က်ဳိင္းတံု၌ မီးေသြးဖုတ္သူမ်ား အိမ္အေရာက္ ပို႔ေဆာင္ ေရာင္းခ်သည့္အတြက္ မီးေသြးအေရာင္းဆိုင္မ်ား ေရာင္းအားက်

က်ဳိင္းတံု၌ မီးေသြးဖုတ္သူမ်ား အိမ္အေရာက္ ပို႔ေဆာင္ ေရာင္းခ်သည့္အတြက္ မီးေသြးအေရာင္းဆိုင္မ်ား ေရာင္းအားက်
မတ် 3, 2016
By Tachileik News Agency


က်ဳိင္းတံု၊ မတ္လ(၃) ။   ။ ေႏြရာသီအခ်ိန္၌ ေတာင္ေပၚတြင္ ထင္းခုတ္၍ မီးေသြးဖုတ္ခ်ိန္ျဖစ္သည့္အတြက္ က်ိဳင္းတုံၿမိဳ႕ေနအိမ္မ်ားသို႔ အိမ္တိုင္ရာေရာက္ မီးေသြးဖုတ္သူမ်ား လာေရာက္ေရာင္းခ်ျခင္းေၾကာင့္ မီးေသြး အေရာင္းဆိုင္မ်ား ေရာင္းအားက်ဆင္းေနေၾကာင္းက်ိဳင္းတုံ မီးေသြးအေရာင္းဆိုင္မ်ားမွ သိရသည္။

"ဒီအခ်ိန္က မီးေသြးေပၚခ်ိန္ျဖစ္တဲ့အတြက္ ေတာင္ေပၚကလူေတြက က်ိဳင္းတုံအထိဆင္းၿပီး ဆမ္ေလာ့(သံုးဘီး)နဲ႔ ဆိုင္ေတြအိမ္ေတြထိ ဆိုင္ကေရာင္းတဲ့ေစ်းေတြထက္ ေလွ်ာ့ၿပီးလိုက္ေရာင္းၾကတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ဆိုင္ေတြမွာ ခါတိုင္းထက္ ေရာင္းအားေတြက်လာတယ္။ ၂လေလာက္႐ိွၿပီ"ဟု မီးေသြး အေရာင္းဆိုင္ ဖြင့္ထားသူ ဦးေက်ာ္ေက်ာ္က ေျပာသည္။
မိုးတြင္းႏွင့္ေဆာင္းအ၀င္ ကာလတြင္ မီးေသြး႐ွားသည့္အတြက္ တစ္အိတ္လွ်င္ (၁၀,၀၀၀)က်ပ္ အထိ ေစ်းတက္ေလ့႐ိွၿပီး ယခုလိုကာလတြင္ မီးေသြးထြက္ႏႈန္းမ်ားသည့္အတြက္ မီးေသြးတစ္အိတ္လွ်င္ (၇,၅၀၀)က်ပ္ႏွင့္ (၇,၀၀၀)က်ပ္တြင္သာ႐ိွေၾကာင္း ၎ထံမွသိရသည္။
"မီးေသြးေရာင္းအားကေတာ့ ပုံမွန္ပါပဲဲ တစ္ရက္ကို အိတ္(၂၀)ေရာင္းရပါတယ္။ ၿပီးရင္ မီးေသြးေပၚခ်ိန္ ဆိုေတာ့ ေစ်းကလည္းက်တယ္ေလ။ က်ိဳင္းတုံက လွ်ပ္စစ္မီးလည္း မမွန္တဲ့အတြက္ ၀ယ္ယူသံုးစြဲတဲ့ ေစ်းကြက္အခိုင္အမာရွိတယ္။"ဟု မီးေသြးေရာင္းခ်ေနသူ ဦးေလာ္ဇီးကေျပာသည္။
က်ိဳင္းတုံတြင္ မီးေသြးႏွင့္ ထင္းတို႔အား စားေသာက္ဆိုင္မ်ား၊ အကင္ဆိုင္မ်ားမွ အဓိက ၀ယ္ယူ သုံးစြဲ လွ်က္႐ိွၿပီး ေနအိမ္မ်ားတြင္ေတာ့ ထမင္းႏွင့္ ဟင္းခ်က္ရန္အတြက္သာ လာေရာက္ ၀ယ္ယူမႈမ်ားရွိၿပီး က်ိဳင္းတံုၿမိဳ႕တြင္ လွ်ပ္စစ္မီးပ်က္သည့္ အခ်ိန္မ်ား၌ မီးေသြး အထုတ္ေသးမ်ားကို လာေရာက္ ၀ယ္ယူေလ့ ႐ိွေၾကာင္း မီးေသြးအေရာင္းဆိုင္မ်ားမွ သိရသည္။
က်ိဳင္းတံုၿမိဳ႕တြင္ ေလာင္စာအျဖစ္ ထင္းႏွင့္မီးေသြးကို အမ်ားဆံုးအသံုးျပဳလွ်က္ရွိၿပီး ယခု မွာယူ အသံုးျပဳေသာ မီးေသြးမ်ားမွာ မိုင္းခြန္ေက်းရြာအုပ္စုမွ ထြက္ရွိေသာ မီးေသြးမ်ားျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း။  ။ ဇြဲျမတ္
********************

( unicode )

ကျိုင်းတုံ၊ မတ်လ(၃)။ နွေရာသီအချိန်၌ တောင်ပေါ်တွင် ထင်းခုတ်၍ မီးသွေးဖုတ်ချိန်ဖြစ်သည့်အတွက် ကျိုင်းတုံမြို့နေအိမ်များသို့ အိမ်တိုင်ရာရောက် မီးသွေးဖုတ်သူများ လာရောက်ရောင်းချခြင်းကြောင့် မီးသွေး အရောင်းဆိုင်များ ရောင်းအားကျဆင်းနေကြောင်းကျိုင်းတုံ မီးသွေးအရောင်းဆိုင်များမှ သိရသည်။

"ဒီအချိန်က မီးသွေးပေါ်ချိန်ဖြစ်တဲ့အတွက် တောင်ပေါ်ကလူတွေက ကျိုင်းတုံအထိဆင်းပြီး ဆမ်လော့(သုံးဘီး)နဲ့ ဆိုင်တွေအိမ်တွေထိ ဆိုင်ကရောင်းတဲ့ဈေးတွေထက် လျှော့ပြီးလိုက်ရောင်းကြတယ်။ ဒါကြောင့် ကျွန်တော်တို့ဆိုင်တွေမှာ ခါတိုင်းထက် ရောင်းအားတွေကျလာတယ်။ ၂လလောက်ရှိပြီ"ဟု မီးသွေး အရောင်းဆိုင် ဖွင့်ထားသူ ဦးကျော်ကျော်က ပြောသည်။

မိုးတွင်းနှင့်ဆောင်းအဝင် ကာလတွင် မီးသွေးရှားသည့်အတွက် တစ်အိတ်လျှင် (၁၀,ဝဝဝ)ကျပ် အထိ ဈေးတက်လေ့ရှိပြီး ယခုလိုကာလတွင် မီးသွေးထွက်နှုန်းများသည့်အတွက် မီးသွေးတစ်အိတ်လျှင် (၇,၅၀၀)ကျပ်နှင့် (၇,ဝဝဝ)ကျပ်တွင်သာရှိကြောင်း၎င်းထံမှသိရသည်။

"မီးသွေးရောင်းအားကတော့ ပုံမှန်ပါပဲ တစ်ရက်ကို အိတ်(၂၀)ရောင်းရပါတယ်။ ပြီးရင် မီးသွေးပေါ်ချိန် ဆိုတော့ ဈေးကလည်းကျတယ်လေ။ ကျိုင်းတုံက လျှပ်စစ်မီးလည်း မမှန်တဲ့အတွက် ဝယ်ယူသုံးစွဲတဲ့ ဈေးကွက်အခိုင်အမာရှိတယ်။"ဟု မီးသွေးရောင်းချနေသူ ဦးလော်ဇီးကပြောသည်။

ကျိုင်းတုံတွင် မီးသွေးနှင့် ထင်းတို့အား စားသောက်ဆိုင်များ၊ အကင်ဆိုင်များမှ အဓိက ဝယ်ယူ သုံးစွဲ လျှက်ရှိပြီး နေအိမ်များတွင်တော့ ထမင်းနှင့် ဟင်းချက်ရန်အတွက်သာ လာရောက် ဝယ်ယူမှုများရှိပြီး ကျိုင်းတုံမြို့တွင် လျှပ်စစ်မီးပျက်သည့် အချိန်များ၌ မီးသွေး အထုတ်သေးများကို လာရောက် ဝယ်ယူလေ့ ရှိကြောင်း မီးသွေးအရောင်းဆိုင်များမှ သိရသည်။

ကျိုင်းတုံမြို့တွင် လောင်စာအဖြစ် ထင်းနှင့်မီးသွေးကို အများဆုံးအသုံးပြုလျှက်ရှိပြီး ယခု မှာယူ အသုံးပြုသော မီးသွေးများမှာ မိုင်းခွန်ကျေးရွာအုပ်စုမှ ထွက်ရှိသော မီးသွေးများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~