တိုက္ပြဲျဖစ္ေနသည့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ကိုးကြယ္မည့္ ျမဘုရားေလးဆူအား ထိုင္းႏုိင္ငံမွ ပင့္ေဆာင္

တိုက္ပြဲျဖစ္ေနသည့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ကိုးကြယ္မည့္ ျမဘုရားေလးဆူအား ထိုင္းႏုိင္ငံမွ ပင့္ေဆာင္
မတ် 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၁၇) ရက္ ။   ။ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္ (RCSS/SSA)ႏွင့္ တအာင္းအမ်ိဳးသား တပ္မေတာ္(TNLA)တို႔ တိုက္ပြဲျဖစ္ေနသည့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ကေမာၻဇရွမ္းႀကီးေက်ာင္းတြင္ တည္ထားကိုးကြယ္မည့္ ျမဘုရား(၄)ဆူအား ထိုင္းနုိင္ငံမွ ပင့္ေဆာင္လာေၾကာင္း သိရသည္။

ထိုင္းဘတ္သံုးသိန္းေက်ာ္တန္ဖိုးရိွသည့္ အဆိုပါဆင္းတုေတာ္ေလးဆူအား တာခ်ီလိတ္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ မတ္လ(၁၅)ရက္ေန႔တြင္ သယ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

"ဒီဆင္းတုေတာ္ေတြက ေက်ာက္မဲၿမိဳ႕နယ္ထဲက ေက်းရြာသားေတြနဲ႔ ထိုင္းႏိုင္ငံထဲက အလုပ္လုပ္ေနတဲ့ ေက်ာက္မဲၿမိဳ နယ္ခံေတြ ေခၽြးနဲစာနဲ႔ စုၿပီး ရြာဦးေက်ာင္းေတြမွာ တည္ထားကိုးကြယ္ဖို႔အတြက္ ပင့္တာပါ။ သက္ဆိုင္ရာ ဌာနဆိုင္ရာေတြကလည္း စာရြက္စာတမ္းကိုၾကည့္ၿပီး သယ္ယူဖို႔ခြင့္ျပဳေပးခဲ့ပါတယ္"ဟု ထိုင္းႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနသူ ကိုႏိုင္ႀကီးက ေျပာသည္။

ျမဘုရားမ်ားမွာ ထုိင္းႏိုင္ငံအတြင္း ထုလုပ္ထားျခင္းျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွ ပုန္ဟိုးတိုက္နယ္ နားခခြန္ေက်းရြာ၊ နားေဆာင္းေက်းရြာ၊ ကြန္ဟင္ရြာတို႔တြင္ တည္ထားကိုးကြယ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
*****************
( unicode )
တာချီလိတ်၊ မတ်လ (၁၇) ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအာင်းအမျိုးသား တပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်နေသည့် ကျောက်မဲမြို့နယ်အတွင်း ကမော္ဘဇရှမ်းကြီးကျောင်းတွင် တည်ထားကိုးကွယ်မည့် မြဘုရား(၄)ဆူအား ထိုင်းနိုင်ငံမှ ပင့်ဆောင်လာကြောင်း သိရသည်။
ထိုင်းဘတ်သုံးသိန်းကျော်တန်ဖိုးရှိသည့် အဆိုပါဆင်းတုတော်လေးဆူအား တာချီလိတ် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ မတ်လ(၁၅)ရက်နေ့တွင် သယ်ဆောင်ခဲ့ကြောင်း သိရသည်။
"ဒီဆင်းတုတော်တွေက ကျောက်မဲမြို့နယ်ထဲက ကျေးရွာသားတွေနဲ့ ထိုင်းနိုင်ငံထဲက အလုပ်လုပ်နေတဲ့ ကျောက်မဲမြို နယ်ခံတွေ ချွေးနဲစာနဲ့ စုပြီး ရွာဦးကျောင်းတွေမှာ တည်ထားကိုးကွယ်ဖို့အတွက် ပင့်တာပါ။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကလည်း စာရွက်စာတမ်းကိုကြည့်ပြီး သယ်ယူဖို့ခွင့်ပြုပေးခဲ့ပါတယ်"ဟု ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ကိုနိုင်ကြီးက ပြောသည်။
မြဘုရားများမှာ ထိုင်းနိုင်ငံအတွင်း ထုလုပ်ထားခြင်းဖြစ်ပြီး ကျောက်မဲမြို့နယ်အတွင်းမှ ပုန်ဟိုးတိုက်နယ် နားခခွန်ကျေးရွာ၊ နားဆောင်းကျေးရွာ၊ ကွန်ဟင်ရွာတို့တွင် တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~