အလုပ္ရွင္၏ ညႇဥ္းပန္းႏွိပ္စက္မႈခံရသည့္ ျမန္မာအမ်ိဳးသမီးအား ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ား ကူညီိ

အလုပ္ရွင္၏ ညႇဥ္းပန္းႏွိပ္စက္မႈခံရသည့္ ျမန္မာအမ်ိဳးသမီးအား ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ား ကူညီိ
မတ် 31, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၃၁)ရက္ ။   ။ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ေက်ာက္ဝိုင္းမွ ေကာ္ဖီဆိုင္တြင္ အလုပ္လုပ္ေနသည့္ မိန္းကေလးအား အလုပ္ရွင္၏ လက္စြပ္ႏွင့္ဆြဲႀကိဳး ခိုးယူသည္ဟုဆိုကာ ညႇဥ္းပန္းႏွိပ္စက္ေနမႈအား သတင္းေပးမႈေၾကာင့္ ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕က ျပန္လည္ေခၚေဆာင္လာႏိုင္ေၾကာင္း သိရသည္။

မတ္လ ၂၇ ရက္ေန႔ ေန႔လယ္ပိုင္းတြင္ အဆိုပါေကာ္ဖီဆို္င္မွ ဆိုင္ရွင္က မိတၳီလာၿမိဳ႕မွ အလုပ္လာေရာက္ လုပ္ကိုင္ေနသည့္ အသက္ ၂၉ ႏွစ္အရြယ္ မိန္းကေလးအား ၎ထံမွ လက္စြပ္ႏွင့္ ဆြဲႀကိဳးခိုးယူသည္ဟု စြပ္စြဲကာ မယ္ဆိုင္ရဲစခန္းတြင္ အမႈဖြင့္ကာ အခ်ဳပ္ခန္းသို႔ ထည့္သြင္းခဲ့ၿပီး ယင္းေန႔ညေနမွာပင္ ၎တို႔ကိုယ္တိုင္ မယ္ဆိုင္ရဲစခန္းအခ်ဳပ္မွ ျပန္လည္ ထုတ္ယူလာေၾကာင္း သိရသည္။

ယင္းေနာက္ အလုပ္႐ွင္၏ ေမာင္တစ္ဝမ္းကြဲျဖစ္သူက အဆိုပါအမ်ိဳးသမီး၏ မ်က္ႏွာအား လက္သီးျဖင့္ ထိုးျခင္း၊ ေသနတ္ျပျခိမ္းေျခာက္ျခင္းတို႔ လုပ္ေဆာင္ေနရာ ပတ္ဝန္းက်င္ရိွ ျမန္မာႏိုင္ငံသားတစ္ဦးက ျမန္မာလုပ္သားမ်ားအေရး ကူညီေပးေနသည့္ ဦးထြန္း(မယ္ဆိုင္)ထံ အကူအညီေပးရန္ အေၾကာင္းၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မတ္လ ၂၈ ရက္ ေန႔လယ္ပိုင္းတြင္ ၎အား သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခံေနရေၾကာင္း အဆိုပါ အမ်ိဳးသမီးက ထပ္မံသတင္းေပးလာသည့္အတြက္ ႏွစ္ႏိုင္ငံနယ္ျခားေကာ္မတီ တာဝန္႐ွိသူမ်ားထံ အေၾကာင္းၾကားၿပီး ထိုင္း၊ ျမန္မာ ႏွစ္ႏိုင္ငံတာဝန္႐ွိသူမ်ား၊ မယ္ဆိုင္ရဲတပ္ဖြဲ႔မွ တာဝန္႐ွိသူမ်ားလိုက္ပါလ်ွက္ ေကာ္ဖီဆိုင္သို႔သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ဦးထြန္း(မယ္ဆိုင္)ထံမွ သိရသည္။

အဆိုပါအဖြဲ႕က ႏွိပ္စက္ခံရသည့္အမ်ိဳးသမီးရရန္ရိွသည့္ လုပ္အားခေငြ(၁၀၉၀၀)ဘတ္ႏွင့္ အလုပ္ရွင္သိမ္းဆည္းထားေသာ ႏိုင္ငံသားစိစစ္ေရးကတ္ျပား ၊ နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္ႏွင့္ ၎ပိုင္ဆိုင္ေသာ အဝတ္၊ အထည္၊ အသံုး အေဆာင္ပစၥည္းမ်ားကို တာဝန္႐ွိသူမ်ား ေရွ႕ေမွာက္တြင္ ျပန္လည္ေပးအပ္ေစကာ ထိုင္းနယ္ျခားေကာ္မတီ ရံုးသို႔ တစ္ပါတည္း ျပန္လည္ေခၚေဆာင္လာေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

.........................
( unicode )
တာချီလိတ်၊ မတ်လ (၃၁)ရက်။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကျောက်ဝိုင်းမှ ကော်ဖီဆိုင်တွင် အလုပ်လုပ်နေသည့် မိန်းကလေးအား အလုပ်ရှင်၏ လက်စွပ်နှင့်ဆွဲကြိုး ခိုးယူသည်ဟုဆိုကာ ညှဉ်းပန်းနှိပ်စက်နေမှုအား သတင်းပေးမှုကြောင့် နှစ်နိုင်ငံတာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က ပြန်လည်ခေါ်ဆောင်လာနိုင်ကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကော်ဖီဆို်င်မှ ဆိုင်ရှင်က မိတ္ထီလာမြို့မှ အလုပ်လာရောက် လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် မိန်းကလေးအား၎င်းထံမှ လက်စွပ်နှင့် ဆွဲကြိုးခိုးယူသည်ဟု စွပ်စွဲကာ မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်ကာ အချုပ်ခန်းသို့ ထည့်သွင်းခဲ့ပြီး ယင်းနေ့ညနေမှာပင်၎င်းတို့ကိုယ်တိုင် မယ်ဆိုင်ရဲစခန်းအချုပ်မှ ပြန်လည် ထုတ်ယူလာကြောင်း သိရသည်။
ယင်းနောက် အလုပ်ရှင်၏ မောင်တစ်ဝမ်းကွဲဖြစ်သူက အဆိုပါအမျိုးသမီး၏ မျက်နှာအား လက်သီးဖြင့် ထိုးခြင်း၊ သေနတ်ပြခြိမ်းခြောက်ခြင်းတို့ လုပ်ဆောင်နေရာ ပတ်ဝန်းကျင်ရှိ မြန်မာနိုင်ငံသားတစ်ဦးက မြန်မာလုပ်သားများအရေး ကူညီပေးနေသည့် ဦးထွန်း(မယ်ဆိုင်)ထံ အကူအညီပေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင်၎င်းအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံနေရကြောင်း အဆိုပါ အမျိုးသမီးက ထပ်မံသတင်းပေးလာသည့်အတွက် နှစ်နိုင်ငံနယ်ခြားကော်မတီ တာဝန်ရှိသူများထံ အကြောင်းကြားပြီး ထိုင်း၊ မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ၊ မယ်ဆိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများလိုက်ပါလျှက် ကော်ဖီဆိုင်သို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်း(မယ်ဆိုင်)ထံမှ သိရသည်။
အဆိုပါအဖွဲ့က နှိပ်စက်ခံရသည့်အမျိုးသမီးရရန်ရှိသည့် လုပ်အားခငွေ(၁၀၉၀၀)ဘတ်နှင့် အလုပ်ရှင်သိမ်းဆည်းထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နှင့်၎င်းပိုင်ဆိုင်သော အဝတ်၊ အထည်၊ အသုံး အဆောင်ပစ္စည်းများကို တာဝန်ရှိသူများ ရှေ့မှောက်တွင် ပြန်လည်ပေးအပ်စေကာ ထိုင်းနယ်ခြားကော်မတီ ရုံးသို့ တစ်ပါတည်း ပြန်လည်ခေါ်ဆောင်လာကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~