နယ္စပ္ျဖတ္ေက်ာ္ျမန္မာႏို္င္ငံသားမ်ား အခက္အခဲကို ေျဖရွင္းရန္ ႏွစ္ႏိုင္ငံနယ္ျခားေကာ္မတီတို႔ အလြတ္သေဘာေတြ႔ဆံု

နယ္စပ္ျဖတ္ေက်ာ္ျမန္မာႏို္င္ငံသားမ်ား အခက္အခဲကို ေျဖရွင္းရန္ ႏွစ္ႏိုင္ငံနယ္ျခားေကာ္မတီတို႔ အလြတ္သေဘာေတြ႔ဆံု
မတ် 29, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၉) ရက္ ။   ။ ထုိင္းႏို္င္ငံ မယ္ဆိုင္ၿမိဳ႕သို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားမ်ား ႀကံဳေတြ႔ေနရသည့္ အခက္အခဲမ်ားႏွင့္ပတ္သက္၍ ကိစၥရပ္မ်ားကို ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံနယ္ျခားေကာ္မတီ၏ အလြတ္သေဘာေတြ႕ဆံု ေဆြးေႏြးပြဲတြင္ အထူးတလည္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“နယ္ျခားေကာ္မတီ အႀကိဳေဆြးေႏြးပြဲေတြကို မၾကာခဏ က်င္းပႏိုင္မယ္ဆိုရင္ ႏွစ္ႏိုင္ငံ ျဖစ္ေပၚေနတဲ့ ျပႆနာေတြကို ခ်က္ခ်င္း ေျဖရွင္းႏိုင္မွာျဖစ္ၿပီး ေအာက္ေျခမွာတင္ ၿပီးျပတ္ေအာင္ ေဆာင္ရြက္ႏိုင္လိမ့္မယ္” ဟု တာခ်ီလိတ္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ဆိုသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားအနီးရိွ ေရႊနန္းေတာ္ကုန္တိုက္တြင္ မတ္လ(၂၉)ရက္ေန႔က ေန႔လယ္ပိုင္းက အဆိုပါ ေတြ႕ဆံုမႈအား ျပဳလုပ္ျခင္းျဖစ္ၿပီး၊ ႏွစ္ႏိုင္ငံ အလြတ္သေဘာ ေတြ႕ဆံုမႈမွာ ျမန္မာႏိုင္ငံမွ ခရိုင္/ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ားႏွင့္ ထုိင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ပိုင္အပါအ၀င္ ဌာနဆိုင္ရာ အခ်ိဳ႕လည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာႏိုင္ငံသားမ်ားအား တရားမ၀င္အလုပ္လုပ္ကိုင္သူမ်ားဟု သတ္မွတ္ၿပီး လစဥ္လူဦးေရ(၁၀၀)ခန္႔ ဖမ္းဆီးၿပီး ျမန္မာႏိုင္ငံသို႔ လႊဲေျပာင္းေနလ်ွက္ရွိကာ ဖမ္းဆီးခံရသူမ်ားကိုလည္း Black List သြင္း၍  ထုိင္းႏိုင္ငံတြင္ ျပန္လည္၀င္ေရာက္ခြင့္မျပဳေတာ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံ နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ႏွင့္ မယ္ဆိုင္ၿမိဳ႕တို႔တြင္ ေန႔စဥ္ လူဦးေရ (၅)ေထာင္ခန္႔ ျဖတ္သန္းသြားလာလွ်က္ရွိၿပီး ထုိင္းႏိုင္ငံသား(၂)ေထာင္ခန္႔ တာခ်ီလိတ္ၿမိဳ႕ကို ေန႔စဥ္ လာေရာက္လည္ပတ္ေလ့ရိွေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
***************
တာချီလိတ်၊ မတ်လ (၂၉) ရက်။ ထိုင်းနို်င်ငံ မယ်ဆိုင်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ကိစ္စရပ်များကို မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်ခြားကော်မတီ၏ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲတွင် အထူးတလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“နယ်ခြားကော်မတီ အကြိုဆွေးနွေးပွဲတွေကို မကြာခဏ ကျင်းပနိုင်မယ်ဆိုရင် နှစ်နိုင်ငံ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းနိုင်မှာဖြစ်ပြီး အောက်ခြေမှာတင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်လိမ့်မယ်” ဟု တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဆိုသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်တွင် မတ်လ(၂၉)ရက်နေ့က နေ့လယ်ပိုင်းက အဆိုပါ တွေ့ဆုံမှုအား ပြုလုပ်ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံ အလွတ်သဘော တွေ့ဆုံမှုမှာ မြန်မာနိုင်ငံမှ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင်အပါအဝင် ဌာနဆိုင်ရာ အချို့လည်း တက်ရောက်ကြကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသားများအား တရားမဝင်အလုပ်လုပ်ကိုင်သူများဟု သတ်မှတ်ပြီး လစဉ်လူဦးရေ(၁၀၀)ခန့် ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းနေလျှက်ရှိကာ ဖမ်းဆီးခံရသူများကိုလည်း Black List သွင်း၍ ထိုင်းနိုင်ငံတွင် ပြန်လည်ဝင်ရောက်ခွင့်မပြုတော့ကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် နေ့စဉ် လူဦးရေ (၅)ထောင်ခန့် ဖြတ်သန်းသွားလာလျှက်ရှိပြီး ထိုင်းနိုင်ငံသား(၂)ထောင်ခန့် တာချီလိတ်မြို့ကို နေ့စဉ် လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~