က်ဳိင္းတံုၿမိဳ႕တြင္ ထိုင္းႏုိင္ငံထုတ္ ဆိုင္ကယ္အပိုပစၥည္းမ်ား ေရာင္းအားေကာင္း

က်ဳိင္းတံုၿမိဳ႕တြင္ ထိုင္းႏုိင္ငံထုတ္ ဆိုင္ကယ္အပိုပစၥည္းမ်ား ေရာင္းအားေကာင္း
မတ် 10, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၁၀) ရက္ ။    ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕၏ ဆိုင္ကယ္အပိုပစၥည္း ေစ်းကြက္တြင္ ထိုင္းႏုိင္ငံထုတ္ ဆိုင္ကယ္အပိုပစၥည္းမ်ားက တရုတ္ႏုိင္ငံထုတ္ အပိုပစၥည္းမ်ားထက္ ေရာင္းအားေကာင္းေနေၾကာင္း သိရသည္။

" အရင္က တ႐ုတ္ဘီးေတြက ခိုင္ခန္႔ၿပီး ပ်က္ခဲတယ္။ ေနာက္ပိုင္းဝင္လာတဲ့ တ႐ုတ္ဆိုင္ကယ္ေတြက ေတာ္ေတာ္ႏုလို႔ ဝယ္တာမၾကာေသးဘူး ဆိုင္ေရာက္လာၿပီ။ ၿပီးရင္အမ်ားပိုင္းက  တ႐ုတ္ပစၥည္း ျပန္မလဲေတာ့ဘူး။ ခဏပဲခံလို႔။ တ႐ုတ္ဆိုင္ကယ္မွာ ထိုင္းပစၥည္းပဲ ျပန္ထည့္တာ မ်ားတယ္။ " ဟု ဆိုင္ကယ္ဝပ္ေရွာ့လုပ္ကိုင္သူ ကိုသီဟက ဆိုသည္။

က်ိဳင္းတံုၿမိဳ႕တြင္ တ႐ုတ္ႏွင့္ထိုင္းႏိုင္ငံထုတ္ ဆိုင္ကယ္မ်ားကို တရားဝင္တင္သြင္း ေရာင္းခ်သည့္ ဆိုင္မ်ားလည္း မ်ားလာၿပီး ဆိုင္ကယ္သံုးစြဲသူမ်ားလာေၾကာင္း သိရသည္။

"ကိုယ္ေတြက အသြားမ်ားေတာ့ တကၠစီခနဲ႔ဆို မသက္သာဘူးဗ်။ ကြၽန္ေတာ္ ဒီႏွစ္ဆိုင္ကယ္ ဝယ္ေတာ့ ဆိုင္ကယ္အေရာင္းဆိုင္ေတြက တရားဝင္ ေရာင္းခ်ေနပါၿပီ။ " ဟု ေဒသခံတစ္ဦးျဖစ္သူ ဦးဖိုးငိုက ေျပာသည္။

ဆိုင္ကယ္စီးနင္းမႈ မ်ားလာသည္ႏွင့္အမွ် ဆိုင္ကယ္အပိုပစၥည္း အေရာင္းဆိုင္မ်ားႏွင့္ ဆိုင္ကယ္ျပင္ဆိုင္ မ်ားလည္း မ်ားလာေၾကာင္း သိရသည္။

“ကြၽန္ေတာ္က ဆိုင္ကယ္အပိုပစၥည္းဆိုင္နဲ႔ ဆိုင္ကယ္ျပင္ဆိုင္ကို တြဲဖြင့္ေပမဲ့ ပစၥည္းေရာင္းရတာက သိပ္မျမတ္ပါဘူး။ ဆိုင္ကယ္ျပင္တဲ့ လက္ခပဲ မ်ားမ်ားရတာပါ။”ဟု ကိုသီဟက ဆိုသည္။

က်ိဳင္းတံုၿမိဳ႕ ဆိုင္ကယ္ျပင္ဆိုင္မ်ားတြင္ ဆိုင္ကယ္အင္ဂ်င္တစ္လံုးခ်လွ်င္ လက္ခ (၁၈,၀၀၀) က်ပ္ႏွင့္ အေပၚပိုင္းျပင္ဆင္စရိတ္လက္ခသည္ (၈၀၀၀) က်ပ္ရိွၿပီး ဆိုင္ကယ္ျပင္ဆိုင္တစ္ဆိုင္လွ်င္ တစ္ရက္ ပ်မ္းမွ်ဝင္ေငြ က်ပ္တစ္သိန္းဝန္းက်င္ရိွေၾကာင္း ဆိုင္ကယ္ဝပ္ေရွာ့ဆိုင္မ်ားမွ သိရသည္။

သတင္း။  ။ ဇင္ေအာင္
************

ကျိုင်းတုံ၊ မတ်လ (၁၀) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏ ဆိုင်ကယ်အပိုပစ္စည်း ဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်အပိုပစ္စည်းများက တရုတ်နိုင်ငံထုတ် အပိုပစ္စည်းများထက် ရောင်းအားကောင်းနေကြောင်း သိရသည်။

" အရင်က တရုတ်ဘီးတွေက ခိုင်ခန့်ပြီး ပျက်ခဲတယ်။ နောက်ပိုင်းဝင်လာတဲ့ တရုတ်ဆိုင်ကယ်တွေက တော်တော်နုလို့ ဝယ်တာမကြာသေးဘူး ဆိုင်ရောက်လာပြီ။ ပြီးရင်အများပိုင်းက တရုတ်ပစ္စည်း ပြန်မလဲတော့ဘူး။ ခဏပဲခံလို့။ တရုတ်ဆိုင်ကယ်မှာ ထိုင်းပစ္စည်းပဲ ပြန်ထည့်တာ များတယ်။ " ဟု ဆိုင်ကယ်ဝပ်ရှော့လုပ်ကိုင်သူ ကိုသီဟက ဆိုသည်။

ကျိုင်းတုံမြို့တွင် တရုတ်နှင့်ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များကို တရားဝင်တင်သွင်း ရောင်းချသည့် ဆိုင်များလည်း များလာပြီး ဆိုင်ကယ်သုံးစွဲသူများလာကြောင်း သိရသည်။

"ကိုယ်တွေက အသွားများတော့ တက္ကစီခနဲ့ဆို မသက်သာဘူးဗျ။ ကျွန်တော် ဒီနှစ်ဆိုင်ကယ် ဝယ်တော့ ဆိုင်ကယ်အရောင်းဆိုင်တွေက တရားဝင် ရောင်းချနေပါပြီ။ " ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဖိုးငိုက ပြောသည်။

ဆိုင်ကယ်စီးနင်းမှု များလာသည်နှင့်အမျှ ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်များနှင့် ဆိုင်ကယ်ပြင်ဆိုင် များလည်း များလာကြောင်း သိရသည်။

“ကျွန်တော်က ဆိုင်ကယ်အပိုပစ္စည်းဆိုင်နဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို တွဲဖွင့်ပေမဲ့ ပစ္စည်းရောင်းရတာက သိပ်မမြတ်ပါဘူး။ ဆိုင်ကယ်ပြင်တဲ့ လက်ခပဲ များများရတာပါ။”ဟု ကိုသီဟက ဆိုသည်။

ကျိုင်းတုံမြို့ ဆိုင်ကယ်ပြင်ဆိုင်များတွင် ဆိုင်ကယ်အင်ဂျင်တစ်လုံးချလျှင် လက်ခ (၁၈,ဝဝဝ) ကျပ်နှင့် အပေါ်ပိုင်းပြင်ဆင်စရိတ်လက်ခသည် (၈၀၀၀) ကျပ်ရှိပြီး ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်လျှင် တစ်ရက် ပျမ်းမျှဝင်ငွေ ကျပ်တစ်သိန်းဝန်းကျင်ရှိကြောင်း ဆိုင်ကယ်ဝပ်ရှော့ဆိုင်များမှ သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~