ရွမ္းျပည္နယ္ အေရွ႕ပိုင္း၌ ၾကယ္ပဲလုပ္ငန္း ျဖစ္ထြန္း

ရွမ္းျပည္နယ္ အေရွ႕ပိုင္း၌ ၾကယ္ပဲလုပ္ငန္း ျဖစ္ထြန္း
မတ် 8, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ(၈) ။    ။ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ စိုက္ပ်ိဳးေသာ (Omega 3)အမ်ားဆံုးပါ၀င္သည့္ ၾကယ္ပဲ(Sacha Inchi)အား စားေသာက္ကုန္ပစၥည္းမ်ားအျဖစ္ ထုတ္ပိုးေရာင္းခ်လွ်က္ရွိေၾကာင္း ၾကယ္ပဲစိုက္ပ်ိဳးေသာ ေတာင္သူမ်ားထံမွ သိရသည္။

"ကြ်န္ေတာ္တို႔ က်ိဳင္းတုံၾကယ္ပဲလုပ္ငန္းကေန ၾကယ္ပဲလက္ဖက္ေျခာက္၊ ၾကယ္ပဲေစ့ေလွာ္၊ ၾကယ္ပဲေစ့ေၾကာ္ စတာေတြကို ေစ်းကြက္ထဲမွာ ျဖန္႔ျဖဴးေရာင္းခ်ေပးေနပါတယ္။ ေစ်းကြက္ထဲမွာ စတင္ျဖန္႔ျဖဴးတုန္းက တစ္လကို ဘူး (၄၀၀-၅၀၀)ဘဲ ေရာင္းခဲ့ရပါတယ္။ အခုေတာ့ တစ္လကို ဘူး(၁၀၀၀)ေလာက္အထိ ေရာင္းအားတက္လာပါတယ္"ဟု က်ိဳင္းတုံ ၾကယ္ပဲလုပ္ငန္းမွ ကိုဆန္းဦးက ေျပာသည္။

ၾကယ္ပဲကို မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း႐ိွ မိုင္းျဖတ္ - မိုင္းဆက္သြားလမ္းတြင္ စိုက္ပ်ိဳးထားၿပီး ရ႐ိွေသာ ကုန္ႀကမ္းမ်ားကို က်ိဳင္းတုံၿမိဳ႕တြင္ ကုန္ေခ်ာမ်ားျဖစ္ေသာ ၾကယ္ပဲလက္ဖက္ေျခာက္၊ ၾကယ္ပဲစိေလွာ္၊ ၾကယ္ပဲစိေၾကာ္ႏွင့္ အျခားေသာ ကုန္ေခ်ာပစၥည္းမ်ားကို က်ိဳင္းတုံၾကယ္ပဲလုပ္ငန္းက ထုတ္လုပ္ ေရာင္းခ်လွ်က္႐ိွေၾကာင္း ၎ထံမွ သိရသည္။

ၾကယ္ပဲလက္ဖက္ေျခာက္သည္ အဓိကအားျဖင့္ ကိုလက္စထေရာကို က်ေစသည့္အတြက္ ဆီးခ်ိဳ၊ေသြးခ်ိဳတို႔ကို က်ေစၿပီး အျခားေသာ ေရာဂါမ်ားကိုလည္း ကာကြယ္ေပးေသာေၾကာင့္ လူအမ်ား အႀကိဳက္ေတြ႔ေနၾကျခင္းျဖစ္ေၾကာင္း ေရာင္းခ်သူမ်ားထံမွ သိရသည္။

"ကြၽန္မက ေသြးတိုးေရာဂါ ေ၀ဒနာသည္ တစ္ေယာက္ပါ။ ဒီၾကယ္ပဲ လက္ဖက္ေျခာက္ကို ေသာက္ၿပီးေနာက္ပိုင္း ေသြးလည္း သိပ္မတိုးေတာ့ဘူး ခါတိုင္းဆို ေဆးခန္းခနခန ေျပးေနရတာပါ။ ၾကယ္ပဲ လက္ဖက္ေျခာက္က ေသြးထဲက အဆီေတြက်ေအာင္လည္း ထိန္းညႇိေပးတယ္"ဟု ေဒၚစိန္ေမက ေျပာသည္။

ၾကယ္ပဲလက္ဖက္ေျခာက္တစ္ဘူးလွ်င္ (၁၅၀၀)က်ပ္၊ ၾကယ္ပဲေစ့ေလွာ္ႏွင့္ ၾကယ္ပဲေစ့ေၾကာ္ကို (၂၃၀၀)က်ပ္တို႔ျဖင့္ ေရာင္းခ်လွ်က္ရွိၿပီး ၾကယ္ပဲထုတ္ကုန္မ်ားအား ၂၀၁၅ ခုႏွစ္ ဇူလိုင္လမွ စတင္ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္လုပ္ေရာင္းခ်သူမ်ားထံမွ သိရသည္။

ၾကယ္ပဲ(sacha Inchi)မ်ိဳးရင္းမွာ ေျမာက္အေမရိကတိုက္ ပီရူးႏိုင္ငံမွျဖစ္ၿပီး ႏွစ္ရွည္ပင္မ်ဳိးျဖစ္ကာ အပင္၏ သက္တမ္းမွာ ႏွစ္ေပါင္း(၂၀)ခန္႔ရွိေၾကာင္းႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ထုိင္းႏိုင္ငံႏွင့္ တရုတ္ႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ႏိုင္ရန္ စီးပြားျဖစ္ စိုက္ပ်ိဳးလုပ္ကိုင္မႈမ်ား ရွိလာေၾကာင္း စိုက္ပ်ိဳးသူ ေတာင္သူမ်ားထံမွ သိရသည္။

သတင္း။  ။ ဇြဲျမတ္
***********

( unicode )

ကျိုင်းတုံ၊ မတ်လ(၈)။ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စိုက်ပျိုးသော (Omega 3)အများဆုံးပါဝင်သည့် ကြယ်ပဲ(Sacha Inchi)အား စားသောက်ကုန်ပစ္စည်းများအဖြစ် ထုတ်ပိုးရောင်းချလျှက်ရှိကြောင်း ကြယ်ပဲစိုက်ပျိုးသော တောင်သူများထံမှ သိရသည်။

"ကျွန်တော်တို့ ကျိုင်းတုံကြယ်ပဲလုပ်ငန်းကနေ ကြယ်ပဲလက်ဖက်ခြောက်၊ ကြယ်ပဲစေ့လှော်၊ ကြယ်ပဲစေ့ကြော် စတာတွေကို ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ ဈေးကွက်ထဲမှာ စတင်ဖြန့်ဖြူးတုန်းက တစ်လကို ဘူး (၄၀၀-၅၀၀)ဘဲ ရောင်းခဲ့ရပါတယ်။ အခုတော့ တစ်လကို ဘူး(၁၀၀၀)လောက်အထိ ရောင်းအားတက်လာပါတယ်"ဟု ကျိုင်းတုံ ကြယ်ပဲလုပ်ငန်းမှ ကိုဆန်းဦးက ပြောသည်။

ကြယ်ပဲကို မိုင်းဖြတ်မြို့နယ်အတွင်းရှိ မိုင်းဖြတ် - မိုင်းဆက်သွားလမ်းတွင် စိုက်ပျိုးထားပြီး ရရှိသော ကုန်ကြမ်းများကို ကျိုင်းတုံမြို့တွင် ကုန်ချောများဖြစ်သော ကြယ်ပဲလက်ဖက်ခြောက်၊ ကြယ်ပဲစိလှော်၊ ကြယ်ပဲစိကြော်နှင့် အခြားသော ကုန်ချောပစ္စည်းများကို ကျိုင်းတုံကြယ်ပဲလုပ်ငန်းက ထုတ်လုပ် ရောင်းချလျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

ကြယ်ပဲလက်ဖက်ခြောက်သည် အဓိကအားဖြင့် ကိုလက်စထရောကို ကျစေသည့်အတွက် ဆီးချို၊သွေးချိုတို့ကို ကျစပြေီး အခြားသော ရောဂါများကိုလည်း ကာကွယ်ပေးသောကြောင့် လူအများ အကြိုက်တွေ့နကြခြေင်းဖြစ်ကြောင်း ရောင်းချသူများထံမှ သိရသည်။

"ကျွန်မက သွေးတိုးရောဂါေဝဒနာသည် တစ်ယောက်ပါ။ ဒီကြယ်ပဲ လက်ဖက်ခြောက်ကို သောက်ပြီးနောက်ပိုင်း သွေးလည်း သိပ်မတိုးတော့ဘူး ခါတိုင်းဆို ဆေးခန်းခနခန ပြေးနေရတာပါ။ ကြယ်ပဲ လက်ဖက်ခြောက်က သွေးထဲက အဆီတွေကျအောင်လည်း ထိန်းညှိပေးတယ်"ဟု ဒေါ်စိန်မေက ပြောသည်။

ကြယ်ပဲလက်ဖက်ခြောက်တစ်ဘူးလျှင် (၁၅၀၀)ကျပ်၊ ကြယ်ပဲစေ့လှော်နှင့် ကြယ်ပဲစေ့ကြော်ကို (၂၃၀၀)ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိပြီး ကြယ်ပဲထုတ်ကုန်များအား ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

ကြယ်ပဲ(sacha Inchi)မျိုးရင်းမှာ မြောက်အမေရိကတိုက် ပီရူးနိုင်ငံမှဖြစ်ပြီး နှစ်ရှည်ပင်မျိုးဖြစ်ကာ အပင်၏ သက်တမ်းမှာ နှစ်ပေါင်း(၂၀)ခန့်ရှိကြောင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်မှုများ ရှိလာကြောင်း စိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~