
မတျ 17, 2016
By Tachileik News Agency

နေပြည်တော်၊ မတ် ၁၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စု အစိုးရ၀န်ကြီးဌာန ၂၁ ခု စာရင်းနှင့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး သတ်မှတ်ခြင်း ကို ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်သို့တင်ပြသည်။

ယနေ့ အစည်းအဝေးတွင် လွှတ်တော်သို့တင်ပြသည့် ပြည်ထောင်စု ၀န်ကြီးဌာန များ မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန၊ သမ္မတရုံးဝန်ကြီး ဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တို့ဖြစ်ကြသည်။

အဆိုပါ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း သတ်မှတ်ခြင်း ကို မတ် ၁၈ တွင်ဆက်လက်ကျင်းပ မည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

*********

နပြေည်တော်၊ မတ် ၁၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအေဝး အဋ္ဌမနေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နပြေည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအေဝးခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စု အစိုးရဝန်ကြီးဌာန ၂၁ ခု စာရင်းနှင့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး သတ်မှတ်ခြင်း ကို ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်သို့တင်ပြသည်။

ယနေ့ အစည်းအေဝးတွင် လွှတ်တော်သို့တင်ပြသည့် ပြည်ထောင်စု ဝန်ကြီးဌာန များ မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီး ဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တို့ဖြစ်ကြသည်။

အဆိုပါ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း သတ်မှတ်ခြင်း ကို မတ် ၁၈ တွင်ဆက်လက်ကျင်းပ မည့် ပြည်ထောင်စု လွှတ်တော်အစည်းအေဝးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

From: MOI ( https://goo.gl/uRR6WV )
Photo: Eleven Media Group

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net