တရုတ္ႏိုင္ငံသားတစ္ဦး ဓားခုတ္ခံရ၍ ေသဆံုးမႈ က်ဳိင္းတံု၌ ျဖစ္ပြား

တရုတ္ႏိုင္ငံသားတစ္ဦး ဓားခုတ္ခံရ၍ ေသဆံုးမႈ က်ဳိင္းတံု၌ ျဖစ္ပြား
မတ် 24, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ(၂၄)ရက္ ။  ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းလားနယ္စပ္ဂိတ္မွတစ္ဆင့္ က်ဳိင္းတံုၿမိဳ႕နယ္၊ နမ့္ကိုင္း(ေအာက္) ေက်းရြာသို႔ အလည္အပတ္ေရာက္လာသည့္ တရုတ္ႏိုင္ငံသားတစ္ဦးအား ဓားျဖင့္ခုတ္၍ ထြက္ေျပးတိမ္းေရွာင္ေနသူအား ဖမ္းဆီးရမိလိုက္ေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။

 "သတ္တဲ့တရားခံက မိန္းမနဲ႔ ကြဲေနၿပီး မူသိပ္မမွန္ဘူး ျဖစ္ေနတယ္။ အသတ္ခံရတဲ့သူနဲ႔ ဘာရန္ၿငွိဳးရန္စမွ မရိွဘူး။ သတ္တာက မတ္လ(၁၇)ရက္ေန႔မွာ၊ ျဖစ္တာက နမ့္ကိုင္(ေအာက္)ရြာမွာ၊ သတ္တဲ့သူက နမ့္ကိုင္း(အေပၚ)ရြာမွာေနတာ။ ရြာသားေတြက ရြာထဲမွာရွိတယ္လို႔ အေၾကာင္းၾကားလာလို႔ (၂၁)ရက္ေန႔က သြားဖမ္းထားပါတယ္ "ဟု က်ိဳင္းတံုၿမိဳ႕မ  ရဲစခန္းမွ ဒုစခန္းမွဴး  ရဲအုပ္ ဝင္းမင္းသန္႔က ေျပာသည္။

ေသဆံုးသြားသည့္ တရုတ္ႏိုင္ငံသား၀မ္ပလဲသည္ သူူငယ္ခ်င္းျဖစ္သူ က်ဴးေတလန္ႏွင့္အတူ မိုင္းလားနယ္စပ္မွ (EP)ယာယီျဖတ္သန္းခြင့္လက္မွတ္ျဖင့္ ၀င္ေရာက္လာၾကျခင္းျဖစ္ၿပီး က်ိဳင္းတံုၿမိဳ႕နယ္၊ ပန္ၾကဴေက်းရြာအုပ္စု၊ နမ့္ကိုင္း(ေအာက္)ရြာသို႔ လာေရာက္လည္ပတ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါရြာတြင္ အမ်ိဳးသမီးတစ္ဦးႏွင့္စကားေျပာေနစဥ္ နမ့္ကိုင္း(အေပၚ)ရြာေနသူ ဦးက်ဖဆိုသူ ေရာက္ရွိလာၿပီး ဓားျဖင့္၀င္ေရာက္ခုတ္၍ ထြက္ေျပးတိမ္းေရွာင္သြားျခင္းျဖစ္ေၾကာင္း က်ိဳင္းတံု ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဝမ္ပလဲသည္ ဦးေခါင္းဘယ္ဘက္ျခမ္းတြင္ (၅)လက္မခန္႔ ျပတ္ရွဒဏ္ရာရရွိခဲ့ၿပီး က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးသိုု႔ ပို႔ေဆာင္ကုသေနစဥ္ပင္ ေသဆံုးသြားခဲ့သျဖင့္ ဓားျဖင့္ခုတ္သူ ဦးက်ဖ အား ျပင္းထန္စြာနာက်င္ေစမႈ ျပစ္မႈပုဒ္မ (၃၂၆)ျဖင့္ အမႈဖြင့္ထားရာမွ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) (ပ)၄၇/၂၀၁၆  ျဖင့္  ျပစ္မႈပုဒ္မ(၃၀၂)သို႔ ေျပာင္းလဲအမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္
**************

ကျိုင်းတုံ၊ မတ်လ(၂၄)ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားနယ်စပ်ဂိတ်မှတစ်ဆင့် ကျိုင်းတုံမြို့နယ်၊ နမ့်ကိုင်း(အောက်) ကျေးရွာသို့ အလည်အပတ်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား ဓားဖြင့်ခုတ်၍ ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိလိုက်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

 "သတ်တဲ့တရားခံက မိန်းမနဲ့ ကွဲနပြေီး မူသိပ်မမှန်ဘူး ဖြစ်နေတယ်။ အသတ်ခံရတဲ့သူနဲ့ ဘာရန်ငြှိုးရန်စမှ မရှိဘူး။ သတ်တာက မတ်လ(၁၇)ရက်နေ့မှာ၊ ဖြစ်တာက နမ့်ကိုင်(အောက်)ရွာမှာ၊ သတ်တဲ့သူက နမ့်ကိုင်း(အပေါ်)ရွာမှာနေတာ။ ရွာသားတွေက ရွာထဲမှာရှိတယ်လို့ အကြောင်းကြားလာလို့ (၂၁)ရက်နေ့က သွားဖမ်းထားပါတယ် "ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် ဝင်းမင်းသန့်က ပြောသည်။

သေဆုံးသွားသည့် တရုတ်နိုင်ငံသားဝမ်ပလဲသည် သူငယ်ချင်းဖြစ်သူ ကျူးတေလန်နှင့်အတူ မိုင်းလားနယ်စပ်မှ (EP)ယာယီဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ နမ့်ကိုင်း(အောက်)ရွာသို့ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရွာတွင် အမျိုးသမီးတစ်ဦးနှင့်စကားပြောနေစဉ် နမ့်ကိုင်း(အပေါ်)ရွာနေသူ ဦးကျဖဆိုသူ ရောက်ရှိလာပြီး ဓားဖြင့်ဝင်ရောက်ခုတ်၍ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ကျိုင်းတုံ မြို့မရဲစခန်းမှ သိရသည်။

ဝမ်ပလဲသည် ဦးခေါင်းဘယ်ဘက်ခြမ်းတွင် (၅)လက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဉ်ပင် သေဆုံးသွားခဲ့သဖြင့် ဓားဖြင့်ခုတ်သူ ဦးကျဖ အား ပြင်းထန်စွာနာကျင်စေမှု ပြစ်မှုပုဒ်မ (၃၂၆)ဖြင့် အမှုဖွင့်ထားရာမှ ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) (ပ)၄၇/၂၀၁၆ ဖြင့် ပြစ်မှုပုဒ်မ(၃၀၂)သို့ ပြောင်းလဲအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~