(၆)ႏွစ္တာ ကာလအတြင္း (၄)ေယာက္ေျမာက္ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ဦးညီပုကုိ လႊတ္ေတာ္က အတည္ျပဳ

(၆)ႏွစ္တာ ကာလအတြင္း (၄)ေယာက္ေျမာက္ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ဦးညီပုကုိ လႊတ္ေတာ္က အတည္ျပဳ
မတ် 30, 2016
By Tachileik News Agency

စစ္ေတြ၊ မတ္လ (၃၀) ။  ။ရခုိင္ျပည္နယ္၏ စတုတၱေျမာက္ ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ ပါတီ၀င္ ဂြၿမဳိ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးညီပုကုိ မတ္လ (၃၀)ရက္ နံနက္ပိုင္းက ျပဳလုပ္ခဲ့သည့္ ဒုတိယအႀကိမ္ေျမာက္ ရခုိင္ျပည္နယ္ လႊတ္ေတာ္ ပထမ ပုံမွန္အစည္းအေ၀း ပဥၥမအႀကိမ္ေျမာက္ အစည္းအေ၀း၌ ရခုိင္ျပည္နယ္ လႊတ္ေတာ္မွ အတည္ျပဳခဲ့သည္။

ၿပီးခဲ့သည့္ ဦးသိန္းစိန္ အစုိးရလက္ထက္တြင္ ရခုိင္ျပည္နယ္၏ ၀န္ႀကီးခ်ဴပ္ေနရာကုိ သုံးႀကိမ္တုိင္တုိင္ ေျပာင္းလဲခန္႔အပ္ခဲ့ရၿပီးေနာက္ ဦးညီပုသည္ ရခုိင္ျပည္နယ္၏ စတုတၱေျမာက္ ၀န္ႀကီးခ်ဳပ္ ျဖစ္လာသည္။

၂၀၁၀ ဒီမုိကေရစီ အစုိးရ အသြင္ကူးေျပာင္းၿပီးေနာက္ ယခုအခ်ိန္ထိ ရခုိင္ျပည္နယ္၏ ၀န္ႀကီးခ်ဳပ္မ်ားအျဖစ္ ရခုိင္တိုင္းရင္းသားလူမ်ဳိး (၃)ဦး ခန္႔အပ္ခံခဲ့ရသည္။

ရခုိင္ျပည္နယ္၀န္ႀကီးခ်ဳပ္မ်ားအျဖစ္ ၂၀၁၀ - ၂၀၁၄ ခုႏွစ္တြင္ ဦးလွေမာင္တင္ (ျပည္ခုိင္ၿဖဳိးပါတီ)၊ ၂၀၁၄-၂၀၁၅ ခုႏွစ္တြင္ ဦးေမာင္ေမာင္အုန္း (ျပည္ခုိင္ၿဖဳိးပါတီ) ၊ ၂၀၁၅ - ၂၀၁၆ ခုႏွစ္တြင္ ဦးျမေအာင္ (ျပည္ခုိင္ၿဖဳိးပါတီ) ႏွင့္ ယခု ၂၀၁၆ ခုႏွစ္တြင္ ဦးညီပု (အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္)တုိ႔ ျဖစ္သည္။

ျပည္နယ္၀န္ႀကီးခ်ဳပ္ေနရာကုိ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဴပ္၏ ကုိယ္စားလွယ္က ရယူခဲ့သျဖင့္ ျပည္နယ္၏ အစုိးရအဖြဲ႔တြင္ ရခုိင္အမ်ဳိးသားပါတီမွ လုံး၀ ပါ၀င္ျခင္း မျပဳရန္ ေၾကညာထားေသာ္လည္း ဦးညီပုက ျပည္နယ္အစုိးရအဖြဲ႔ကုိ ဖြဲ႔ရန္ အခက္အခဲမရွိ ဖြဲ႔စည္းသြားႏုိင္မည္ဟု ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့သည္။

သတင္း။  ။ RiA
.......................
( unicode )
စစ်တွေ၊ မတ်လ (၃၀)။ရခိုင်ပြည်နယ်၏ စတုတ္တမြောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီပုကို မတ်လ (၃၀)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်းအေဝး ပဉ္စမအကြိမ်မြောက် အစည်းအေဝး၌ ရခိုင်ပြည်နယ် လွှတ်တော်မှ အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်၏ ဝန်ကြီးချူပ်နေရာကို သုံးကြိမ်တိုင်တိုင် ပြောင်းလဲခန့်အပ်ခဲ့ရပြီးနောက် ဦးညီပုသည် ရခိုင်ပြည်နယ်၏ စတုတ္တမြောက် ဝန်ကြီးချုပ် ဖြစ်လာသည်။
၂၀၁၀ ဒီမိုကရေစီ အစိုးရ အသွင်ကူးပြောင်းပြီးနောက် ယခုအချိန်ထိ ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်များအဖြစ် ရခိုင်တိုင်းရင်းသားလူမျိုး (၃)ဦး ခန့်အပ်ခံခဲ့ရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်များအဖြစ် ၂၀၁၀ - ၂၀၁၄ ခုနှစ်တွင် ဦးလှမောင်တင် (ပြည်ခိုင်ဖြိုးပါတီ)၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဦးမောင်မောင်အုန်း (ပြည်ခိုင်ဖြိုးပါတီ)၊ ၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် ဦးမြအောင် (ပြည်ခိုင်ဖြိုးပါတီ) နှင့် ယခု ၂၀၁၆ ခုနှစ်တွင် ဦးညီပု (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့ ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ကိုယ်စားလှယ်က ရယူခဲ့သဖြင့် ပြည်နယ်၏ အစိုးရအဖွဲ့တွင် ရခိုင်အမျိုးသားပါတီမှ လုံးဝ ပါဝင်ခြင်း မပြုရန် ကြေညာထားသော်လည်း ဦးညီပုက ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့ရန် အခက်အခဲမရှိ ဖွဲ့စည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
သတင်း။ RiA
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~