပြီးတော့ဖွင့်နိုင်တာပါ။ သင်ရိုးညွှန်းတမ်းမှာ
ကွန်ပျူတာ ဘာသာရပ်ပါပေမဲ့ အရင်နှစ်တွေက ကွန်ပျူတာဌာန မရှိတဲ့အတွက် ကျောင်းသားတွေက ကွန်ပျူတာအချိန်ဆို လက်မှတ်ပဲထိုးပြီး ကွန်ပျူတာဘာသာရပ်ကို လေ့လာခွင့်မရခဲ့ကြပါဘူး။"ဟု ကွန်ပျူတာဌာနမှ ဌာနမှူး ဆရာမဒေါ်ချောစုကိုကိုက ပြောသည်။

ကျိုင်းတုံတက္ကသိုလ် ကွန်ပျူတာဌာနတွင် ကွန်ပျူတာ(၃၁)လုံးရှိပြီး ကျောင်းသား၊ကျောင်းသူများကို အချိန်များခွဲ၍ သက်ဆိုင်ရာ သင်တန်းနှစ်အလိုက် ဘာသာရပ်များခွဲ၍ သင်ကြားပေးသွားမည် ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"အခုလို ကျောင်းမှာ ကွန်ပျူတာဌာန သီးသန့်ထားပြီး ကွန်ပျူတာဘာသာရပ်ကို သင်ရတော့မယ် ဆိုတော့ ကောင်းပါတယ်။ အခုကလည်း ကွန်ပျူတာခေတ်ရောက်နေတဲ့အတွက် ကွန်ပျူတာတော့ သုံးတတ်မှ ဖြစ်မယ်လေ"ဟု ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကပြောသည်။

ကျိုင်းတုံတက္ကသိုလ်တွင် အဓိကဘာသာရပ်ပေါင်း(၁၂)ခုတွင် ကျောင်းသား၊ကျောင်းသူဦးရေ (၁၀၀၀)ခန့် ပညာသင်ကြားနခြေင်းဖြစ်ရာ ကွန်ပျူတာဌာနတွင် ကွန်ပျူတာဘာသာရပ်များကို သင်ကြားပေးရန် ဆရာမ(၁)ဦးသာ ရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ ဦးဘအေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~