အိမ္ၿခံေျမေစ်းကြက္ အေျခအေနေကာင္းရန္ အစိုးရသစ္လက္ထက္တြင္ စီမံခ်က္မ်ားအား ျပန္လည္ စိစစ္ရန္လို

အိမ္ၿခံေျမေစ်းကြက္ အေျခအေနေကာင္းရန္ အစိုးရသစ္လက္ထက္တြင္ စီမံခ်က္မ်ားအား ျပန္လည္ စိစစ္ရန္လို
မတ် 21, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၁) ရက္ ။   ။ အစိုးရသစ္လက္ထက္တြင္ တာခ်ီလိတ္ၿမိဳ႕ကြက္သစ္ခ်ထားေပးေသာ စီမံခ်က္မ်ားအား မူ၀ါဒဆိုင္ရာ အေကာင္ အထည္ေဖာ္မႈတြင္ ၾကန္႔ၾကာမႈမ်ား မျဖစ္ေပၚေစရန္ စိစစ္ေဆာင္ရြက္ေပးပါက အိမ္ၿခံေျမေစ်းကြက္ အေျခအေနေကာင္းမည္ဟု အိမ္ျခံေျမ၀န္ေဆာင္မႈ လုပ္ကိုင္သူမ်ားက သံုးသပ္လိုက္သည္။

"အိမ္၊ ျခံ၊ ေျမ စီမံခ်က္ေတြကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ေႏွာင့္ေႏွးၾကန္႔ၾကာတာေတြရွိေနရင္ ေစ်းကြက္တိုးတက္လာမွာမဟုတ္ဘူး။ ေစ်းကြက္ေကာင္းေစခ်င္ရင္ ကနဦးရင္းႏွီးျမွဳပ္ႏွံသူေတြ ၿပီးျပတ္ေအာင္ အေကာင္အထည္ေဖာ္မွရမယ္။ ဒီေနာက္မွာမွ ေျမစာရင္းဦးစီးဌာနက စာရင္းအင္းျပဳစုတာ၊ အကြက္ေဖာ္တာ၊ တိုင္းတာေတြလုပ္ႏိုင္မယ္။ တစ္ခုခုမွာ ၾကန္႔ၾကာေနရင္ ေစ်းကြက္က ဆက္က်ေနဦးမွာပဲ။ ဒါကို လာမယ့္အစိုးရက ေစတနာပါပါနဲ႔ စီစဥ္ႀကီးၾကပ္ေပးမွ ေစ်းကြက္ေကာင္းလာမွာ"ဟု ျမန္မာႏိုင္ငံ အိမ္၊ ျခံ၊ ေျမ ၀န္ေဆာင္မႈအသင္း(တာခ်ီလိတ္)မွ ေကာ္မတီ၀င္ ဦး၀င္းေက်ာ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ကြက္သစ္ေဖာ္ေဆာင္မႈတြင္ (စ)၊ (ဆ)၊ (ဇ)၊ (စ်)ႏွင့္ စက္မႈဇုန္ဟူ၍ အပိုင္း(၅)ပိုင္းျဖင့္ ေဖာ္ေဆာင္လွ်က္ရွိၿပီး စီမံကိန္းမ်ားတြင္ တစ္ႏွစ္ခ်င္းစီအလိုက္ ၿပီးစီးႏွိဳင္မႈအား အေသးစိပ္စိစစ္၍ လုပ္ေဆာင္သြားမွသာလွ်င္ ေစ်းကြက္ပိုမိုေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ယခု ၿမိဳ႕ကြက္သစ္ေဖာ္ေဆာင္မႈတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန္႔မႈမ်ားျဖစ္ေပၚလွ်က္ရွိရာ ၀န္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သူမ်ားမွာ ႀကိဳပြိဳင့္စနစ္ေလာက္ျဖင့္သာ ေရာင္းခ်မႈျပဳေနရသျဖင့္ ေစ်းကြက္ဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွာင့္ေႏွးေနျခင္းျဖစ္ေၾကာင္း ၎မွေျပာသည္။

"ၿမိဳ႕ကြက္သစ္ေဖာ္ေဆာင္တဲ့ေနရာမွာ ျမန္ျမန္ဆန္ဆန္ေဖာ္ေဆာင္ေပးၿပီး တကယ္လိုအပ္တဲ့သူေတြကို ေရာင္းခ်ႏိုင္ေအာင္ လုပ္ေဆာင္ေပးမယ္ဆိုရင္ ေစ်းကြက္ကတိုးတက္လာမွာပါ၊ အစိုးရသစ္လက္ထက္မွာ ဖြံ႕ၿဖိဳးလာမယ္လို႔ေတာ့ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ကတိေတြေပးထားတာရွိတယ္ေလ"ဟု အိမ္၊ ျခံ၊ ေျမ၀န္ေဆာင္မႈ လုပ္ကိုင္ေနသူ ကိုဆန္း၀င္းက ေျပာသည္။

အိမ္၊ ျခံ၊ ေျမ ေစ်းကြက္အတြင္း ေငြေၾကးရင္းႏွီးလုပ္ကိုင္ေနသူမ်ားတြင္ ေငြေၾကးျပည့္စံုတဲ့သူႏွင့္ လူလတ္တန္းစားရင္းႏွီးျမႇဳပ္ႏွံသူ ႏွစ္မ်ိဳးရွိသည့္အနက္ လူလတ္တန္းစားမ်ားသည္ အခ်ိန္ကာလ ၾကာျမင့္စြာ ရင္းႏွီးျမွဳပ္ႏွံမႈမျပဳႏိုင္သျဖင့္ မိမိကိုင္ေဆာင္ထားေသာ ေျမကြက္မ်ားအား ေစ်းကြက္ေပါက္ေစ်းထက္ ေလွ်ာ့၍ ေငြေၾကးျပည့္စံုသူမ်ားထံ ျပန္လည္ေရာင္းခ်ရသျဖင့္ ေစ်းကြက္မွာ လူတန္းစားတစ္ခုတြင္သာ ဆုပ္ကိုင္ထားႏိုင္ျပီး ေစ်းကြက္ဖြံ႕ၿဖိဳးမႈေနာက္က်ျခင္းျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ မျဖစ္ေပၚရန္ အစိုးရသစ္လက္ထက္တြင္ ၿမိဳ႕ကြက္သစ္ေဖာ္ေဆာင္မႈမ်ားအား လွ်င္ျမန္စြာ အေကာင္အထည္ ေဖာ္ႏိုင္ေအာင္ ႀကီးၾကပ္ေပးမွသာ ေစ်းကြက္ဦးေမာ့လာႏိုင္မည္ျဖစ္ေၾကာင္း ၎မွ ေျပာသည္။

သတင္း။  ။ ကိုဇက္
**************

( unicode )

တာချီလိတ်၊ မတ်လ (၂၁) ရက်။ အစိုးရသစ်လက်ထက်တွင် တာချီလိတ်မြို့ကွက်သစ်ချထားပေးသော စီမံချက်များအား မူဝါဒဆိုင်ရာ အကောင် အထည်ဖော်မှုတွင် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် စိစစ်ဆောင်ရွက်ပေးပါက အိမ်ခြံမြေဈေးကွက် အခြေအနေကောင်းမည်ဟု အိမ်ခြံမြေဝန်ဆောင်မှု လုပ်ကိုင်သူများက သုံးသပ်လိုက်သည်။

"အိမ်၊ ခြံ၊ မြေ စီမံချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာတာတွေရှိနေရင် ဈေးကွက်တိုးတက်လာမှာမဟုတ်ဘူး။ ဈေးကွက်ကောင်းစေချင်ရင် ကနဦးရင်းနှီးမြှုပ်နှံသူတွေ ပြီးပြတ်အောင် အကောင်အထည်ဖော်မှရမယ်။ ဒီနောက်မှာမှ မြေစာရင်းဦးစီးဌာနက စာရင်းအင်းပြုစုတာ၊ အကွက်ဖော်တာ၊ တိုင်းတာတွေလုပ်နိုင်မယ်။ တစ်ခုခုမှာ ကြန့်ကြာနေရင် ဈေးကွက်က ဆက်ကျနေဦးမှာပဲ။ ဒါကို လာမယ့်အစိုးရက စေတနာပါပါနဲ့ စီစဉ်ကြီးကြပ်ပေးမှ ဈေးကွက်ကောင်းလာမှာ"ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း(တာချီလိတ်)မှ ကော်မတီဝင် ဦးဝင်းကျော်က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း မြို့ကွက်သစ်ဖော်ဆောင်မှုတွင် (စ)၊ (ဆ)၊ (ဇ)၊ (ဈ)နှင့် စက်မှုဇုန်ဟူ၍ အပိုင်း(၅)ပိုင်းဖြင့် ဖော်ဆောင်လျှက်ရှိပြီး စီမံကိန်းများတွင် တစ်နှစ်ချင်းစီအလိုက် ပြီးစီးနှိုင်မှုအား အသေးစိပ်စိစစ်၍ လုပ်ဆောင်သွားမှသာလျှင် ဈေးကွက်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ယခု မြို့ကွက်သစ်ဖော်ဆောင်မှုတွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်မှုများဖြစ်ပေါ်လျှက်ရှိရာ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများမှာ ကြိုပွိုင့်စနစ်လောက်ဖြင့်သာ ရောင်းချမှုပြုနေရသဖြင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနခြေင်းဖြစ်ကြောင်း၎င်းမှပြောသည်။

"မြို့ကွက်သစ်ဖော်ဆောင်တဲ့နေရာမှာ မြန်မြန်ဆန်ဆန်ဖော်ဆောင်ပေးပြီး တကယ်လိုအပ်တဲ့သူတွေကို ရောင်းချနိုင်အောင် လုပ်ဆောင်ပေးမယ်ဆိုရင် ဈေးကွက်ကတိုးတက်လာမှာပါ၊ အစိုးရသစ်လက်ထက်မှာ ဖွံ့ဖြိုးလာမယ်လို့တော့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကတိတွေပေးထားတာရှိတယ်လေ"ဟု အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု လုပ်ကိုင်နေသူ ကိုဆန်းဝင်းက ပြောသည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း ငွေကြေးရင်းနှီးလုပ်ကိုင်နေသူများတွင် ငွေကြေးပြည့်စုံတဲ့သူနှင့် လူလတ်တန်းစားရင်းနှီးမြှုပ်နှံသူ နှစ်မျိုးရှိသည့်အနက် လူလတ်တန်းစားများသည် အချိန်ကာလ ကြာမြင့်စွာ ရင်းနှီးမြှုပ်နှံမှုမပြုနိုင်သဖြင့် မိမိကိုင်ဆောင်ထားသော မြေကွက်များအား ဈေးကွက်ပေါက်ဈေးထက် လျှော့၍ ငွေကြေးပြည့်စုံသူများထံ ပြန်လည်ရောင်းချရသဖြင့် ဈေးကွက်မှာ လူတန်းစားတစ်ခုတွင်သာ ဆုပ်ကိုင်ထားနိုင်ပြီး ဈေးကွက်ဖွံ့ဖြိုးမှုနောက်ကျခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မဖြစ်ပေါ်ရန် အစိုးရသစ်လက်ထက်တွင် မြို့ကွက်သစ်ဖော်ဆောင်မှုများအား လျှင်မြန်စွာ အကောင်အထည် ဖော်နိုင်အောင် ကြီးကြပ်ပေးမှသာ ဈေးကွက်ဦးမော့လာနိုင်မည်ဖြစ်ကြောင်း၎င်းမှ ပြောသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~