ပလက္၀ၿမဳိ႕ကုိ ခ႐ုိင္အျဖစ္ တုိးခ်ဲ႕ရန္ လူထုဆႏၵေဖာ္ထုတ္

ပလက္၀ၿမဳိ႕ကုိ ခ႐ုိင္အျဖစ္ တုိးခ်ဲ႕ရန္ လူထုဆႏၵေဖာ္ထုတ္
မတ် 21, 2016
By Tachileik News Agency

ပလက္၀၊ မတ္ ၂၂  ။   ။ ခ်င္းျပည္နယ္၊ ေတာင္ပုိင္းေဒသ ပလက္၀ၿမဳိ႕နယ္အား ခ႐ုိင္အျဖစ္ တုိးခ်ဲ႕သတ္မွတ္ရန္ မတ္လ (၂၁)ရက္ေန႔တြင္ ေဒသခံ (၂၀၀)ခန္႔  ေတာင္းဆုိ ဆႏၵေဖာ္ထုတ္မႈကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ပလက္ဝက ေတာင္းဆိုတာၾကာၿပီ။ အဲဒီေတာင္းဆိုတာကို မေပးဘဲနဲ႔ မေတာင္းဆိုထားတဲ့ အဲဒီ မတူပီကို ေပးလို႔ေလ။ ကြ်န္ေတာ္တို႔ လူထုဆႏၵေဖာ္ထုတ္ရျခင္းျဖစ္ပါတယ္။” လို႔ ဆႏၵေဖာ္ထုတ္ရာမွာ ႀကီးၾကပ္ေရး တာဝန္ခံ ဦးထြန္းစိန္မွ ေျပာသည္။

ပလက္ဝၿမိဳ႕နယ္အား ခရိုင္ၿမိဳ႕အျဖစ္ ရရွိေရးေတာင္းဆုိမႈအား ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးပုိက္လင္းမွ ၿပီးခဲ့ေသာ  အစိုးရသက္တမ္းအတြင္း ပထမအႀကိမ္လႊတ္ေတာ္မွာ ေတာက္ေလွ်ာက္ေတာင္းဆုိခဲ့ေပမယ့္ ခရုိင္အဆင့္ သတ္မွတ္ေပးျခင္းသည္ ျပည္နယ္အစုိးရႏွင့္သာ သက္ဆုိင္သည္ဟု ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။

အဲဒီေနာက္ ျပည္နယ္ အစိုးရ(Cabinet )တြင္ မဲခြဲဆုံးျဖတ္ရာတြင္ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးဟုန္းငုိင္းမွ ပလက္ဝၿမိဳ႕နယ္အား ခရုိင္အဆင့္ သတ္မွတ္ေပးရန္သေဘာတူ၊ မတူႏွင့္ မတူပီၿမိဳ႕အား ခရုိင္အဆင့္ သတ္မွတ္ေပးရန္ သေဘာတူ/မတူဟု မဲခြဲဆုံးျဖတ္မႈကုိ ျပဳလုပ္ေစခဲ့ၿပီးေနာက္တြင္ ပလက္၀ခရုိင္ရရွိေရး အဖြဲ႔အား ဖြဲ႔စည္းခဲ့ျခင္းျဖစ္ေၾကာင္း  ဆႏၵျပအဖြဲ႔ထံမွ သိရသည္။

ပလက္ဝၿမိဳ႕နယ္သည္ ဘဂၤလားေဒ့ရွ္၊ အိႏၵိယႏုိင္ငံတုိ႔ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနၿပီး ရခုိင္ျပည္နယ္အတြင္း ေဆာက္လုပ္လွ်က္ရွိေသာ ကုလားတန္ဘက္စုံဆိပ္ကမ္း စီမံကိန္းၿပီးဆုံးသည့္ အခါ ပလက္၀ၿမဳိ႕နယ္မွာ အာရွရဲ႕ ေရေၾကာင္းကုန္သြယ္မႈလမ္းေၾကာင္းမွာ အေရးပါလာႏုိင္ဖြယ္ရွိျခင္းေၾကာင့္ ယခုကဲ့သို႔  ခရုိင္အျဖစ္ တုိးခ်ဲ႕ေပးရန္ ေတာင္းဆိုျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ RiA
******************

( unicode )

ပလက်ဝ၊ မတ် ၂၂။ ချင်းပြည်နယ်၊ တောင်ပိုင်းဒေသ ပလက်ဝမြို့နယ်အား ခရိုင်အဖြစ် တိုးချဲ့သတ်မှတ်ရန် မတ်လ (၂၁)ရက်နေ့တွင် ဒေသခံ (၂၀၀)ခန့် တောင်းဆို ဆန္ဒဖော်ထုတ်မှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပလက်ဝက တောင်းဆိုတာကြာပြီ။ အဲဒီတောင်းဆိုတာကို မပေးဘဲနဲ့ မတောင်းဆိုထားတဲ့ အဲဒီ မတူပီကို ပေးလို့လေ။ ကျွန်တော်တို့ လူထုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။” လို့ ဆန္ဒဖော်ထုတ်ရာမှာ ကြီးကြပ်ရေး တာဝန်ခံ ဦးထွန်းစိန်မှ ပြောသည်။

ပလက်ဝမြို့နယ်အား ခရိုင်မြို့အဖြစ် ရရှိရေးတောင်းဆိုမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းမှ ပြီးခဲ့သော အစိုးရသက်တမ်းအတွင်း ပထမအကြိမ်လွှတ်တော်မှာ တောက်လျှောက်တောင်းဆိုခဲ့ပေမယ့် ခရိုင်အဆင့် သတ်မှတ်ပေးခြင်းသည် ပြည်နယ်အစိုးရနှင့်သာ သက်ဆိုင်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဲဒီနောက် ပြည်နယ် အစိုးရ(Cabinet )တွင် မဲခွဲဆုံးဖြတ်ရာတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းမှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့် သတ်မှတ်ပေးရန်သဘောတူ၊ မတူနှင့် မတူပီမြို့အား ခရိုင်အဆင့် သတ်မှတ်ပေးရန် သဘောတူ/မတူဟု မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်စေခဲ့ပြီးနောက်တွင် ပလက်ဝခရိုင်ရရှိရေး အဖွဲ့အား ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ထံမှ သိရသည်။

ပလက်ဝမြို့နယ်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နပြေီး ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်လျှက်ရှိသော ကုလားတန်ဘက်စုံဆိပ်ကမ်း စီမံကိန်းပြီးဆုံးသည့် အခါ ပလက်ဝမြို့နယ်မှာ အာရှရဲ့ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းမှာ အရေးပါလာနိုင်ဖွယ်ရှိခြင်းကြောင့် ယခုကဲ့သို့ ခရိုင်အဖြစ် တိုးချဲ့ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ RiA
ဓာတ္ပံု။  ။ Khumi Media Group -ခူမီးမီဒီယာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~