iPhone နဲ႔ ဆိုင္ကယ္ဝယ္ဖို႔ (၁၈)ရက္သား သမီးအရင္းကို ေရာင္းလိုက္တဲ့ မိဘႏွစ္ဦး

iPhone နဲ႔ ဆိုင္ကယ္ဝယ္ဖို႔ (၁၈)ရက္သား သမီးအရင္းကို ေရာင္းလိုက္တဲ့ မိဘႏွစ္ဦး
မတ် 9, 2016
By Tachileik News Agency

ဘာသာျပန္၊ မတ္လ(၉) ။  ။ iPhone နဲ႔ ဆိုင္ကယ္ဝယ္ဖို႔အတြက္ အသက္(၁၈)ရက္သား အရြယ္ သမီးအရင္းကို  ယြမ္ (၂၃၀၀၀)နဲ႔ ေရာင္းစားလိုက္တဲ့ တရုတ္ႏုိင္ငံ ဖူးက်င့္ၿမိဳ႕က အသက္(၁၉)ႏွစ္အရြယ္ အားတြန္းနဲ႔ ေရွာင္းမီတို႔ စံုတြဲကို ေထာင္ဒဏ္အသီးသီး ခ်မွတ္လိုက္ ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ လက္ရိွမွာ အသက္(၁၉)ႏွစ္အရြယ္ေတြျဖစ္ၾကၿပီး ၂၀၁၃ ခုႏွစ္ကတည္းက သူတို႔ႏွစ္ေယာက္ ခ်စ္သူစံုတြဲေတြျဖစ္လာေပမဲ့ တရုတ္ႏုိင္ငံရဲ႕ဥပေဒအရ အိမ္ေထာင္ျပဳဖို႔ အသက္မျပည့္ေသးတာေၾကာင့္ တရားဝင္ လက္မထပ္ထားၾကေသးပါဘူး။

သူတို႔နွစ္ေယာက္လံုးဟာ အလုပ္အကိုင္လည္း မရိွတာေၾကာင့္ ကေလးက သူတို႔အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္လာတာေၾကာင့္ ဖခင္ျဖစ္သူက ေရာင္းစားဖို႔ စိတ္ကူးလိုက္တာလို႔ ဆိုပါတယ္။

ဒါကို သေဘာမတူတဲ့ ေရွာင္းမီက ခင္ပြန္းရဲ႕အေဖျဖစ္သူကို တားျမစ္ေပးဖို႔ အကူအညီေတာင္းခဲ့ေပမ့ဲ သမီးထက္ သားကိုပဲ ရခ်င္တယ္ဆိုတဲ့ ေယာကၡမျဖစ္သူရဲ႕ မွတ္ခ်က္ေၾကာင့္ ေရွာင္းမီဟာ ႏႈတ္ဆိတ္ေနခဲ့ရတာလို႔ သိရပါတယ္။

ကေလးကိုေရာင္းဖို႔ ဆိုရွယ္နက္ေ၀ါ့ျဖစ္တဲ့ QQ ကေန အဆက္အသြယ္ရခဲ့တာျဖစ္ၿပီး အားတြန္းဟာ သမီးကို ယြမ္(၂၃၀၀၀)နဲ႔ေရာင္းခ်ၿပီးတာနဲ႔ iPhone နဲ႔ ေမာ္ေတာ္ဆိုင္ကယ္သြားဝယ္ခဲ့တာလို႔ ဆိုပါတယ္။

အခုေတာ့ သမီးအရင္းကို ေရာင္းခ်ခဲ့တဲ့ အားတြန္း နဲ႔ ေရွာင္းမီတို႔ကို ေဒသ ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ခ်ိန္မွာေတာ့ ကေလးရဲ႕ မိခင္ျဖစ္သူ ေရွာင္းမီက “ကၽြန္မရဲ႕ ေမြးရပ္ေဒသမွာဆို ကိုယ့္ကေလးကို ေရာင္းစားေနတဲ့သူေတြ အမ်ားႀကီးပဲ။ ဒီလိုလုပ္တာဟာ ဥပေဒကို ခ်ိဳးေဖာက္တာမွန္း ကၽြန္မ မသိပါဘူး။”လို႔  ရဲစခန္းမွာ ထြက္ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ႏွစ္ဦးကို တရုတ္ႏိုင္ငံရဲ႕တရားဥပေဒအရ ျပန္ေပးဆြဲမႈ၊ လူကုန္ကူးမႈေတြနဲ႔ အားတြန္းကို ေထာင္ဒဏ္(၃)ႏွစ္နဲ႔ ေရွာင္းမီကို ေထာင္ဒဏ္(၂)ႏွစ္ အသီးသီး ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref;shanghaiist
************

( unicode )

ဘာသာပြန်၊ မတ်လ(၉)။ iPhone နဲ့ ဆိုင်ကယ်ဝယ်ဖို့အတွက် အသက်(၁၈)ရက်သား အရွယ် သမီးအရင်းကို ယွမ် (၂၃၀၀၀)နဲ့ ရောင်းစားလိုက်တဲ့ တရုတ်နိုင်ငံ ဖူးကျင့်မြို့က အသက်(၁၉)နှစ်အရွယ် အားတွန်းနဲ့ ရှောင်းမီတို့ စုံတွဲကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက် ပါတယ်။

သူတို့နှစ်ယောက်ဟာ လက်ရှိမှာ အသက်(၁၉)နှစ်အရွယ်တွဖြေစ်ကြပြီး ၂၀၁၃ ခုနှစ်ကတည်းက သူတို့နှစ်ယောက် ချစ်သူစုံတွဲတွဖြေစ်လာပေမဲ့ တရုတ်နိုင်ငံရဲ့ဥပဒေအရ အိမ်ထောင်ပြုဖို့ အသက်မပြည့်သေးတာကြောင့် တရားဝင် လက်မထပ်ထားကြသေးပါဘူး။

သူတို့နှစ်ယောက်လုံးဟာ အလုပ်အကိုင်လည်း မရှိတာကြောင့် ကလေးက သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာကြောင့် ဖခင်ဖြစ်သူက ရောင်းစားဖို့ စိတ်ကူးလိုက်တာလို့ ဆိုပါတယ်။

ဒါကို သဘောမတူတဲ့ ရှောင်းမီက ခင်ပွန်းရဲ့အဖဖြေစ်သူကို တားမြစ်ပေးဖို့ အကူအညီတောင်းခဲ့ပေမဲ့ သမီးထက် သားကိုပဲ ရချင်တယ်ဆိုတဲ့ ယောက္ခမဖြစ်သူရဲ့ မှတ်ချက်ကြောင့် ရှောင်းမီဟာ နှုတ်ဆိတ်နေခဲ့ရတာလို့ သိရပါတယ်။

ကလေးကိုရောင်းဖို့ ဆိုရှယ်နကေ်ဝါ့ဖြစ်တဲ့ QQ ကနေ အဆက်အသွယ်ရခဲ့တာဖြစ်ပြီး အားတွန်းဟာ သမီးကို ယွမ်(၂၃၀၀၀)နဲ့ရောင်းချပြီးတာနဲ့ iPhone နဲ့ မော်တော်ဆိုင်ကယ်သွားဝယ်ခဲ့တာလို့ ဆိုပါတယ်။

အခုတော့ သမီးအရင်းကို ရောင်းချခဲ့တဲ့ အားတွန်း နဲ့ ရှောင်းမီတို့ကို ဒေသ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ချိန်မှာတော့ ကလေးရဲ့ မိခင်ဖြစ်သူ ရှောင်းမီက “ကျွန်မရဲ့ မွေးရပ်ဒေသမှာဆို ကိုယ့်ကလေးကို ရောင်းစားနေတဲ့သူတွေ အများကြီးပဲ။ ဒီလိုလုပ်တာဟာ ဥပဒေကို ချိုးဖောက်တာမှန်း ကျွန်မ မသိပါဘူး။”လို့ ရဲစခန်းမှာ ထွက်ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ဦးကို တရုတ်နိုင်ငံရဲ့တရားဥပဒေအရ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုတွေနဲ့ အားတွန်းကို ထောင်ဒဏ်(၃)နှစ်နဲ့ ရှောင်းမီကို ထောင်ဒဏ်(၂)နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref;shanghaiist

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~