နားဟိုင္းလံုေက်းရြာ ေရႊလုပ္ကြက္မ်ားအတြက္ ေငြေပးႏႈတ္ပိတ္ျခင္း မဟုတ္ေၾကာင္း သတၳဳလုပ္ငန္းရွင္မ်ား ျငင္းဆို

နားဟိုင္းလံုေက်းရြာ ေရႊလုပ္ကြက္မ်ားအတြက္ ေငြေပးႏႈတ္ပိတ္ျခင္း မဟုတ္ေၾကာင္း သတၳဳလုပ္ငန္းရွင္မ်ား ျငင္းဆို
မတ် 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၄) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာေလၿမိဳ႕နယ္အတြင္းရွိ နားဟိုင္းလံု ေက်းရြာအနီး ေရႊတူးေဖာ္ေရး လုပ္ငန္းမ်ား အတြက္ ေက်းရြာသားမ်ားအား ေငြေပး ႏႈတ္ပိတ္ခဲ့သည္ဟု  ရွမ္္းျပည္နယ္ေတာင္သူလယ္ သမားမ်ားကြန္ရက္ႏွင့္ ရွမ္းလူ႔အခြင့္အေရး မ႑ိဳင္၏ ထုတ္ျပန္ခ်က္မွာ မဟုတ္မွန္ေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း သတၳဳလုပ္ငန္းရွင္မ်ားအသင္းက
ျငင္းဆိုလိုက္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း သတၱဳလုပ္ငန္းရွင္မ်ားက ရြာသားမ်ားကိုယ္စား ရြာမိ/ရြာဖမ်ားမွ သီးႏွံေလ်ာ္ေၾကး အတြက္ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္းအေပၚ ေက်းရြာသားမ်ားကို ေငြေပး ႏွဳတ္ပိတ္ျခင္း ဟူ၍ ရံႈ႕ခ်ေၾကာင္း ရွမ္းျပည္နယ္ ေတာင္သူလယ္သမားမ်ားကြန္ရက္ႏွင့္ ရွမ္းလူ႕အခြင့္အေရးမ႑ိဳင္မွ မတ္လ(၃)ရက္ေန႔တြင္္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

"ကုမၸဏီေတြက သတၱဳတြင္း၀န္ႀကီးဌာနနဲ႔ အက်ိဳးတူလုပ္တဲ့အတြက္ ျပည္ေထာင္စု အစိုးရရဲ႕ ဆံုးျဖတ္ခ်က္ အတုိင္း လိုက္နာသြားမွာပါ။ နားဟိုင္းလံုေဒသအနီးက ထိခိုက္ ပ်က္စီးမႈနဲ႔ စပါးသီးႏွံ ေလ်ာ္ေၾကးအတြက္ ရြာမိ/ရြာဖ(၅)ဦးက ႏွစ္တိုင္းထိုင္းဘတ္(၄)သန္းကို ကုမၸဏီေတြကေပးဖို႔ သေဘာတူခဲ့တာပါ"ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း သတၱဳလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။

နားဟိုင္းလံုေဒသမွ သတၱဳတူးေဖၚေရးလုပ္ငန္းမ်ားအတြက္ ကုမၸဏီမ်ားႏွင့္ ေက်းရြာသားမ်ား၏ သေဘာတူစာခ်ဳပ္အရ ေလ်ာ္ေၾကးေငြေပးအပ္ပါက ေက်းရြာသားမ်ားက မည္သည့္ ေႏွာင့္ယွက္မႈကိုမွ မေပးဘဲ ကုမၸဏီမ်ား၊ လုပ္ငန္းမ်ားအား ကူညီေဆာင္ရြက္ ေပးရမည္ျဖစ္ေၾကာင္း ပါ၀င္ၿပီး ေက်းရြာ အေနျဖင့္ ထိခိုက္မႈအတြက္ နစ္နာေၾကးထပ္မံေတာင္းယူျခင္း မျပဳရန္လည္း ပါ၀င္ေၾကာင္း သိရသည္။

စာခ်ဳပ္တြင္ ကုမၸဏီမ်ားအေနျဖင့္ အဆိုပါေဒသအတြင္း ေရစီးေရလာေကာင္းမြန္ရန္ ေျမထိန္းနံရံႏွင့္ ဆည္မ်ား၊ တမံမ်ား တည္ေဆာက္ေပးရမည္ျဖစ္ၿပီး စိုက္ပ်ိဳးေရးအတြက္ ပညာရွင္မ်ားေခၚယူကာ ကူညီေဆာင္ရြက္ေပးရမည္ဟုလည္း ထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္း သိရသည္။

"ေရႊလုပ္ငန္းေတြက ရြာသူရြာသားေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ (ရွမ္းျပည္နယ္အစိုးရ) သတၱဳ၀န္ႀကီး ဦးစိုင္းအိုက္ေပါင္းက တားခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္ထိ ရပ္တန္႔တာမရွိဘဲ ေလ်ာ္ေၾကးေပး ႏွဳတ္ပိတ္ၿပီး ဆက္လုပ္ေနပါတယ္။ လုပ္ေနတဲ့ကုမၸဏီေတြကေတာ့ စိုင္းစိုက္ပ်ိဳးေရး၊ လြယ္ခမ္းလံု၊ တာခ်ီလိတ္ ေရႊေတာင္ကုမၸဏီ(၃)ခုကဆက္လက္လုပ္ကိုင္ေနတယ္လို႔ သိရတဲ့အတြက္ ထုတ္ျပန္တာပါ"ဟု ရွမ္းျပည္နယ္ေတာင္သူလယ္သမားမ်ားကြန္ရက္ႏွင့္ ရွမ္းလူ႕အခြင့္အေရး မ႑ိုင္မွ ေျပာေရးဆိုခြင့္ရွိသူ စိုင္းခြန္းမိုင္းက ေျပာသည္။

ေရႊတူးေဖာ္မႈေၾကာင့္ ေက်းရြာသားမ်ား အဓိက အသံုးျပဳသည့္ ေရအရင္းအျမစ္တြင္ ဆိုင္ယာႏိုက္(cyanide) အဆိပ္မ်ား ပါဝင္လာျခင္း၊ လယ္ေျမဧက (၃၀၀)ခန္႔မွာလည္း စိုက္ပ်ိဳး၍ မရေတာ့ျခင္းစသည့္ ေဘးထြက္ဆိုးက်ိဳးမ်ားရိွေနသျဖင့္ သတၱဳတြင္းတူးေဖာ္ေရးလုပ္ငန္းမ်ား ထိန္းခ်ဳပ္ႏိုင္ရန္ လာမည့္ အစိုးရသစ္အား တိုက္တြန္းလိုက္ေၾကာင္း ရွမ္းျပည္နယ္ေတာင္သူလယ္သမားမ်ား ကြန္ရက္ႏွင့္ ရွမ္းလူ႔အခြင့္အေရးမ႑ိဳင္မွ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သတင္း ။  ။ ကိုဇက္

*************

တာချီလိတ်၊ မတ်လ (၄) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလမြေို့နယ်အတွင်းရှိ နားဟိုင်းလုံ ကျေးရွာအနီး ရွှေတူးဖော်ရေး လုပ်ငန်းများ အတွက် ကျေးရွာသားများအား ငွေပေး နှုတ်ပိတ်ခဲ့သည်ဟု ရှမ်းပြည်နယ်တောင်သူလယ် သမားများကွန်ရက်နှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ထုတ်ပြန်ချက်မှာ မဟုတ်မှန်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်းက
ငြင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များက ရွာသားများကိုယ်စား ရွာမိ/ရွာဖများမှ သီးနှံလျော်ကြေး အတွက် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ခြင်းအပေါ် ကျေးရွာသားများကို ငွေပေး နှုတ်ပိတ်ခြင်း ဟူ၍ ရှုံ့ချကြောင်း ရှမ်းပြည်နယ် တောင်သူလယ်သမားများကွန်ရက်နှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ မတ်လ(၃)ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"ကုမ္ပဏီတွေက သတ္တုတွင်းဝန်ကြီးဌာနနဲ့ အကျိုးတူလုပ်တဲ့အတွက် ပြည်ထောင်စု အစိုးရရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာသွားမှာပါ။ နားဟိုင်းလုံဒေသအနီးက ထိခိုက် ပျက်စီးမှုနဲ့ စပါးသီးနှံ လျော်ကြေးအတွက် ရွာမိ/ရွာဖ(၅)ဦးက နှစ်တိုင်းထိုင်းဘတ်(၄)သန်းကို ကုမ္ပဏီတွေကပေးဖို့ သဘောတူခဲ့တာပါ"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

နားဟိုင်းလုံဒေသမှ သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် ကုမ္ပဏီများနှင့် ကျေးရွာသားများ၏ သဘောတူစာချုပ်အရ လျော်ကြေးငွေပေးအပ်ပါက ကျေးရွာသားများက မည်သည့် နှောင့်ယှက်မှုကိုမှ မပေးဘဲ ကုမ္ပဏီများ၊ လုပ်ငန်းများအား ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း ပါဝင်ပြီး ကျေးရွာ အနဖြေင့် ထိခိုက်မှုအတွက် နစ်နာကြေးထပ်မံတောင်းယူခြင်း မပြုရန်လည်း ပါဝင်ကြောင်း သိရသည်။

စာချုပ်တွင် ကုမ္ပဏီများအနဖြေင့် အဆိုပါဒေသအတွင်း ရေစီးရေလာကောင်းမွန်ရန် မြေထိန်းနံရံနှင့် ဆည်များ၊ တမံများ တည်ဆောက်ပေးရမည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် ပညာရှင်များခေါ်ယူကာ ကူညီဆောင်ရွက်ပေးရမည်ဟုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

"ရွှေလုပ်ငန်းတွေက ရွာသူရွာသားတွေရဲ့ တောင်းဆိုမှုကြောင့် (ရှမ်းပြည်နယ်အစိုးရ) သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက တားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ ရပ်တန့်တာမရှိဘဲ လျော်ကြေးပေး နှုတ်ပိတ်ပြီး ဆက်လုပ်နေပါတယ်။ လုပ်နေတဲ့ကုမ္ပဏီတွေကတော့ စိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်းလုံ၊ တာချီလိတ် ရွှေတောင်ကုမ္ပဏီ(၃)ခုကဆက်လက်လုပ်ကိုင်နေတယ်လို့ သိရတဲ့အတွက် ထုတ်ပြန်တာပါ"ဟု ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ရက်နှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခွန်းမိုင်းက ပြောသည်။

ရွှေတူးဖော်မှုကြောင့် ကျေးရွာသားများ အဓိက အသုံးပြုသည့် ရေအရင်းအမြစ်တွင် ဆိုင်ယာနိုက်(cyanide) အဆိပ်များ ပါဝင်လာခြင်း၊ လယ်မြေဧက (၃၀၀)ခန့်မှာလည်း စိုက်ပျိုး၍ မရတော့ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများရှိနေသဖြင့် သတ္တုတွင်းတူးဖော်ရေးလုပ်ငန်းများ ထိန်းချုပ်နိုင်ရန် လာမည့် အစိုးရသစ်အား တိုက်တွန်းလိုက်ကြောင်း ရှမ်းပြည်နယ်တောင်သူလယ်သမားများ ကွန်ရက်နှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~