တာခ်ီလိတ္၌ ေႏြရာသီကာလအတြင္း တရား၀င္ စက္သံုးဆီဆိုင္မ်ား ေရာင္းခ်ခ်ိန္ (၂)ပိုင္း သတ္မွတ္လိုက္ၿပီး တရားမဝင္ဆိုင္မ်ားကို ေခတၱပိတ္မည္

တာခ်ီလိတ္၌ ေႏြရာသီကာလအတြင္း တရား၀င္ စက္သံုးဆီဆိုင္မ်ား ေရာင္းခ်ခ်ိန္ (၂)ပိုင္း သတ္မွတ္လိုက္ၿပီး တရားမဝင္ဆိုင္မ်ားကို ေခတၱပိတ္မည္
မတ် 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၁၇)
ရာသီဥတုပူျပင္းမႈေၾကာင့္ မီးေလာင္မႈႀကိဳတင္ကာကြယ္ေရးအျဖစ္ တာခ်ီလိတ္ၿမိဳ႕တြင္ တရား၀င္ဖြင့္လွစ္ ထားေသာ စက္သံုးဆီပန္႔ဆိုင္မ်ားသည္ သတ္မွတ္ထားေသာ အခ်ိန္အတြင္းသာ ဖြင့္လွစ္ရမည္ျဖစ္ၿပီး တရားမဝင္ဆိုင္မ်ားကိုလည္း ပိတ္ခိုင္းသြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ သိရသည္။

“အခု လိုက္လံစစ္ေဆးလို႔ တရား၀င္ မဟုတ္ဘူးဆိုရင္ ေႏြရာသီကာလျဖစ္တဲ့အတြက္ ပိတ္ခိုင္းသြားမွာပါ။ တရား၀င္ဆိုင္ေတြကိုေတာ့ မနက္ (၆)နာရီကေန မနက္(၁၀)နာရီအထိ ေရာင္းခြင့္ေပးမွာပါ။ ၿပီးရင္ ညေန(၄)နာရီကေန ည(၈)နာရီအထိ သတ္မွတ္ၿပီး ေရာင္းခြင့္ေပးသြားမွာပါ။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး၊ ဦးစီးအရာရွိ ဦးေက်ာ္ကိုကိုက ေျပာသည္။

အဆိုပါ သတ္မွတ္ခ်က္မ်ားအား မလိုက္နာသည့္ဆိုင္မ်ားကို ေမလအထိ ေႏြရာသီကာလတစ္ခုလံုး ေရာင္းခ်ခြင့္ ပိတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“သတ္မွတ္ေပးထားတဲ့ အခ်ိန္မွာလည္း ဂရုတစိုက္ေရာင္းပါတယ္။ စက္သုံးဆီေရာင္းတဲ့အတြက္ ေႏြရာသီမွာ သူမ်ားေတြထက္ ပိုၿပီးဂရုစိုက္သင့္ပါတယ္။ ရာသီဥတုက မနက္(၁၀)နာရီကေန စပူေနၿပီ။ ဒါေၾကာင့္ ေျမျပင္ကေန အပူေငြ႔က တစ္ဆင့္ မီးေလာင္မႈေတြမျဖစ္ေအာင္ ေရျဖန္းျခင္းေတြ လုပ္သင့္ပါတယ္။ ေရေလွာင္ကန္ထဲမွာ ေရရွိ၊ မရွိလည္း စစ္ေဆးရပါတယ္။”ဟု Bridge Time စက္သံုးဆီဆိုင္မွ ဦးေန၀င္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အဆိုပါ စည္းကမ္းသတ္မွတ္ခ်က္သည္ ေမလအထိ အသက္ဝင္မည္ျဖစ္ၿပီး အဆိုပါ ကာလအတြင္း တရားမ၀င္ဖြင့္ထားသည့့္ စက္သံုးဆီဆိုင္မ်ားကိုလည္း ပိတ္ခိုင္းမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
************

တာချီလိတ်၊ မတ်လ(၁၇)
ရာသီဥတုပူပြင်းမှုကြောင့် မီးလောင်မှုကြိုတင်ကာကွယ်ရေးအဖြစ် တာချီလိတ်မြို့တွင် တရားဝင်ဖွင့်လှစ် ထားသော စက်သုံးဆီပန့်ဆိုင်များသည် သတ်မှတ်ထားသော အချိန်အတွင်းသာ ဖွင့်လှစ်ရမည်ဖြစ်ပြီး တရားမဝင်ဆိုင်များကိုလည်း ပိတ်ခိုင်းသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

“အခု လိုက်လံစစ်ဆေးလို့ တရားဝင် မဟုတ်ဘူးဆိုရင် နွေရာသီကာလဖြစ်တဲ့အတွက် ပိတ်ခိုင်းသွားမှာပါ။ တရားဝင်ဆိုင်တွေကိုတော့ မနက် (၆)နာရီကနေ မနက်(၁၀)နာရီအထိ ရောင်းခွင့်ပေးမှာပါ။ ပြီးရင် ညနေ(၄)နာရီကနေ ည(၈)နာရီအထိ သတ်မှတ်ပြီး ရောင်းခွင့်ပေးသွားမှာပါ။”ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးကျော်ကိုကိုက ပြောသည်။

အဆိုပါ သတ်မှတ်ချက်များအား မလိုက်နာသည့်ဆိုင်များကို မေလအထိ နွေရာသီကာလတစ်ခုလုံး ရောင်းချခွင့် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“သတ်မှတ်ပေးထားတဲ့ အချိန်မှာလည်း ဂရုတစိုက်ရောင်းပါတယ်။ စက်သုံးဆီရောင်းတဲ့အတွက် နွေရာသီမှာ သူများတွေထက် ပိုပြီးဂရုစိုက်သင့်ပါတယ်။ ရာသီဥတုက မနက်(၁၀)နာရီကနေ စပူနပြေီ။ ဒါကြောင့် မြပြေင်ကနေ အပူငွေ့က တစ်ဆင့် မီးလောင်မှုတွေမဖြစ်အောင် ရဖြေန်းခြင်းတွေ လုပ်သင့်ပါတယ်။ ရေလှောင်ကန်ထဲမှာ ရေရှိ၊ မရှိလည်း စစ်ဆေးရပါတယ်။”ဟု Bridge Time စက်သုံးဆီဆိုင်မှ ဦးနေဝင်းက ပြောသည်။

တာချီလိတ်မြို့တွင် အဆိုပါ စည်းကမ်းသတ်မှတ်ချက်သည် မေလအထိ အသက်ဝင်မည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း တရားမဝင်ဖွင့်ထားသည့် စက်သုံးဆီဆိုင်များကိုလည်း ပိတ်ခိုင်းမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~