ANP ၏ အေရးေပၚ ဗဟုိေကာ္မတီ၀င္ အစည္းအေ၀း သတင္းမီဒီယာမ်ား တက္ေရာက္ခြင့္ မျပဳ

ANP ၏ အေရးေပၚ ဗဟုိေကာ္မတီ၀င္ အစည္းအေ၀း သတင္းမီဒီယာမ်ား တက္ေရာက္ခြင့္ မျပဳ
မတ် 12, 2016
By Tachileik News Agency
စစ္ေတြ၊ မတ္လ (၁၂) ရက္  ။    ။ ရခုိင္အမ်ဳိးသားပါတီ၏ လတ္တေလာ ႏုိင္ငံေရးအေျခအေနမ်ားနွင့္ ပတ္သက္ၿပီး မတ္လ ၁၂ ရက္ႏွင့္ ၁၃ ရက္ေန႔မ်ားတြင္ က်င္းပမည့္ အေရးေပၚ ဗဟုိေကာ္မတီ၀င္ အစည္းအေ၀းကုိ သတင္းမီဒီယာမ်ား တက္ေရာက္ခြင့္ရရွိမည္ မဟုတ္ေၾကာင္း ပါတီ၏ ေျပာေရးဆိုခြင့္ရိွသူထံမွ သိရသည္။
အစည္းအေ၀းၿပီးဆုံးမွသာလွ်င္ သတင္းထုတ္ျပန္မႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ပါတီ၏ေျပာေရးဆုိခြင့္ရွိသူ ဦးခုိင္ျပည္စုိးက ေျပာသည္။

“ရခုိင္တစ္ျပည္နယ္လုံး ANP ရဲ႕ ေကာ္မတီ၀င္ေတြ လာၾကမွာ ျဖစ္သလုိ လတ္တေလာ ပါတီတြင္း ႏုိင္ငံေရးရႈပ္ေထြးမႈ အေျခအေနေတြကုိ ေဆြးေႏြးဆုံးျဖတ္မယ့္ အေရးႀကီး အစည္းအေ၀းတစ္ရပ္ျဖစ္တယ္။ အစည္းအေ၀းမၿပီးခင္ သတင္းမီဒီယာေတြကေန မလုိအပ္ဘဲ သတင္းေတြ ထြက္ေပၚၿပီး အစည္းအေ၀း တမ်ဳိးတမည္ ေျပာင္းသြားဖုိ႔ မလုိလားတဲ့အတြက္ အစည္းအေ၀းၿပီးမွ သတင္းထုတ္ျပန္ပါမယ္။ အစည္းအေ၀းလုပ္ေနခ်ိန္မွာ ဘယ္သတင္းမီဒီယာမွ ၀င္ခြင့္ျပဳမွာ မဟုတ္ပါဘူး။”ဟု ဦးခို္င္ျပည္စိုးက

ေျပာသည္။

ရခုိင္အမ်ဳိးသားပါတီ ဗဟုိဌာနခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္ ၁/၂၀၁၆ ႏွင့္ ၂၀/၂၀၁၆ ပါ အခ်က္မ်ားျဖစ္သည့္ ရခုိင္ျပည္နယ္၀န္ႀကီးခ်ဳပ္ကုိ ANP မွ ခန္႔အပ္ရန္ႏွင့္ ယင္းသုိ႔ မဟုတ္ပါက မည္သည့္ အစုိးရအဖြဲ႔တြင္မွ ပါ၀င္ျခင္းမျပဳဘဲ အတုိက္အခံအျဖစ္ ေနသြားရန္၊ ေၾကညာခ်က္ကုိ မလုိက္နာသည့္ ပါတီအဖြဲ႔၀င္မ်ားကုိ အေရးယူ အျပစ္ေပးသြားမည္ျဖစ္ေၾကာင္း ေၾကညာခ်က္မ်ားကုိ ရခုိင္အမ်ဳိးသားပါတီ ဗဟုိအလုပ္ အမႈေဆာင္မ်ား လည္းျဖစ္သည့္ ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ALD ၏ ေခါင္းေဆာင္ ၆ ဦးက သေဘာမတူေၾကာင္း ကန္႔ကြက္သည့္ သတင္းစာရွင္းလင္းပြဲတစ္ရပ္ကုိ မတ္လ ၆ ရက္ေန႔က ရန္ကုန္ၿမဳိ႕ ေတာ္၀င္ႏွင္းဆီခန္းမတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ပါတီႏွစ္ခုပူးေပါင္းထားသည့္ ရခုိင္အမ်ဳိးသားပါတီတြင္ ALD အင္အားစုႏွင့္ RNDP အင္အားစုမ်ားၾကား သေဘာထားတင္းမာမႈမ်ား ျမင့္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ပါတီထဲမွာ RNDP က လႊမ္းမုိးမႈမ်ားေနတယ္။ အခ်ဳိးက်ခြဲေ၀မႈမွာ ကၽြန္ေတာ္တုိ႔ ALD ဘက္က အရမ္းနည္းေတာ့ ပါတီတြင္း ေဆြးေႏြးဆုံးျဖတ္ခ်က္ေတြဟာ ကၽြန္ေတာ္တုိ႔ရဲ႕ သေဘာထားမွန္ကုိ နီးစပ္ဖုိ႔ ခက္ခဲေနပါတယ္။ ဒါေၾကာင့္ ေဆြးေႏြးမႈလုပ္မယ္ဆုိရင္ အရပ္ဖက္အဖြဲ႔အစည္းေတြႏွင့္ လူထုေရွ႕ေမွာက္မွာပဲလုပ္ဖို႔ ကၽြန္ေတာ္တုိ႔ ေတာင္းဆုိပါတယ္။” ဟု ရန္ကုန္ၿမိဳ႕တြင္က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ရခုိင္အမ်ဳိးသားပါတီ ဗဟုိအလုပ္အမႈေဆာင္ ၆ ဦး၏ ေျပာေရးဆုိခြင့္ရွိသူ ( ယခင္ ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ) ဦးမ်ဳိးေက်ာ္က ေျပာၾကားခဲ့သည္။
သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့သည့္ ANP ဗဟုိအလုပ္အမႈေဆာင္ ၆ ဦးကုိ မတ္လ ၁၁ ရက္ေန႔မွာ ပါတီ ဗဟုိဌာနခ်ဳပ္ကုိ လာေရာက္ စစ္ေဆးခံဖုိ႔ ညႊန္ၾကားထားေသာ္လည္း ၎တုိ႔ဖက္က ေၾကညာခ်က္ ၂ ေစာင္ကုိ ဆက္တုိက္ ထုတ္ျပန္ခဲ့ၿပီး ေၾကညာခ်က္တြင္ “ လူထုေရွ႕ေမွာက္တြင္ ေတြ႔ဆုံရွင္းလင္းရန္ (သုိ႔မဟုတ္) ၁/၂၀၁၆ ႏွင့္ ၂/၂၀၁၆ ကုိ ႐ုတ္သိမ္းရန္ ပါရွိၿပီး လုိက္နာရန္ ပ်က္ကြက္ခဲ့ပါက ANP ရဲ႕ ဥကၠဌ ေဒါက္တာ ဦးေအးေမာင္ရဲ႕ တာ၀န္သာ ျဖစ္ေၾကာင္း” ေဖာ္ျပထားျခင္းျဖစ္သည္။

ယင္းေနာက္ ရခုိင္အမ်ဳိးသားပါတီ ဗဟုိဌာနခ်ဳပ္က ရခိုင္တစ္ျပည္နယ္လုံးပါ၀င္သည့္ ANP ေကာ္မတီ၀င္ အစည္းအေ၀းတစ္ရပ္ကုိ က်င္းပရန္ စီစဥ္ခဲ့ျခင္းျဖစ္ၿပီး မူလက စစ္ေတြတြင္ က်င္းပရန္ စီစဥ္ခဲ့ရာမွ စစ္ေတြႏွင့္ အလွမ္းေ၀းသည့္ ပုဏၰားကၽြန္းၿမဳိ႕နယ္၊ ပန္းနီလာေက်းရြာတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။


သတင္း ။  ။ RiA
****************

( unicode )

စစ်တွေ၊ မတ်လ (၁၂) ရက်။ ရခိုင်အမျိုးသားပါတီ၏ လတ်တလော နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး မတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ကျင်းပမည့် အရေးပေါ် ဗဟိုကော်မတီဝင် အစည်းအေဝးကို သတင်းမီဒီယာများ တက်ရောက်ခွင့်ရရှိမည် မဟုတ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
အစည်းအေဝးပြီးဆုံးမှသာလျှင် သတင်းထုတ်ပြန်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောသည်။
“ရခိုင်တစ်ပြည်နယ်လုံး ANP ရဲ့ ကော်မတီဝင်တွေ လာကြမှာ ဖြစ်သလို လတ်တလော ပါတီတွင်း နိုင်ငံရေးရှုပ်ထွေးမှု အခြေအနေတွေကို ဆွေးနွေးဆုံးဖြတ်မယ့် အရေးကြီး အစည်းအေဝးတစ်ရပ်ဖြစ်တယ်။ အစည်းအေဝးမပြီးခင် သတင်းမီဒီယာတွေကနေ မလိုအပ်ဘဲ သတင်းတွေ ထွက်ပေါ်ပြီး အစည်းအေဝး တမျိုးတမည် ပြောင်းသွားဖို့ မလိုလားတဲ့အတွက် အစည်းအေဝးပြီးမှ သတင်းထုတ်ပြန်ပါမယ်။ အစည်းအေဝးလုပ်နေချိန်မှာ ဘယ်သတင်းမီဒီယာမှ ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။”ဟု ဦးခို်င်ပြည်စိုးက
ပြောသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက် ၁/၂၀၁၆ နှင့် ၂၀/၂၀၁၆ ပါ အချက်များဖြစ်သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ANP မှ ခန့်အပ်ရန်နှင့် ယင်းသို့ မဟုတ်ပါက မည်သည့် အစိုးရအဖွဲ့တွင်မှ ပါဝင်ခြင်းမပြုဘဲ အတိုက်အခံအဖြစ် နေသွားရန်၊ ကြေညာချက်ကို မလိုက်နာသည့် ပါတီအဖွဲ့ဝင်များကို အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်များကို ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် အမှုဆောင်များ လည်းဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၏ ခေါင်းဆောင် ၆ ဦးက သဘောမတူကြောင်း ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါတီနှစ်ခုပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီတွင် ALD အင်အားစုနှင့် RNDP အင်အားစုများကြား သဘောထားတင်းမာမှုများ မြင့်လာခြင်းဖြစ်ကြောင်း သိရသည်။
“ပါတီထဲမှာ RNDP က လွှမ်းမိုးမှုများနေတယ်။ အချိုးကျခွေဲဝမှုမှာ ကျွန်တော်တို့ ALD ဘက်က အရမ်းနည်းတော့ ပါတီတွင်း ဆွေးနွေးဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ရဲ့ သဘောထားမှန်ကို နီးစပ်ဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် ဆွေးနွေးမှုလုပ်မယ်ဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေနှင့် လူထုရှေ့မှောက်မှာပဲလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။” ဟု ရန်ကုန်မြို့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ၆ ဦး၏ ပြောရေးဆိုခွင့်ရှိသူ ( ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ) ဦးမျိုးကျော်က ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ANP ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို မတ်လ ၁၁ ရက်နေ့မှာ ပါတီ ဗဟိုဌာနချုပ်ကို လာရောက် စစ်ဆေးခံဖို့ ညွှန်ကြားထားသော်လည်း၎င်းတို့ဖက်က ကြေညာချက် ၂ စောင်ကို ဆက်တိုက် ထုတ်ပြန်ခဲ့ပြီး ကြေညာချက်တွင် “ လူထုရှေ့မှောက်တွင် တွေ့ဆုံရှင်းလင်းရန် (သို့မဟုတ်) ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကို ရုတ်သိမ်းရန် ပါရှိပြီး လိုက်နာရန် ပျက်ကွက်ခဲ့ပါက ANP ရဲ့ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်ရဲ့ တာဝန်သာ ဖြစ်ကြောင်း” ဖော်ပြထားခြင်းဖြစ်သည်။
ယင်းနောက် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်က ရခိုင်တစ်ပြည်နယ်လုံးပါဝင်သည့် ANP ကော်မတီဝင် အစည်းအေဝးတစ်ရပ်ကို ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မူလက စစ်တွေတွင် ကျင်းပရန် စီစဉ်ခဲ့ရာမှ စစ်တွေနှင့် အလှမ်းေဝးသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း။ RiA
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~