ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔ ၀န္ႀကီးဌာနမ်ား ေလွ်ာ့ခ် ဖြဲ႔စည္းမည္ ဟု ဦးညီပု ေျပာၾကား

ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔ ၀န္ႀကီးဌာနမ်ား ေလွ်ာ့ခ် ဖြဲ႔စည္းမည္ ဟု ဦးညီပု ေျပာၾကား
မတ် 29, 2016
By Tachileik News Agency

စစ္ေတြ၊ မတ္ ၂၉ ရက္ ။   ။ ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔ကုိ အသစ္ ျပန္လည္ ဖြဲ႔စည္းရာတြင္ ၀န္ႀကီးဌာနမ်ားကုိ ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း မတ္လ (၂၈) ရက္ေန႔က ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ အမည္စာရင္း တင္သြင္းခံရသူ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွ ဂြၿမဳိ႕နယ္ မဲဆႏၵနယ္ အမွတ္ ၂ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးညီပုက ေျပာၾကားလုိက္သည္။

“ျပည္နယ္အဆင့္မွာ ဝန္ႀကီးဌာနေတြ ေလွ်ာ့ၿပီးေတာ့ ဖြဲ႔စည္းသြားဖုိ႔ရွိပါတယ္။ လက္ရွိအေနအထားထက္ ဌာနဘယ္ေလာက္ ေလွ်ာ့ခ်မယ္။ ဘယ္ေလာက္ထားမယ္။ ဘယ္ဌာနေတြကို အသစ္ဖြဲ႔သြားမယ္ ဆိုတာကိုေတာ့ တိတိက်က် မေျပာႏုိင္ေသးပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္တို႔၊ ဗဟိုအလုပ္အမႈေဆာင္တို႔၊ သမၼတတို႔နဲ႔ ညႇိႏိႈင္းၿပီးေတာ့ လုပ္သြားဖို႔ရွိပါတယ္။ ျပည္ေထာင္စုမွာလည္း ဝန္ႀကီးဌာနေတြ ေလွ်ာ့ပစ္လိုက္တာေတြ ရွိပါတယ္။ ျပည္နယ္မွာလည္း ေလွ်ာ့ဖို႔ အေနအထားရွိပါတယ္။ တိုင္းနဲ႔ ျပည္နယ္ေတြမွာလည္း အေလွ်ာ့အတင္း လုပ္သြားဖို႔ရွိပါတယ္” သူ ဦးညီပုက ေျပာသည္။

၂၀၁၀ အစုိးရလက္ထက္ ရခုိင္ျပည္နယ္အစိုးရအဖြဲ႔တြင္ ဝန္ႀကီးဌာန(၉)ခု ရွိခဲ့ၿပီး မည္သည့္ ၀န္ႀကီးဌာနမ်ားကုိ ေလွ်ာ့ခ်မည္ကုိ မသိရွိရေသးသျဖင့္ လက္ရွိ ၀န္ႀကီးဌာနမ်ားတြင္ အလုပ္ လုပ္ကုိင္ေနၾကေသာ ၀န္ထမ္းမ်ား အေနျဖင့္ အလုပ္လက္မဲ့ ျဖစ္မည္ကုိ စုိးရိမ္မႈမ်ား ရွိေနျခင္းျဖစ္သည္။

“ဘယ္ဌာနေတြကုိ ေလွ်ာ့မွာလဲ။ အစုိးရ အဆက္ဆက္ တကယ္လုိအပ္လုိ႔ ဖြဲ႔စည္းခဲ့တဲ့ ဌာနေတြပဲ ရွိပါတယ္။ ခုဟာက မလုိအပ္ေတာ့ဘူးဆုိရင္ ဘယ္လုိ ဆက္လက္ လည္ပတ္မွာလဲ။ အေလွ်ာ့ခံရတဲ့ ဖ်က္သိမ္းခံရတဲ့ ဌာနက ၀န္ထမ္းေတြကေရာ ဘယ္လုိ ေရွ႕ဆက္သြားမွာလဲ”ဟု အမည္မေဖာ္လုိသည့္ ျပည္ထဲေရး၀န္ႀကီးဌာနမွ အရာရွိ၀န္ထမ္း တစ္ဦးက ေျပာသည္။

ရခုိင္အမ်ဳိးသားပါတီမွ ကုိယ္စားလွယ္မ်ားကုိ ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔တြင္ ခန္႔အပ္ရန္ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ညႇိႏႈိင္းေဆာင္ရြက္မႈ တစုံတရာ မရွိေသးသျဖင့္ ၀န္ႀကီးေနရာမ်ား ေပးအပ္လာမည္ ဆုိပါကလည္း လက္ခံသြားရန္ အစီအစဥ္မရွိေၾကာင္း ရခုိင္အမ်ဳိးသားပါတီက ေၾကညာထားသည္။

“ပါတီကုိယ္စားလွယ္ေတြ အေနနဲ႔ ဗဟုိဌာနခ်ဴပ္ရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ၀န္ႀကီးေနရာ လက္ခံမယ္ဆုိရင္ ပါတီက ထုတ္ပယ္သြားမွာ ျဖစ္သလုိ၊ ဒဏ္ေငြ က်ပ္သိန္း ၅၀၀ ထိ ေပးေလ်ာ္ရပါမယ္။ ဒါအျပင့္ ရႈတ္ခ်ေၾကာင္းလည္း က်ေနာ္တုိ႔ ေၾကညာခ်က္ ထုတ္မွာ ျဖစ္ပါတယ္။ ANP ရဲ႕ ကုိယ္စားလွယ္ ဘယ္သူကုိမဆုိ က်ဳးလြန္ရင္ အေရးယူမွာပါ။” ဟု ရခုိင္အမ်ဳိးသားပါတီ၏ ေျပာေရးဆုိခြင့္ရွိသူ ဦးခုိင္ျပည္စုိးက ေျပာသည္။

ရခုိင္အမ်ဳိးသားပါတီ၏ အဆိုပါ စည္းကမ္းထုတ္ျပန္ခ်က္ကုိ မတ္လ ၂၇ ရက္ေန႔တြင္ ျပဳလုပ္ခဲ့ေသာ ANP ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ ပါတီ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔တုိ႔ အစည္းအေ၀းတြင္ အျပန္အလွန္ သေဘာတူ လက္မွတ္ေရးထုိးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ RiA

**************

စစ်တွေ၊ မတ် ၂၉ ရက်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အသစ် ပြန်လည် ဖွဲ့စည်းရာတွင် ဝန်ကြီးဌာနများကို လျှော့ချသွားမည်ဖြစ်ကြောင်း မတ်လ (၂၈) ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ပြောကြားလိုက်သည်။

“ပြည်နယ်အဆင့်မှာ ဝန်ကြီးဌာနတွေ လျှော့ပြီးတော့ ဖွဲ့စည်းသွားဖို့ရှိပါတယ်။ လက်ရှိအနေအထားထက် ဌာနဘယ်လောက် လျှော့ချမယ်။ ဘယ်လောက်ထားမယ်။ ဘယ်ဌာနတွေကို အသစ်ဖွဲ့သွားမယ် ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဗဟိုအလုပ်အမှုဆောင်တို့၊ သမ္မတတို့နဲ့ ညှိနှိုင်းပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ ပြည်ထောင်စုမှာလည်း ဝန်ကြီးဌာနတွေ လျှော့ပစ်လိုက်တာတွေ ရှိပါတယ်။ ပြည်နယ်မှာလည်း လျှော့ဖို့ အနေအထားရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း အလျှော့အတင်း လုပ်သွားဖို့ရှိပါတယ်” သူ ဦးညီပုက ပြောသည်။

၂၀၁၀ အစိုးရလက်ထက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန(၉)ခု ရှိခဲ့ပြီး မည်သည့် ဝန်ကြီးဌာနများကို လျှော့ချမည်ကို မသိရှိရသေးသဖြင့် လက်ရှိ ဝန်ကြီးဌာနများတွင် အလုပ် လုပ်ကိုင်နကြေသော ဝန်ထမ်းများ အနဖြေင့် အလုပ်လက်မဲ့ ဖြစ်မည်ကို စိုးရိမ်မှုများ ရှိနခြေင်းဖြစ်သည်။

“ဘယ်ဌာနတွေကို လျှော့မှာလဲ။ အစိုးရ အဆက်ဆက် တကယ်လိုအပ်လို့ ဖွဲ့စည်းခဲ့တဲ့ ဌာနတွေပဲ ရှိပါတယ်။ ခုဟာက မလိုအပ်တော့ဘူးဆိုရင် ဘယ်လို ဆက်လက် လည်ပတ်မှာလဲ။ အလျှော့ခံရတဲ့ ဖျက်သိမ်းခံရတဲ့ ဌာနက ဝန်ထမ်းတွေကရော ဘယ်လို ရှေ့ဆက်သွားမှာလဲ”ဟု အမည်မဖော်လိုသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိဝန်ထမ်း တစ်ဦးက ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ခန့်အပ်ရန် သတင်းများ ထွက်ပေါ်နေသော်လည်း ညှိနှိုင်းဆောင်ရွက်မှု တစုံတရာ မရှိသေးသဖြင့် ဝန်ကြီးနေရာများ ပေးအပ်လာမည် ဆိုပါကလည်း လက်ခံသွားရန် အစီအစဉ်မရှိကြောင်း ရခိုင်အမျိုးသားပါတီက ကြေညာထားသည်။

“ပါတီကိုယ်စားလှယ်တွေ အနေနဲ့ ဗဟိုဌာနချူပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝန်ကြီးနေရာ လက်ခံမယ်ဆိုရင် ပါတီက ထုတ်ပယ်သွားမှာ ဖြစ်သလို၊ ဒဏ်ငွေ ကျပ်သိန်း ၅၀၀ ထိ ပေးလျော်ရပါမယ်။ ဒါအပြင့် ရှုတ်ချကြောင်းလည်း ကျနော်တို့ ကြေညာချက် ထုတ်မှာ ဖြစ်ပါတယ်။ ANP ရဲ့ ကိုယ်စားလှယ် ဘယ်သူကိုမဆို ကျုးလွန်ရင် အရေးယူမှာပါ။” ဟု ရခိုင်အမျိုးသားပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ အဆိုပါ စည်းကမ်းထုတ်ပြန်ချက်ကို မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ANP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ အစည်းအေဝးတွင် အပြန်အလှန် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း။ RiA

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~