ေလးႏွစ္သမီးကို ေလယာဥ္ေပၚ လက္ဆြဲအိတ္နဲ႔ ခိုး၀ွက္ သယ္လာတဲ့ အမ်ိဳးသမီး ဖမ္းမိ

ေလးႏွစ္သမီးကို ေလယာဥ္ေပၚ လက္ဆြဲအိတ္နဲ႔ ခိုး၀ွက္ သယ္လာတဲ့ အမ်ိဳးသမီး ဖမ္းမိ
မတ် 10, 2016
By Tachileik News Agency

ဘာသာျပန္၊ မတ္လ(၁၀) ။  ။ တူရကီႏုိင္ငံ အစၥတန္ဘူကေန ျပင္သစ္ႏုိင္ငံ ပဲရစ္ၿမိဳ႕ကို ျပန္မယ့္ ျပင္သစ္ေလေၾကာင္းလိုင္း AF1891 ခရီးစဥ္မွာ အမ်ိဳးသမီးတစ္ဦးက အသက္(၄)ႏွစ္အရြယ္ မိန္းကေလးကို ခရီးသည္ လက္ဆြဲအိတ္ ထဲထည့္ၿပီး ေလယာဥ္ေပၚကို သယ္ေဆာင္လာတာေၾကာင့္ တာဝန္ရိွသူေတြက ဖမ္းဆီးလိုက္ပါတယ္။

ဒီအမ်ိဳးသမီးက မတ္လ ၇ ရက္ေန႔က ပထမေလယာဥ္ခရီးစဥ္နဲ႔ check in ဝင္ရာမွာ ကေလးကို ေလယာဥ္ေပၚေပးတက္ခြင့္ မျပဳတာေၾကာင့္ ေနာက္ထပ္ေလယာဥ္ခရီးစဥ္တစ္ခု လက္မွတ္ဝယ္ၿပီး ကေလးကို လက္ဆဲြအိတ္ထဲ ထည့္သယ္သြားတာ ျဖစ္တယ္လုိ႔ သိရပါတယ္။

ေလယာဥ္ေပၚမွာ ဒီလက္ဆြဲအိတ္ကို ေျခေထာက္နားထားရာကေန ကေလးက အိမ္သာတက္ခ်င္ တာေၾကာင့္ အိတ္ထဲမွာ တလႈပ္လႈပ္ျဖစ္ေနတာကို ေဘးနားက ခရီးသည္ေတြ သတိထားမိသြားတာပါ။

ေဘးနားက ခရီးသည္ေတြက မသကၤာျဖစ္လာၿပီး ေလယာဥ္ေပၚက တာဝန္ရိွသူေတြကို အေၾကာင္းၾကားၿပီး စစ္ေဆးခိုင္းရာမွာ ကေလးကို ေတြ႔လိုက္ရတာေၾကာင့္ အားလံုး အထိတ္တလန္႔ ျဖစ္ခဲ့ရတဲ့အတြက္ သူတို႔ကို တာ၀န္ရွိသူေတြက ေလယာဥ္ေရွ႕ခန္းမွာ ထိန္းခ်ဳပ္ထားလိုက္ပါတယ္။

“ကၽြန္မဒီကေလးကို ေမြးစားသမီးအျဖစ္ အဆင့္ဆင့္ေဆာင္ရြက္ေနတုန္းမွာ ကၽြန္မရဲ႕ေမြးရပ္ ျဖစ္တဲ့ ျပင္သစ္ႏိုင္ငံကို ေခၚေဆာင္သြားခ်င္လို႔ပါ။ ဒါေပမဲ့ ကေလးကို ႏိုင္ငံျခားထြက္ဖို႔ ခြင့္မျပဳေသးဘူး။ အဲဒါေၾကာင့္ ကၽြန္မအခုလို ခိုး၀ွက္လာတာ” လို႔ သူက ေျပာပါတယ္။

ပဲရစ္ႏုိင္ငံတကာေလဆိပ္ကို ေလယာဥ္ဆိုက္တဲ့အခါမွာ တာ၀န္ရွိသူက ျပင္သစ္ရဲတပ္ဖြဲ႔ကို လႊဲေျပာင္းေပးလိုက္ၿပီး သူမကို အမႈဖြင့္အေရးယူဖို႔ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; mirror.co.uk
**************

( unicode )

ဘာသာပြန်၊ မတ်လ(၁၀)။ တူရကီနိုင်ငံ အစ္စတန်ဘူကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ပြန်မယ့် ပြင်သစ်လေကြောင်းလိုင်း ဗ်၁၈၉၁ ခရီးစဉ်မှာ အမျိုးသမီးတစ်ဦးက အသက်(၄)နှစ်အရွယ် မိန်းကလေးကို ခရီးသည် လက်ဆွဲအိတ် ထဲထည့်ပြီး လေယာဉ်ပေါ်ကို သယ်ဆောင်လာတာကြောင့် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

ဒီအမျိုးသမီးက မတ်လ ၇ ရက်နေ့က ပထမလေယာဉ်ခရီးစဉ်နဲ့ ခ့နခု ငည ဝင်ရာမှာ ကလေးကို လေယာဉ်ပေါ်ပေးတက်ခွင့် မပြုတာကြောင့် နောက်ထပ်လေယာဉ်ခရီးစဉ်တစ်ခု လက်မှတ်ဝယ်ပြီး ကလေးကို လက်ဆွဲအိတ်ထဲ ထည့်သယ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်မှာ ဒီလက်ဆွဲအိတ်ကို ခြေထောက်နားထားရာကနေ ကလေးက အိမ်သာတက်ချင် တာကြောင့် အိတ်ထဲမှာ တလှုပ်လှုပ်ဖြစ်နေတာကို ဘေးနားက ခရီးသည်တွေ သတိထားမိသွားတာပါ။

ဘေးနားက ခရီးသည်တွေက မသင်္ကာဖြစ်လာပြီး လေယာဉ်ပေါ်က တာဝန်ရှိသူတွေကို အကြောင်းကြားပြီး စစ်ဆေးခိုင်းရာမှာ ကလေးကို တွေ့လိုက်ရတာကြောင့် အားလုံး အထိတ်တလန့် ဖြစ်ခဲ့ရတဲ့အတွက် သူတို့ကို တာဝန်ရှိသူတွေက လေယာဉ်ရှေ့ခန်းမှာ ထိန်းချုပ်ထားလိုက်ပါတယ်။

“ကျွန်မဒီကလေးကို မွေးစားသမီးအဖြစ် အဆင့်ဆင့်ဆောင်ရွက်နေတုန်းမှာ ကျွန်မရဲ့မွေးရပ် ဖြစ်တဲ့ ပြင်သစ်နိုင်ငံကို ခေါ်ဆောင်သွားချင်လို့ပါ။ ဒါပေမဲ့ ကလေးကို နိုင်ငံခြားထွက်ဖို့ ခွင့်မပြုသေးဘူး။ အဲဒါကြောင့် ကျွန်မအခုလို ခိုးဝှက်လာတာ” လို့ သူက ပြောပါတယ်။

ပဲရစ်နိုင်ငံတကာလေဆိပ်ကို လေယာဉ်ဆိုက်တဲ့အခါမှာ တာဝန်ရှိသူက ပြင်သစ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီး သူမကို အမှုဖွင့်အရေးယူဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဘာသာပြန်။ နန်းမောက်ကွင်္မ်
ီန်းာငမမသမ.ခသ.ကု

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~