ႏိုင္ငံေတာ္ သမၼတအား သြားေရာက္ ဂါရ၀ျပဳရာတြင္ ရွမ္းျပည္နယ္မွ ျပည္သူမ်ား ပါ၀င္

ႏိုင္ငံေတာ္ သမၼတအား သြားေရာက္ ဂါရ၀ျပဳရာတြင္ ရွမ္းျပည္နယ္မွ ျပည္သူမ်ား ပါ၀င္
မတ် 5, 2016
By Tachileik News Agency

ေနျပည္ေတာ္၊ မတ္လ(၅) ။  ။ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္အား ႏွဳတ္ဆက္ရန္ သြားေရာက္ ဂါရ၀ျပဳသူမ်ားမွာ နံနက္ပိုင္းတြင္ (၁၅၀၀)ခန္႔ရွိၿပီး ေန႔လယ္(၁)နာရီတြင္ သမၼတႀကီးမွ လက္ခံေတြ႕ဆံုမည္ ျဖစ္ေၾကာင္း သိရသည္။

"မေန႔ညကတည္းက ေရာက္တာပါ တည္းခိုဖို႔ေနရာကအစ စီစဥ္ေပးထားေတာ့ အားလံုးျပည့္စံုပါတယ္၊ သမၼတႀကီးကိုေတာ့ ေန႔လယ္(၁)နာရီေတြ႕ရမယ္လို႔ ေျပာတယ္၊ ေတြ႕ခြင့္ကတ္ျပားေတြ ထုတ္ထားၿပီးၿပီ၊ တစ္ခ်ိဳ႕လဲ မေရာက္ေသးဘူးနဲ႔တူတယ္ အခုေတြ႕တာ ေလာေလာဆယ္ (၁၅၀၀)ေလာက္ရွိတယ္" ဟု တာခ်ီလိတ္ၿမိဳ႕မွ သမၼတႀကီးအား သြားေရာက္ ႏႈတ္ဆက္ဂါရ၀ျပဳသူ တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။

ျမန္မာႏိုင္ငံတ၀ွမ္းမွ ႏိုင္ငံေတာ္သမၼတအား ေတြ႕ဆံုႏႈတ္ဆက္ရန္ မတ္လ(၅)ရက္ေန႔တြင္ သြားေရာက္ျခင္း ျဖစ္ၿပီး လက္ေဆာင္ပစၥည္းမ်ိဳးစံု ျဖင့္ သြားေရာက္ၾကျခင္းျဖစ္ေၾကာင္း၊ ညပိုင္းတြင္ ႏႈတ္ဆက္ ညစာ စားပြဲ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

"အခုေရာက္လာတာေတာ့ အမ်ားႀကီးဘဲ ပစၥည္းမ်ိဳးစံုပါတယ္၊ တခ်ိဳ႕ ေတာင္သူလယ္သမားေတြျဖစ္တဲ့ အတြက္ ၾကက္သြန္တို႔၊ ဆန္တို႔ လယ္ယာထြက္ပစၥည္းေတြ ယူလာၾကတယ္၊ တခ်ိဳ႕ လုပ္ငန္းရွင္ေတြကလဲ ပန္းခ်ီကားတို႔၊ ဗုဒၶဆင္းတုေတာ္တို႔ ပါတယ္ လက္ေဆာင္မ်ိဳးစံုပါဘဲ"ဟု ႏိုင္ငံေတာ္ သမၼတ ႏႈတ္ဆက္ပြဲတက္ေရာက္သူ တစ္ဦးက ေျပာသည္။

"ရွမ္းျပည္က တာခ်ီလိတ္၊ ကေလာ၊ ေအာင္ပန္း အပါအ၀င္ဆိုရင္ ကြ်န္မဆီမွာ စာရင္းေပးထားတာ (၂၈)ေယာက္ရွိပါတယ္၊ က်ဳိင္းတံုက အဖြဲ႔ေတြကေတာ့ ရန္ကုန္မွာ စာရင္းေပးထားတယ္"ဟု မေမဦးက ေျပာသည္။

ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္အား ႏႈတ္ဆက္ရန္ သြားေရာက္ဂါရ၀ျပဳသူ စာရင္းအား ဇန္န၀ါရီလ(၃၁)ရက္ေန႔တြင္ ေနာက္ဆံုးစာရင္းသြင္းေပးပို႔ခဲ့ျခင္းျဖစ္ၿပီး သမၼတအိမ္ေတာ္သို႔ သြားေရာက္ရန္အတြက္ တည္းခိုရန္ ေနရာမ်ား စီစဥ္ထားေပးေၾကာင္းႏွင့္ သြားလာစရိတ္အား မိမိစရိတ္ျဖင့္ မိမိကုန္က်ခံရမည္ ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု ။  ။ ဦးလွမိုး

******************

( unicode )

နပြေည်တော်၊ မတ်လ(၅)။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နှုတ်ဆက်ရန် သွားရောက် ဂါရဝပြုသူများမှာ နံနက်ပိုင်းတွင် (၁၅၀၀)ခန့်ရှိပြီး နေ့လယ်(၁)နာရီတွင် သမ္မတကြီးမှ လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

"မနေ့ညကတည်းက ရောက်တာပါ တည်းခိုဖို့နေရာကအစ စီစဉ်ပေးထားတော့ အားလုံးပြည့်စုံပါတယ်၊ သမ္မတကြီးကိုတော့ နေ့လယ်(၁)နာရီတွေ့ရမယ်လို့ ပြောတယ်၊ တွေ့ခွင့်ကတ်ပြားတွေ ထုတ်ထားပြီးပြီ၊ တစ်ချို့လဲ မရောက်သေးဘူးနဲ့တူတယ် အခုတွေ့တာ လောလောဆယ် (၁၅၀၀)လောက်ရှိတယ်" ဟု တာချီလိတ်မြို့မှ သမ္မတကြီးအား သွားရောက် နှုတ်ဆက်ဂါရဝပြုသူ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

မြန်မာနိုင်ငံတဝှမ်းမှ နိုင်ငံတော်သမ္မတအား တွေ့ဆုံနှုတ်ဆက်ရန် မတ်လ(၅)ရက်နေ့တွင် သွားရောက်ခြင်း ဖြစ်ပြီး လက်ဆောင်ပစ္စည်းမျိုးစုံ ဖြင့် သွားရောက်ကြခြင်းဖြစ်ကြောင်း၊ ညပိုင်းတွင် နှုတ်ဆက် ညစာ စားပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"အခုရောက်လာတာတော့ အများကြီးဘဲ ပစ္စည်းမျိုးစုံပါတယ်၊ တချို့ တောင်သူလယ်သမားတွဖြေစ်တဲ့ အတွက် ကြက်သွန်တို့၊ ဆန်တို့ လယ်ယာထွက်ပစ္စည်းတွေ ယူလာကြတယ်၊ တချို့ လုပ်ငန်းရှင်တွေကလဲ ပန်းချီကားတို့၊ ဗုဒ္ဓဆင်းတုတော်တို့ ပါတယ် လက်ဆောင်မျိုးစုံပါဘဲ"ဟု နိုင်ငံတော် သမ္မတ နှုတ်ဆက်ပွဲတက်ရောက်သူ တစ်ဦးက ပြောသည်။

"ရှမ်းပြည်က တာချီလိတ်၊ ကလော၊ အောင်ပန်း အပါအဝင်ဆိုရင် ကျွန်မဆီမှာ စာရင်းပေးထားတာ (၂၈)ယောက်ရှိပါတယ်၊ ကျိုင်းတုံက အဖွဲ့တွေကတော့ ရန်ကုန်မှာ စာရင်းပေးထားတယ်"ဟု မမေဦးက ပြောသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား နှုတ်ဆက်ရန် သွားရောက်ဂါရဝပြုသူ စာရင်းအား ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နောက်ဆုံးစာရင်းသွင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်သို့ သွားရောက်ရန်အတွက် တည်းခိုရန် နေရာများ စီစဉ်ထားပေးကြောင်းနှင့် သွားလာစရိတ်အား မိမိစရိတ်ဖြင့် မိမိကုန်ကျခံရမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ။ ဦးလှမိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net