(၂)ရက်ဆက်တိုက် နွားများ ရုတ်တရက် သေဆုံးသည့်အတွက် အခြားနွားများအား တာချီလိတ်၌ ကာကွယ်ဆေးများ ထိုးနှံပေး
(၂)ရက်ဆက်တိုက် နွားများ ရုတ်တရက် သေဆုံးသည့်အတွက် အခြားနွားများအား တာချီလိတ်၌ ကာကွယ်ဆေးများ ထိုးနှံပေး
မတျ 25, 2016
By Tachileik News Agency
တာချီလိတ်မြို့နယ် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုအတွင်းရှိ ဟွေဟယ်ကျေးရွာတွင် မတ်လ(၂၂)ရက်နှင့် မတ်လ(၂၃)ရက်နေ့ အတွင်း နွား(၃)ကောင် ရုတ်တရက် ဆက်တိုက် သေဆုံးမှုဖြစ်ပွားခဲ့ရာ တာလေမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာ စိန်ရည်ဝင်း နှင့် တာဝန်ရှိသူများမှ ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများအား မတ်လ(၂၅)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးချက်အရ တောင်သူ ဦးဒါဝိဒ်၊ ဦးဒါတို့နှင့် ဦးကျပို့တို့ မွေးမြူထားသော နွားများအနက် နွား(၂)ကောင်မှာ မည်သည့်ရောဂါမှန်း မသိဘဲ ရုတ်တရက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသွားသော နွားများအား စားသုံးခြင်း မပြုစေဘဲ ချက်ချင်းမြေမြှုပ်ပစ်ခဲ့ကြောင်း သိရသည်။
သတင်း။  ။ မောင်ယဉ်ကျေး
------------------
( unicode )
တာချီလိတ်၊ မတ်လ(၂၅)။ တာချီလိတ်မြို့နယ်တွင် မတ်လ တတိယပတ်အတွင်းက (၂)ရက်ဆက်တိုက် နွားများ ရုတ်တရက် သေဆုံးမှုများဖြစ်ပေါ်လျှက်ရှိရာ အခြားနွားများအား ရောဂါပိုးများ ကူးစက်မှု မရှိရန်အတွက် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရကြောင်း တာချီလိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
တာချီလိတ်မြို့နယ် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုအတွင်းရှိ ဟွေဟယ်ကျေးရွာတွင် မတ်လ(၂၂)ရက်နှင့် မတ်လ(၂၃)ရက်နေ့ အတွင်း နွား(၃)ကောင် ရုတ်တရက် ဆက်တိုက် သေဆုံးမှုဖြစ်ပွားခဲ့ရာ တာလမြေို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာ စိန်ရည်ဝင်း နှင့် တာဝန်ရှိသူများမှ ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများအား မတ်လ(၂၅)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးချက်အရ တောင်သူ ဦးဒါဝိဒ်၊ ဦးဒါတို့နှင့် ဦးကျပို့တို့ မွေးမြူထားသော နွားများအနက် နွား(၂)ကောင်မှာ မည်သည့်ရောဂါမှန်း မသိဘဲ ရုတ်တရက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသွားသော နွားများအား စားသုံးခြင်း မပြုစေဘဲ ချက်ချင်းမြမြှေုပ်ပစ်ခဲ့ကြောင်း သိရသည်။
ကျေးရွာအနီးပတ်ဝန်းကျင်ရှိ အခြားနွားများ ရောဂါပိုး မကျရောက်စေရန် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး အပူချိန်လွန်ကဲမှုဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ မွေးမြူရေး အသိပညာပေးလုပ်ငန်းများနှင့် စနစ်တကျထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများအား တောင်သူများထံ အသိပညာပေးဆွေးနွေးခဲ့ကြောင်း ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။
သတင်း။ မောင်ယဉ်ကျေး
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~