တာချီလိတ်ခရိုင်အတွင်း ရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာ ၅၅ ရွာအတွက် ဘတ်ဂျက် ကျပ် ၄၈ သိန်းကျော် တင်ပြထား
တာချီလိတ်ခရိုင်အတွင်း ရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာ ၅၅ ရွာအတွက် ဘတ်ဂျက် ကျပ် ၄၈ သိန်းကျော် တင်ပြထား
မတျ 18, 2016
By Tachileik News Agency
အယ်နီညိုရာသီဥတုကြောင့် တာချီလိတ်မြို့နယ်အတွင်း ရေရှားပါးနိုင်သည့် ကျေးရွာ(၃၀)၊ မိုင်းဖြတ်မြို့နယ်အတွင်း ကျေးရွာ(၁၅)ရွာနှင့် မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာရှိပြီး ရေရှားပါးပြတ်လပ်မှုဖြစ်ပွားပါက မြို့နယ်(၃)ခုအတွင်းရှိ မီးသတ်ယာဉ်(၁၅)စီးဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတုကြောင့် အရေးပေါ် သောက်သုံးရေ ဖြန့်ဝေပေးရန် အကူအညီ တောင်းခံထားသော ကျေးရွာ ပေါင်း (၉၈၁)ရွာရှိပြီး ယင်းကျေးရွာများအနက် ဧရာဝတီ တိုင်းဒေသကြီးမှာ အဆိုးရွားဆုံးကြုံတွေ့လျှက်ရှိကာ စုစုပေါင်း (၂၂၃) ရွာ၌ ရေပေးဝေနေရကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ကျေးရွာ (၁၁၃) ရွာ၊ ရှမ်းပြည်နယ်တွင် ကျေးရွာ (၉၈) ရွာ၊ ရခိုင်ပြည်နယ်တွင် ကျေးရွာ (၉၀)နှင့် မန္တလေး တိုင်းဒေသကြီးတွင် ကျေးရွာ (၇၅)ရွာရှိကြောင်း မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
သတင်း။  ။ ကိုဇက်
*************
( unicode )
တာချီလိတ်၊ မတ်လ (၁၈) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာပေါင်း (၅၅)ရွာအား ရေပေးဝေနိုင်ရန် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း(၄၈.၄၈)ကို တင်ပြတောင်းခံထားကြောင်း သိရသည်။
အယ်နီညိုရာသီဥတုကြောင့် တာချီလိတ်မြို့နယ်အတွင်း ရေရှားပါးနိုင်သည့် ကျေးရွာ(၃၀)၊ မိုင်းဖြတ်မြို့နယ်အတွင်း ကျေးရွာ(၁၅)ရွာနှင့် မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာရှိပြီး ရေရှားပါးပြတ်လပ်မှုဖြစ်ပွားပါက မြို့နယ်(၃)ခုအတွင်းရှိ မီးသတ်ယာဉ်(၁၅)စီးဖြင့် ရေပေးေဝနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
"ပူပြင်းတဲ့ ရာသီဥတုကြောင့် ရေတကယ်ပြတ်လပ်သွားမယ်ဆိုရင် ဒေသခံတွေအတွက် သောက်သုံးရေနဲ့ ထမင်းဟင်းချက်ဖို့ ရေလုံလောက်မှုရှိအောင် စီမံဆောင်ရွက်သွားမှာပါ။ ဘတ်ဂျက်တွေတင်ထားပြီးပြီ။ စံသတ်မှတ်ချက်ဖြစ်တဲ့ လူတစ်ဦးကို တစ်နေ့ ဂါလံ(၂၀)တော့ မတတ်နိုင်ဘူးလေ။ တစ်ဦးကို (၂)ဂါလံ၊ (၃)ဂါလံလောက်ရအောင်တော့ ဆောင်ရွက်ပေးသွားမှာပါ"ဟု တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတုကြောင့် အရေးပေါ် သောက်သုံးရေ ဖြနေ့်ဝပေးရန် အကူအညီ တောင်းခံထားသော ကျေးရွာ ပေါင်း (၉၈၁)ရွာရှိပြီး ယင်းကျေးရွာများအနက် ဧရာဝတီ တိုင်းဒေသကြီးမှာ အဆိုးရွားဆုံးကြုံတွေ့လျှက်ရှိကာ စုစုပေါင်း (၂၂၃) ရွာ၌ ရေပေးေဝနေရကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ကျေးရွာ (၁၁၃) ရွာ၊ ရှမ်းပြည်နယ်တွင် ကျေးရွာ (၉၈) ရွာ၊ ရခိုင်ပြည်နယ်တွင် ကျေးရွာ (၉၀)နှင့် မန္တလေး တိုင်းဒေသကြီးတွင် ကျေးရွာ (၇၅)ရွာရှိကြောင်း မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~