သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့သည့္ ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႔၀င္မ်ားကုိ အေရးယူရန္ ANP မွ ဆင့္ေခၚ

သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့သည့္ ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႔၀င္မ်ားကုိ အေရးယူရန္ ANP မွ ဆင့္ေခၚ
မတ် 10, 2016
By Tachileik News Agency

စစ္ေတြ၊ မတ္လ (၁၀) ရက္ ။   ။ ရန္ကုန္ၿမဳိ႕ ေတာ္၀င္ႏွင္းဆီခန္းမတြင္ မတ္လ (၆)ရက္ေန႔က ျပဳလုပ္ခဲ့သည့္ ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဴပ္ (ALD) ၏ အဖြဲ႔၀င္ (၆) ဦးကုိ ပါတီ၏ စည္းကမ္းဥပေဒ ေဖာက္ဖ်က္မႈႏွင့္ အေရးယူရန္ ဖြဲ႕စည္းလိုက္သည့္ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္က မတ္လ (၁၁)ရက္ေန႔တြင္ လာေရာက္ရန္ ဆင့္ေခၚထားေၾကာင္း သိရသည္။

အဆိုပါ (၆) ဦးအား စစ္ေဆးရန္ ေကာ္မရွင္ကုိ မတ္လ (၇)ရက္ေန႔က ဖြဲ႔စည္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတုိ႔ သတင္းစာရွင္းလင္းပြဲျပဳလုပ္တာတုိ႔၊ ေၾကညာခ်က္ထုတ္ျပန္တာတုိ႔ဟာ ကၽြန္ေတာ္တုိ႔ကုိ အသိမေပးခဲ့ဘူး။ လူပုဂၢဳိလ္ သုံးေလးဦးရဲ႕ ဆႏၵနဲ႕ ျပဳလုပ္တာပဲျဖစ္တယ္။ ဒီကိစၥရပ္အေပၚ ကၽြန္ေတာ္တုိ႔ ပါတီတြင္း CEC အစည္းအေဝးျပဳလုပ္ၿပီး အစည္းအေဝးရဲ႕ဆုံးျဖတ္ခ်က္အရ သူတို႔ကုိ အေရးယူဖုိ႔ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ဖြဲ႔ထားၿပီးပါၿပီ။  စစ္ေဆးၿပီးရင္ အေရးယူဖုိ႔ ျပဳလုပ္သြားမွာပါ။ အျမင့္ဆုံးျပစ္ဒဏ္က ပါတီက ထုတ္ပယ္ႏုိင္ပါတယ္။”ဟု ရခုိင္အမ်ိဳးသားပါတီ၏ စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီ ေခါင္းေဆာင္ ဦးခုိင္ျပည္စုိးက ဆိုသည္။

အဆုိပါ ALD အဖြဲ႔၀င္ (၆)ဦးမွာ ဦးေက်ာ္ျမင့္၊ ဦးလွျမင့္၊ ဦးမ်ဳိးေက်ာ္၊ ဦးမ်ဳိးေဆြ၊ ဦးထြန္းေရႊသိန္းႏွင့္ ဦးသန္းႏုိင္ျမင့္တုိ႔ျဖစ္ၿပီး ၎တုိ႔မွာ ရခုိင္အမ်ဳိးသားပါတီႏွင့္ ပူးေပါင္းခဲ့ရာတြင္ ပါ၀င္ခဲ့သည့္ ဗဟုိအလုပ္အမႈေဆာင္ ေကာ္မတီ၀င္မ်ားျဖစ္ၿပီး ANP က ထုတ္ျပန္ခဲသည့့္ ၁/၂၀၁၆ ႏွင့္ ၂/၂၀၁၆ ေၾကညာခ်က္တုိ႔ကုိ လက္မခံေၾကာင္း မတ္လ ၆ ရက္ေန႔က သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ သတင္းစာရွင္းလင္းပြဲျပဳလုပ္ျခင္းသည္ တရားမ၀င္လုပ္ရပ္ျဖစ္သျဖင့္ ပါတီ၏စည္းကမ္းဥပေဒအရ အေရးယူႏုိင္ရန္ ANP ဒုဥကၠဌ (လက္ရွိ ရခုိင္ျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ) ဦးဖုိးမင္းက ေခါင္းေဆာင္ၿပီး ေဒၚေအးႏုစိန္၊ ဦးတင္ညဳိ၊ ဦးေဖသန္းႏွင့္ ဦးေမာင္ေမာင္တုိ႔ အဖြဲ႔၀င္ ၅ ဦးပါ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ တစ္ရပ္ကုိ မတ္လ (၇ ) ရက္ေန႔က ဖြဲ႔စည္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ပါတီတြင္း မွ်တမွန္ကန္မူ မ႐ွိတာမို႔ ကြၽန္ေတာ္တို႔ လက္ခံမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကို စစ္ေဆးမယ္႔ ပုဂိၢဳလ္ေတြကို ျပန္ၿပီး စစ္ေဆးသင့္ပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ ဆရာေတာ္ႀကီးေတြ၊ လူမူအဖဲြ႔အစည္းေတြနဲ႔ ရခိုင္ရပ္မိရပ္ဖေတြေ႐ွ႕မွာ ပါတီထဲက ႏွစ္ဖက္လံုးကို မွ်မွ်တတ မွန္မွန္ကန္ကန္ စစ္ေဆးမယ္ ဆိုရင္ေျဖ႐ွင္းဖို႔ အဆင္သင့္ပါပဲ။ သူတို႔ စစ္ေဆးတာကိုေတာ့ လက္မခံပါဘူး။” ဟု သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာတြင္ ပါ၀င္သည့္ ရခုိင္အမ်ဳိးသားပါတီ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔၀င္ ၊ ယခင္  ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဴပ္ ဗဟုိအလုပ္အမႈေဆာင္ ဦးမ်ဳိးေက်ာ္က တုန္႔ျပန္လိုက္သည္။

ရခုိင္အမ်ဳိးသားပါတီမွာ ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဴပ္ (ALD) ႏွင့္ ရခုိင္တုိင္းရင္းသားမ်ား တုိးတက္ေရးပါတီ (RNDP) တုိ႔ ပူးေပါင္းထားသည့္ ပါတီျဖစ္ၿပီး လက္ရွိဗဟုိအလုပ္အမႈေဆာင္ (၃၉) ဦးတြင္ RNDP မွ (၃၂) ဦးႏွင့္ ALD မွ (၇) ဦးပါဝင္ျခင္း ျဖစ္သည္။

အလုပ္အမႈေဆာင္ေကာ္မတီႏွင့္ ပါတီတြင္း ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရာတြင္ လူမ်ားစုက လူနည္းစု၏ သေဘာထားကုိ ေသြဖီမွဳမ်ား အႀကိမ္ႀကိမ္ျပဳလုပ္လာတာေၾကာင့္ ယခုကဲ့သို႔ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရျခင္း ျဖစ္သည္ဟု ALD ဗဟုိအလုပ္အမႈေဆာင္ ဦးလွျမင့္ကဆိုသည္။

အဆိုပါ သတင္းစာရွင္းလင္းပြဲေၾကာင့္ ရခုိင္အမ်ဳိးသားပါတီက ထုတ္ျပန္ထားေသာ ၁/၂၀၁၆ ႏွင့္ ၂/၂၀၁၆ ေၾကညာခ်က္မ်ားကုိ ျပင္ဆင္ရန္မရွိေၾကာင္း ဦးခုိင္ျပည္စုိးထံမွ သိရသည္။

၂၀၁၆ခုႏွစ္ မတ္လ ၆ ရက္ေန႔ထုတ္ျပန္လိုက္သည့္ ရခုိင္အမ်ိဳးသားပါတီ (ALD ) ရဲ႕ သေဘာထား ထုတ္ျပန္ေၾကျငာခ်က္တြင္ ရခုိင္အမ်ိဳးသားပါတီ၏ မူလထုတ္ျပန္ခ်က္မ်ားျဖစ္သည့္ ( ၁/၂၀၁၆) ႏွင့္( ၁/၂၀၁၆) ထုတ္ျပန္ခ်က္မ်ားသည္ တစ္ဖက္ေစာင္းနင္း ထုတ္ျပန္ခ်က္မ်ားသာျဖစ္ၿပီး၊ အစုိးရအဖြဲ႔အေပၚ အတုိက္အခံ လုပ္မည္ဆိုသည့္ ဆုံးျဖတ္ခ်က္မ်ားမွာလည္း မဲဆႏၵရွင္ ျပည္သူမ်ားအတြက္ နစ္နာဖြယ္ ရွိသည္ဟု ေဖၚျပထားျခင္းျဖစ္သည္။

လတ္တေလာတြင္ ၎တို႔အားဆင့္ေခၚသည့္စာမွာ ၎တို႔ထံ ေရာက္လာျခင္းမဟုတ္သည့္အတြက္ တရားမ၀င္ေၾကာင္း၊ ထို႔အတြက္ မလာႏိုင္ေၾကာင္း ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ALDမွ ဦးလွျမင့္က ဆိုသည္။

သတင္း ။  ။ RiA
***************

( unicode )

စစ်တွေ၊ မတ်လ (၁၀) ရက်။ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် မတ်လ (၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD)၏ အဖွဲ့ဝင် (၆) ဦးကို ပါတီ၏ စည်းကမ်းဥပဒေ ဖောက်ဖျက်မှုနှင့် အရေးယူရန် ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လ (၁၁)ရက်နေ့တွင် လာရောက်ရန် ဆင့်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ (၆) ဦးအား စစ်ဆေးရန် ကော်မရှင်ကို မတ်လ (၇)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ သတင်းစာရှင်းလင်းပွဲပြုလုပ်တာတို့၊ ကြေညာချက်ထုတ်ပြန်တာတို့ဟာ ကျွန်တော်တို့ကို အသိမပေးခဲ့ဘူး။ လူပုဂ္ဂိုလ် သုံးလေးဦးရဲ့ ဆန္ဒနဲ့ ပြုလုပ်တာပဲဖြစ်တယ်။ ဒီကိစ္စရပ်အပေါ် ကျွန်တော်တို့ ပါတီတွင်း CEC အစည်းအဝေးပြုလုပ်ပြီး အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ သူတို့ကို အရေးယူဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ထားပြီးပါပြီ။ စစ်ဆေးပြီးရင် အရေးယူဖို့ ပြုလုပ်သွားမှာပါ။ အမြင့်ဆုံးပြစ်ဒဏ်က ပါတီက ထုတ်ပယ်နိုင်ပါတယ်။”ဟု ရခိုင်အမျိုးသားပါတီ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ခေါင်းဆောင် ဦးခိုင်ပြည်စိုးက ဆိုသည်။

အဆိုပါ ALD အဖွဲ့ဝင် (၆)ဦးမှာ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်းနှင့် ဦးသန်းနိုင်မြင့်တို့ဖြစ်ပြီး၎င်းတို့မှာ ရခိုင်အမျိုးသားပါတီနှင့် ပူးပေါင်းခဲ့ရာတွင် ပါဝင်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ပြီး ANP က ထုတ်ပြန်ခဲသည့် ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေညာချက်တို့ကို လက်မခံကြောင်း မတ်လ ၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းသည် တရားမဝင်လုပ်ရပ်ဖြစ်သဖြင့် ပါတီ၏စည်းကမ်းဥပဒေအရ အရေးယူနိုင်ရန် ANP ဒုဥက္ကဌ (လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ) ဦးဖိုးမင်းက ခေါင်းဆောင်ပြီး ဒေါ်အေးနုစိန်၊ ဦးတင်ညို၊ ဦးဖေသန်းနှင့် ဦးမောင်မောင်တို့ အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို မတ်လ (၇ ) ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပါတီတွင်း မျှတမှန်ကန်မူ မရှိတာမို့ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို စစ်ဆေးမယ့် ပုဂိ္ဂုလ်တွေကို ပြန်ပြီး စစ်ဆေးသင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဆရာတော်ကြီးတွေ၊ လူမူအဖွဲ့အစည်းတွေနဲ့ ရခိုင်ရပ်မိရပ်ဖတွေရှေ့မှာ ပါတီထဲက နှစ်ဖက်လုံးကို မျှမျှတတ မှန်မှန်ကန်ကန် စစ်ဆေးမယ် ဆိုရင်ဖြေရှင်းဖို့ အဆင်သင့်ပါပဲ။ သူတို့ စစ်ဆေးတာကိုတော့ လက်မခံပါဘူး။” ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ပါဝင်သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးကျော်က တုန့်ပြန်လိုက်သည်။

ရခိုင်အမျိုးသားပါတီမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ ပူးပေါင်းထားသည့် ပါတီဖြစ်ပြီး လက်ရှိဗဟိုအလုပ်အမှုဆောင် (၃၉) ဦးတွင် RNDP မှ (၃၂) ဦးနှင့် ALD မှ (၇) ဦးပါဝင်ခြင်း ဖြစ်သည်။

အလုပ်အမှုဆောင်ကော်မတီနှင့် ပါတီတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူများစုက လူနည်းစု၏ သဘောထားကို သွေဖီမှုများ အကြိမ်ကြိမ်ပြုလုပ်လာတာကြောင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ALD ဗဟိုအလုပ်အမှုဆောင် ဦးလှမြင့်ကဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကြောင့် ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ထားသော ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေညာချက်များကို ပြင်ဆင်ရန်မရှိကြောင်း ဦးခိုင်ပြည်စိုးထံမှ သိရသည်။

၂၀၁၆ခုနှစ် မတ်လ ၆ ရက်နေ့ထုတ်ပြန်လိုက်သည့် ရခိုင်အမျိုးသားပါတီ (ALD ) ရဲ့ သဘောထား ထုတ်ပြန်ကြငြောချက်တွင် ရခိုင်အမျိုးသားပါတီ၏ မူလထုတ်ပြန်ချက်များဖြစ်သည့် ( ၁/၂၀၁၆) နှင့်( ၁/၂၀၁၆) ထုတ်ပြန်ချက်များသည် တစ်ဖက်စောင်းနင်း ထုတ်ပြန်ချက်များသာဖြစ်ပြီး၊ အစိုးရအဖွဲ့အပေါ် အတိုက်အခံ လုပ်မည်ဆိုသည့် ဆုံးဖြတ်ချက်များမှာလည်း မဲဆန္ဒရှင် ပြည်သူများအတွက် နစ်နာဖွယ် ရှိသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

လတ်တလောတွင်၎င်းတို့အားဆင့်ခေါ်သည့်စာမှာ၎င်းတို့ထံ ရောက်လာခြင်းမဟုတ်သည့်အတွက် တရားမဝင်ကြောင်း၊ ထို့အတွက် မလာနိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALDမှ ဦးလှမြင့်က ဆိုသည်။

သတင်း။ RiA

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~