ခ်င္းရိုင္းကုန္သည္မ်ားအသင္း၏ ဖိတ္ၾကားခ်က္ျဖင့္ (၄)ႏုိင္ငံ စီးပြားေရးေဆြးေႏြးပြဲသို႔ ျမန္မာကိုယ္စားလွယ္ (၆)ဦး တက္ေရာက္မည္

ခ်င္းရိုင္းကုန္သည္မ်ားအသင္း၏ ဖိတ္ၾကားခ်က္ျဖင့္ (၄)ႏုိင္ငံ စီးပြားေရးေဆြးေႏြးပြဲသို႔ ျမန္မာကိုယ္စားလွယ္ (၆)ဦး တက္ေရာက္မည္
မတ် 21, 2016
By Tachileik News Agency

က်ိဳင္းတံု၊ မတ္လ (၂၁) ရက္ ။    ။ ထိုင္းႏိုင္ငံ ခ်င္း႐ိုင္းခ႐ိုင္ကုန္သည္မ်ားအသင္းမွ ဖိတ္ၾကားခ်က္အရ ျမန္မာကိုယ္စားလွယ္ (၆)ဦးသည္ မတ္လ (၂၂) ရက္မွ (၂၅) ရက္အထိ က်င္းပမည့္ ျမန္မာ၊ လာအို၊ တ႐ုတ္၊ ကေမၻာဒီးယား (သို႔မဟုတ္) ဗီယက္နမ္ ႏိုင္ငံ တို႔ ပါဝင္ေဆြးေႏြးမည့္ စီးပြားေရးလုပ္ငန္း ေဆြးေႏြးပြဲသို႔ တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ ပို႔ေဆာင္ေရးလုပ္ငန္း၊ ကုန္သြယ္ေရးလုပ္ငန္း၊ စိုက္ပ်ဳိးေရးနည္းပညာႏွင့္ စိုက္ပ်ဳိးေရး ထြက္ကုန္ပစၥည္းအသံုးခ်လုပ္ငန္းမ်ား ပါဝင္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကုန္သြယ္ေရးႏွင့္ ျပည္ပဆက္ဆံေရးအသင္း အင္အား တိုးခ်ဲ႕ေရး ကိစၥရပ္မ်ားႏွင့္ပက္သက္၍ က်ဳိင္းတံုၿမိဳ႕နယ္အတြင္းမွ ကုန္သည္ႏွင့္စက္မႈလက္မႈ အမႈေဆာင္ေကာ္မတီ၊ ကုမၸဏီလုပ္ငန္းရွင္မ်ားႏွင့္ ကုန္သြယ္မႈျမႇင့္တင္ေရးႏွင့္ စားသံုးသူေရးရာ ဦးစီးဌာနတို႔ မတ္လ (၁၁)ရက္က ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး အစည္းအေဝးတက္ေရာက္မည့္ ျမန္မာကိုယ္စားလွယ္ (၆) ဦးအား အတည္ျပဳေရြးခ်ယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"အာဆီယံလြတ္လပ္ေသာ ကုန္သြယ္ေရးက႑အဆင့္ တိုးျမႇင့္လုပ္ေဆာင္သည့္ ကိစၥမ်ားစတင္ခ်ိန္၌ က်ဳိင္းတံုကုန္သည္ စက္မႈလက္မႈအသင္းႏွင့္ လုပ္ငန္းရွင္ကုမၸဏီမ်ားက စည္းလံုးညီၫြတ္မႈအင္အားႏွင့္ သြင္းကုန္ပို႔ကုန္လုပ္ငန္းမ်ားတြင္ တရားဝင္လုပ္ေဆာင္ထားျခင္းျဖင့္ ကုန္သြယ္ေရးႏွင့္ တန္ဖိုးေငြေပးေခ်မႈ အျငင္းပြားဖြယ္ ေျဖရွင္းရသည့္ကိစၥရပ္မ်ားေပၚေပါက္လာပါက လုပ္ငန္းရွင္ ကုန္သည္မ်ားအား ထိေရာက္ေသာ ကာကြယ္မႈေပးေရး၊ ရသင့္ရထိုက္ေသာ အက်ဳိးစီးပြားမ်ားကို ဆံုး႐ံႈးနစ္နာမႈ မရိွေစေရးတို႔အတြက္ တရားဝင္ေဆာင္ရြက္ေပးႏိုင္သည့္ အခြင့္အလမ္းရိွမည္ျဖစ္သည္ " ဟု ကုန္သြယ္မႈျမႇင့္တင္ေရးႏွင့္ စားသံုးသူေရးရာဦးစီးဌာန ၊ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ၊ က်ဳိင္းတံုၿမိဳ႕မွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးခင္ေအာင္သြယ္က ေျပာသည္။

ကုမၸဏီမ်ား၏ ပူးေပါင္းညိႇႏိႈင္းမႈ အင္အားမ်ားကိုရရိွႏိုင္ရန္ က်ဳိင္းတံုကုန္သည္ႏွင့္ စက္မႈလုပ္ငန္းရွင္မ်ား အသင္းတြင္ ပိုမိုပါဝင္ရန္ လိုအပ္ေနေၾကာင္း က်ဳိင္းတံုကုန္သည္စက္မႈ လက္မႈအသင္း ဥကၠဌ၊ ဦးစိုင္းေဇာ္မင္းက ဆိုသည္။

သတင္း။  ။ ဇင္ေအာင္

*********
( unicode )
ကျိုင်းတုံ၊ မတ်လ (၂၁) ရက်။ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ကုန်သည်များအသင်းမှ ဖိတ်ကြားချက်အရ မြန်မာကိုယ်စားလှယ် (၆)ဦးသည် မတ်လ (၂၂) ရက်မှ (၂၅) ရက်အထိ ကျင်းပမည့် မြန်မာ၊ လာအို၊ တရုတ်၊ ကမ္ဘောဒီးယား (သို့မဟုတ်) ဗီယက်နမ် နိုင်ငံ တို့ ပါဝင်ဆွေးနွေးမည့် စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းအသုံးချလုပ်ငန်းများ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးနှင့် ပြည်ပဆက်ဆံရေးအသင်း အင်အား တိုးချဲ့ရေး ကိစ္စရပ်များနှင့်ပက်သက်၍ ကျိုင်းတုံမြို့နယ်အတွင်းမှ ကုန်သည်နှင့်စက်မှုလက်မှု အမှုဆောင်ကော်မတီ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ မတ်လ (၁၁)ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး အစည်းအဝေးတက်ရောက်မည့် မြန်မာကိုယ်စားလှယ် (၆) ဦးအား အတည်ပြုရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
"အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးကဏ္ဍအဆင့် တိုးမြှင့်လုပ်ဆောင်သည့် ကိစ္စများစတင်ချိန်၌ ကျိုင်းတုံကုန်သည် စက်မှုလက်မှုအသင်းနှင့် လုပ်ငန်းရှင်ကုမ္ပဏီများက စည်းလုံးညီညွတ်မှုအင်အားနှင့် သွင်းကုန်ပို့ကုန်လုပ်ငန်းများတွင် တရားဝင်လုပ်ဆောင်ထားခြင်းဖြင့် ကုန်သွယ်ရေးနှင့် တန်ဖိုးငွေပေးချေမှု အငြင်းပွားဖွယ် ဖြေရှင်းရသည့်ကိစ္စရပ်များပေါ်ပေါက်လာပါက လုပ်ငန်းရှင် ကုန်သည်များအား ထိရောက်သော ကာကွယ်မှုပေးရေး၊ ရသင့်ရထိုက်သော အကျိုးစီးပွားများကို ဆုံးရှုံးနစ်နာမှု မရှိစေရေးတို့အတွက် တရားဝင်ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းရှိမည်ဖြစ်သည် " ဟု ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်အောင်သွယ်က ပြောသည်။
ကုမ္ပဏီများ၏ ပူးပေါင်းညှိနှိုင်းမှု အင်အားများကိုရရှိနိုင်ရန် ကျိုင်းတုံကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတွင် ပိုမိုပါဝင်ရန် လိုအပ်နေကြောင်း ကျိုင်းတုံကုန်သည်စက်မှု လက်မှုအသင်း ဥက္ကဌ၊ ဦးစိုင်းဇော်မင်းက ဆိုသည်။
သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~