ထိုင်းတွင် မြန်မာအမျိုးသမီး တစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် မြန်မာလုပ်သားများနှင့် AAC ရှေ့နေငှားပြီး အမှုရင်ဆိုင်မည်
ထိုင်းတွင် မြန်မာအမျိုးသမီး တစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် မြန်မာလုပ်သားများနှင့် AAC ရှေ့နေငှားပြီး အမှုရင်ဆိုင်မည်
မတျ 16, 2016
By Tachileik News Agency
တာချီလိတ်၊ မတ်လ (၁၆) ရက်။   ။ ထိုင်းနိုင်ငံ နခွန်ဆီထမရမြို့နယ်၊ ကျန်ဒီမြို့ရှိ သစ်စက်အလုပ်ရုံမှ မြန်မာနိုင်ငံသား အလုပ်သမား အမျိုးသမီးတစ်ဦးအား အဓ္ဓမပြုကျင့်သည့် ထိုင်းနိုင်ငံသား (၂)ဦးနှင့် ပတ်သက်၍ ဆန္ဒပြခဲ့သည့် အလုပ်သမား(၄၀၀)နှင့် AAC အဖွဲ့ဝင်များ ပူးပေါင်း၍ ရှေ့နေငှားရမ်းကာ အမှုရင်ဆိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
************
( unicode )
တာချီလိတ်၊ မတ်လ (၁၆) ရက်။ ထိုင်းနိုင်ငံ နခွန်ဆီထမရမြို့နယ်၊ ကျန်ဒီမြို့ရှိ သစ်စက်အလုပ်ရုံမှ မြန်မာနိုင်ငံသား အလုပ်သမား အမျိုးသမီးတစ်ဦးအား အဓ္ဓမပြုကျင့်သည့် ထိုင်း(၂)ဦးအား ဆန္ဒပြခဲ့သည့်အလုပ်သမား(၄၀၀)နှင့် AAC အဖွဲ့ဝင်များပူးပေါင်း၍ ရှေ့နေငှါးရမ်းကာ အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
"အမှုက ထိုင်း(၂)ယောက်ကို အာမခံတွေလွယ်လွယ်ကူမရအောင် ရှေ့နေငှါးပြီး ရင်ဆိုင်သွားဖို့ ပြင်ဆင်နေပါတယ်။ အစိုးရရှေ့နေဆိုရင် အမှုက လွတ်ထွက်သွားတာတွဖြေစ်နိုင်လို့ ရှေ့နေကြေး ဘတ်(၅)သောင်းကို အလုပ်သမားတွေစုပေါင်းထည့်ပြီးငှါးထားတာပါ"ဟု မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်''AAC''မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
အဆိုပါထိုင်းနိုင်ငံသား(၂)ဦးက အဓ္ဓမပြုကျင့်မှုကိုငြင်းဆိုထားသော်လည်း မြန်မာအလုပ်သမား (၄၀၀) က အလုပ်မဆင်းဘဲဆန္ဒပြခဲ့ပြီး AAC အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့မှ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသား(၂)ဦးအား ထိုင်းရဲတပ်ဖွဲ့က မတ်လ(၉)ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး အမှုအား စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မတ်လနောက်ဆုံးပတ်အတွင်း တရားရုံးတင်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဓ္ဓမပြုကျင့်သည့် တရားခံများအဖြစ်ဖမ်းဆီးထားသော ထိုင်းလူမျိုး(၂)ဦးမှာ သစ်စက်အလုပ်ရုံမှ သူဌေး၏ လူယုံ(၂)ဦး ဖြစ်သည့် မီးပြင်အလုပ်သမားများဖြစ်ပြီး သေနတ်များအမြဲကိုင်ဆောင်ထားတတ်သူများဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~