က်ိဳင္းတံုၿမိဳ႕တြင္ လွည့္ကင္းတာဝန္ေဆာင္ရြက္စဥ္ မူးယစ္ေဆးဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕တြင္ လွည့္ကင္းတာဝန္ေဆာင္ရြက္စဥ္ မူးယစ္ေဆးဖမ္းဆီးရမိ
မတ် 29, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၂၉) ရက္ ။   ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က်ဳိင္းတံုၿမိဳ႕တြင္ ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ညပိုင္းလွည့္ကင္းေဆာင္ရြက္ေနစဥ္ မသကၤာဖြယ္လူတစ္ဦးအား စစ္ေဆးရွာေဖြရာမွ (Wy) စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈၈)ျပားအား ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔နဲ႔အတူ ရပ္ရြာလူႀကီး၊ ရြာအက်ဳိးေဆာင္ေတြပါ ပူးေပါင္းလိုက္ပါၿပီး ကူညီဖမ္းဆီးေပးခဲ့တာပါ " ဟု က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ မတ္လ (၂၇) ရက္ ည (၁၁) နာရီ (၅၅) မိနစ္အခ်ိန္၌ နယ္ထိန္းကင္းလွည့္အဖြဲ႕သည္ ရပ္ရြာလူႀကီးမ်ားႏွင့္အတူ ညဥ့္နက္ လွည့္ကင္းတာဝန္ေဆာင္ရြက္ေနစဥ္ ေနာင္ထပ္ရြာႏွင့္ ေဝၚခုတ္ရြာ သြားလမ္းဆံုတြင္ မသကၤာဖြယ္လူတစ္ဦးအား စစ္ေဆးရွာေဖြရာ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဝါး႐ိုးတပ္ထားေသာ အျဖဴေရာင္ ေရသန္႔ဗူးခြံတစ္ခုေတြ႕ရိွျခင္းျဖစ္ေၾကာင္း သိရသည္။

၎အားဆက္လက္ရွာေဖြစဥ္ အထုပ္တစ္ထုပ္ကို လမ္းေဘးခ်ံဳပုတ္သို႔ လႊင့္ပစ္လိုက္ၿပီး ႐ုန္းကန္ထြက္ေျပးသျဖင့္ ဝိုင္းဝန္းလံုးေထြး ဖမ္းဆီးခဲ့ၾကၿပီး လႊင့္ပစ္လိုက္ေသာ အထုပ္အတြင္းမွ အျပာေရာင္ကပ္ခြာအိတ္အတြင္း (WY) စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈၇) ျပားႏွင့္ အစိမ္းေရာင္ (၁) ျပား၊ စုစုေပါင္း (၈၈) ျပားအားဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးလက္ဝယ္ထားရိွသံုးစြဲသူ အသက္ (၂၃) ႏွစ္အရြယ္ ဦးအာကိုက္ဆြန္ (ေခၚ) ဦးအားဖူေပါ့အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ (ပ) ၃၃/၂၀၁၆၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉ (က) ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္
***************
ကျိုင်းတုံ၊ မတ်လ (၂၉) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ညပိုင်းလှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ်လူတစ်ဦးအား စစ်ဆေးရှာဖွေရာမှ (Wy) စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၈၈)ပြားအား ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့နဲ့အတူ ရပ်ရွာလူကြီး၊ ရွာအကျိုးဆောင်တွေပါ ပူးပေါင်းလိုက်ပါပြီး ကူညီဖမ်းဆီးပေးခဲ့တာပါ " ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ မတ်လ (၂၇) ရက် ည (၁၁) နာရီ (၅၅) မိနစ်အချိန်၌ နယ်ထိန်းကင်းလှည့်အဖွဲ့သည် ရပ်ရွာလူကြီးများနှင့်အတူ ညဉ့်နက် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် နောင်ထပ်ရွာနှင့် ဝေါ်ခုတ်ရွာ သွားလမ်းဆုံတွင် မသင်္ကာဖွယ်လူတစ်ဦးအား စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဝါးရိုးတပ်ထားသော အဖြူရောင် ရေသန့်ဗူးခွံတစ်ခုတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအားဆက်လက်ရှာဖွေစဉ် အထုပ်တစ်ထုပ်ကို လမ်းဘေးချုံပုတ်သို့ လွှင့်ပစ်လိုက်ပြီး ရုန်းကန်ထွက်ပြေးသဖြင့် ဝိုင်းဝန်းလုံးထွေး ဖမ်းဆီးခဲ့ကြပြီး လွှင့်ပစ်လိုက်သော အထုပ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်အတွင်း (WY) စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၈၇) ပြားနှင့် အစိမ်းရောင် (၁) ပြား၊ စုစုပေါင်း (၈၈) ပြားအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသုံးစွဲသူ အသက် (၂၃) နှစ်အရွယ် ဦးအာကိုက်ဆွန် (ခေါ်) ဦးအားဖူပေါ့အား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၃၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~