က်ဳိင္းတံု၌ အမွဳိက္သိမ္းသည့္ ကုမၸဏီ ၀န္ေဆာင္ခ မရ၍ အခက္ႀကံဳ

က်ဳိင္းတံု၌ အမွဳိက္သိမ္းသည့္ ကုမၸဏီ ၀န္ေဆာင္ခ မရ၍ အခက္ႀကံဳ
မတ် 8, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ(၈) ။   ။ စားေသာက္ဆိုင္ႏွင့္ အျခားလုပ္ငန္း႐ွင္အခ်ိဳ႕မွာ က်ိဳင္းတံုၿမိဳ႕တြင္ အမွိဳက္သိမ္းလုပ္ငန္းလုပ္ကိုင္ေနေသာ ကုမၸဏီအား အမွဳိက္သိမ္းသည့္ ၀န္ေဆာင္ခ မေပးေဆာင္ၾကသျဖင့္ အခက္အခဲမ်ား ၾကံဳေတြ႕ေနရေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ အမွဳိက္သိမ္းတဲ့ လုပ္ငန္းလုပ္ရာမွာ လုပ္ငန္း႐ွင္အခ်ိဳ႕ဆီကေန ကြ်န္ေတာ္တို႔ အမိွဳက္သိမ္းေပးတဲ့ ၀န္ေဆာင္ခ ေတာင္းခံလို႔မရတဲ့ ျပႆနာ႐ိွပါတယ္။ ကြ်န္ေတာ္တို႔ ကုမၸဏီကေန သူတို႔ရဲ႕လုပ္ငန္းကို အမိွဳက္သြားမသိမ္းေပးလို႔ ၀န္ေဆာင္ခ မရတာဆိုတစ္မ်ိဳးေပါ့။ အခုဟာက အမိွဳက္သိမ္းေပးရဲ႕သားနဲ႔ သူတို႔က ၀န္ေဆာင္ခ မသြင္းၾကတာပါ။ ၀န္ေဆာင္ခ သြားေကာက္ရင္ သူတို႔အမိႉက္ေတြ ကြ်န္ေတာ္တို႔ဆီက အမိွဳက္ကားေတြဆီ မတင္ပါဘူး။ စည္ပင္အမိွဳက္ကားဆီဘဲတင္တဲ့ အတြက္ မေပးႏိုင္ပါဘူး ဆိုၿပီး ျငင္းၾကတာလည္း႐ိွပါတယ္။"ဟု စိန္ေရကန္ကုမၸဏီ၏ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးစိုင္း၀န္းေက်ာက္က ေျပာသည္။

စိန္ေရကန္ကုမၸဏီမွ က်ဳိင္းတုံ႐ိွ ရပ္ကြက္(၅)ခုကို (၁)ရက္ျခား၍  အမိွဳက္လိုက္လံသိမ္းဆည္းေပးလွ်က္႐ိွၿပီး ၀န္ေဆာင္ခအျဖစ္ အိမ္မ်ားကို အမ်ိဳးအစား(၄)မ်ိဳးခြဲကာ (၁၅၀၀၊၂၀၀၀၊၂၅၀၀၊၃၀၀၀)က်ပ္ စသည္ျဖင့္ ေကာက္ခံလွ်က္႐ိွၿပီး ကုန္စုံဆိုင္မ်ား၊ ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ားကို (၅၀၀၀)က်ပ္ျဖင့္ ေကာက္ခံကာ ၀န္ေဆာင္မွဳေပးလွ်က္႐ိွေၾကာင္း ၎ထံမွ သိရသည္။

စိန္ေရကန္ ကုမၸဏီမွ က်ိဳင္းတုံၿမိဳ႕တြင္ အမိွဳက္ႏွင့္မိလႅာ သိမ္းဆည္းေရးလုပ္ငန္းကို ၂၀၁၃ခုႏွစ္(၈)လပိုင္းမွ စတင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး အမိွဳက္ကား (၁၁)စီး၊ သုံးဘီးဆိုင္ကယ္ (၅)စီးႏွင့္ ၀န္ထမ္းအင္အား(၅၀)ဦးတို႔ျဖင့္ လုပ္ကိုင္လွ်က္ရွိေၾကာင္းႏွင့္ ၿမိဳ႕နယ္စည္သာယာေရးေကာ္မတီမွလည္း အမွိဳက္သိမ္းလုပ္ငန္းမ်ား လုပ္ကိုင္လွ်က္ရွိေၾကာင္း သိရသည္။

"ဆိုင္အတြက္ တစ္လက်ပ္(၃၀၀၀)ေကာက္တယ္ အိမ္အတြက္ဆိုရင္ ႏွစ္ထပ္အိမ္ျဖစ္တဲ့အတြက္ (၃၀၀၀)ဘဲေကာက္တယ္။ ဒါေတာ့ ၀န္ေဆာင္မႈေပးတာနဲ႔ ေပးရတဲ့ ေငြေၾကးတန္ဖိုး မမွ်ဘူးနဲ႔တူတယ္လို႔ ထင္တယ္၊ ေနအိမ္ေတြက အမွိဳက္သိပ္မထြက္ေတာ့ ေပးရတာ မတန္ဘူးေလ"ဟု Jin Café ပိုင္႐ွင္ ကိုစိုင္းစိုင္းလုံက ေျပာသည္။

စိန္ေရကန္ကုမၸဏီမွ (၁)ရက္ျခားသို႔မဟုတ္ (၂)ရက္ျခားတစ္ႀကိမ္ အမွိဳက္လာေရာက္ သိမ္းဆည္းေလ့ရွိေၾကာင္း၊ စားေသာက္ဆိုင္ႏွင့္ ေစ်းဆိုင္ခန္းမ်ားအား လစဥ္ေၾကး က်ပ္(၃၀၀၀)ေကာက္သည္မွာ မွ်တေသာ္လည္း ေနအိမ္မ်ားအား တန္းတူေကာက္ခံျခင္းမွာ မွ်တျခင္းမျဖစ္္ေၾကာင္း ၎က ဆိုသည္။

သတင္း။  ။ ဇြဲျမတ္
**********************

( unicode )

ကျိုင်းတုံ၊ မတ်လ(၈)။ စားသောက်ဆိုင်နှင့် အခြားလုပ်ငန်းရှင်အချို့မှာ ကျိုင်းတုံမြို့တွင် အမှိုက်သိမ်းလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီအား အမှိုက်သိမ်းသည့် ဝန်ဆောင်ခ မပေးဆောင်ကြသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်တော်တို့ အမှိုက်သိမ်းတဲ့ လုပ်ငန်းလုပ်ရာမှာ လုပ်ငန်းရှင်အချို့ဆီကနေ ကျွန်တော်တို့ အမှိုက်သိမ်းပေးတဲ့ ဝန်ဆောင်ခ တောင်းခံလို့မရတဲ့ ပြဿနာရှိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကနေ သူတို့ရဲ့လုပ်ငန်းကို အမှိုက်သွားမသိမ်းပေးလို့ ဝန်ဆောင်ခ မရတာဆိုတစ်မျိုးပေါ့။ အခုဟာက အမှိုက်သိမ်းပေးရဲ့သားနဲ့ သူတို့က ဝန်ဆောင်ခ မသွင်းကြတာပါ။ ဝန်ဆောင်ခ သွားကောက်ရင် သူတို့အမှိူက်တွေ ကျွန်တော်တို့ဆီက အမှိုက်ကားတွေဆီ မတင်ပါဘူး။ စည်ပင်အမှိုက်ကားဆီဘဲတင်တဲ့ အတွက် မပေးနိုင်ပါဘူး ဆိုပြီး ငြင်းကြတာလည်းရှိပါတယ်။"ဟု စိန်ရေကန်ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းကျောက်က ပြောသည်။

စိန်ရေကန်ကုမ္ပဏီမှ ကျိုင်းတုံရှိ ရပ်ကွက်(၅)ခုကို (၁)ရက်ခြား၍ အမှိုက်လိုက်လံသိမ်းဆည်းပေးလျှက်ရှိပြီး ဝန်ဆောင်ခအဖြစ် အိမ်များကို အမျိုးအစား(၄)မျိုးခွဲကာ (၁၅၀၀၊၂၀၀၀၊၂၅၀၀၊၃၀၀၀)ကျပ် စသည်ဖြင့် ကောက်ခံလျှက်ရှိပြီး ကုန်စုံဆိုင်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များကို (၅၀၀၀)ကျပ်ဖြင့် ကောက်ခံကာ ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

စိန်ရေကန် ကုမ္ပဏီမှ ကျိုင်းတုံမြို့တွင် အမှိုက်နှင့်မိလ္လာ သိမ်းဆည်းရေးလုပ်ငန်းကို ၂၀၁၃ခုနှစ်(၈)လပိုင်းမှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အမှိုက်ကား (၁၁)စီး၊ သုံးဘီးဆိုင်ကယ် (၅)စီးနှင့် ဝန်ထမ်းအင်အား(၅၀)ဦးတို့ဖြင့် လုပ်ကိုင်လျှက်ရှိကြောင်းနှင့် မြို့နယ်စည်သာယာရေးကော်မတီမှလည်း အမှိုက်သိမ်းလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

"ဆိုင်အတွက် တစ်လကျပ်(၃၀၀၀)ကောက်တယ် အိမ်အတွက်ဆိုရင် နှစ်ထပ်အိမ်ဖြစ်တဲ့အတွက် (၃၀၀၀)ဘဲကောက်တယ်။ ဒါတော့ ဝန်ဆောင်မှုပေးတာနဲ့ ပေးရတဲ့ ငွေကြေးတန်ဖိုး မမျှဘူးနဲ့တူတယ်လို့ ထင်တယ်၊ နေအိမ်တွေက အမှိုက်သိပ်မထွက်တော့ ပေးရတာ မတန်ဘူးလေ"ဟု Jin Café ပိုင်ရှင် ကိုစိုင်းစိုင်းလုံက ပြောသည်။

စိန်ရေကန်ကုမ္ပဏီမှ (၁)ရက်ခြားသို့မဟုတ် (၂)ရက်ခြားတစ်ကြိမ် အမှိုက်လာရောက် သိမ်းဆည်းလေ့ရှိကြောင်း၊ စားသောက်ဆိုင်နှင့် ဈေးဆိုင်ခန်းများအား လစဉ်ကြေး ကျပ်(၃၀၀၀)ကောက်သည်မှာ မျှတသော်လည်း နေအိမ်များအား တန်းတူကောက်ခံခြင်းမှာ မျှတခြင်းမဖြစ်ကြောင်း၎င်းက ဆိုသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~